ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
ဒီတစ်ခါကတော့ Anihuber တွေသိပ်မသိလောက်မယ့် Anime Fact 14ခုကိုပြောပြပေးလိုက်ပါတယ်နော်.
အပတ်စဥ်အခုလို anime ဆိုင်ရာ facts လေးတွေနဲ့ review လေးတွေလာဦးမှာမလို့ Page လေးကို Like လုပ်ပေးသွားကြဦးနော်....
#anihub
#admin_hidan
တနေ့ကို ၂၄ သိန်းဖိုး အကြော်ရောင်းရတဲ့ ဝိုင်းခြုံမ ဆောင်ရမယ့် အခွန်ပမာဏ (အွန်လိုင်းပေါ်မှာ အာချောင်မိလို့ အခွန်ဆောင်ရတော့မယ့်အဖြစ်)
အကြော် တခု ၄၀၀၊ တနေ့ အခုရေ ၆၀၀၀ ရောင်းရတယ်ဆိုတော့ တနေ့ ၂၄၀၀၀၀၀ ရောင်းကြေးအတွက် အမြတ်ခွန်က စားသုံးခွန် အခွန်တံဆိပ်ခေါင်းကပ် စည်းကြပ်လိုက်ရင် ၅ ရာခိုင်နှုန်း၊ နေ့စဉ်ကပ်ရမယ့် အခွန်တံဆိပ်ခေါင်းဖိုးက တနေ့ကို ၁ သိန်း ၂ သောင်းဖိုး၊ တလ ၃၆ သိန်းဖိုး တနှစ်ဆို ၄၃၂ သိန်း တံဆိပ်ခေါင်းကပ်ရမယ်။ နှစ်စဉ်အမြတ်တော်ခွန် ကုန်သွယ်ခွန်က ၂၅ ရာခိုင်နှုန်း သီးသန့်မလို့ ၆၄၈ သိန်း စုစုပေါင်း အခွန်တင် ၁၀၈၀ သိန်းကျသွားပါပြီ။ (KoKo Nanda X)
#ဝိုင်းခြုံမ
#အကြော် See less
#crd
DKBA ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၄
ဒီမိုကရေစီအကျိုးပြုကရင်တပ်(DKBA) ထိပ်ပိုင်းအရာရှိခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်) မှ သတင်းထုတ်ပြန်ထားသည်။
DKBA ၏ (၃/၂၀၂၄) ဗဟိုအလုပ်မှုဆောင်ကော်မတီ(CEC) အစည်းအဝေးအပြီးတွင် ထိပ်ပိုင်းအရာရှိ ခေါင်းဆောင်တချို့ကို ရာထူးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်အား စစ်ဦးစီးအရာရှိချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ပြီး၊ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝအား ဒုစစ်ဦးစီးချုပ် ရာထူးကို တိုးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယခင် ဒုစစ်ဦးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး စောတာခူးကို ဗဟိုအကြံပေးအဖွဲ့(နာယက)အဖြစ် တာဝန်အသီးသီး တိုးမြင့်ပေးအပ်ခဲ့ကြောင်း DKBA ဗဟိုစစ်ဌာနချုပ်(ဆုံဆည်းမြိုင်)မှ ထုတ်ပြန်ထားသည်။
#သတင်းဟင်းလေးအိုးကြီး
ဖိုက်တာ မျက်နှာကြောနဲ့ သမီးလေးကို ကြောက်နေရပြီဆိုတဲ့ အိမ့်ချစ်ချော 🥰🥰🥰
အိမ့်ချစ်ချောက သမီးလေးရဲ့ မျက်နှာပေးကို ကြည့်ပြီး ကြောက်နေရတယ်ဆိုတဲ့အကြောင်း ပြောပြလာတာပါ။ အသက်က ၂ လသာရှိသေးတဲ့ သမီးလေးအရာရာက ဖေဖေနဲ့တူတဲ့ မျက်နှာကြောလေးကို ပိုင်ဆိုင်ထားတာပါ။ ဒီမျက်နှာကြောလေးကိုကြောက်လို့ မေမေက နို့တိုက်ရမှာတောင် ကြောက်နေတယ်လို့ မေမေက နောက်လိုက်သေးတာပါ။
#crd
ယခုနှစ် နွေစပါးစိုက်ဧက ပြီးခဲ့သည့်နှစ်ထက် ပိုများ
ဒီဇင်ဘာ ၄
ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီတွင် ရာဂီမုန်တိုင်းကြောင့် စပါးပင်များ ရေမြုပ်ပြီး အထွက်နှုန်း လျော့ကျခဲ့သည့် အတွက် နွေစပါးတွင် စိုက်ပျိုးမှုဧက ပိုများနေကြောင်း တောင်သူများထံမှ သိရသည်။
လာမည့် နွေစပါးစိုက်ရာသီတွင် ဧက ၃ သန်း စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုံမှန်နှစ်များတွင် နွေစပါးစိုက်ဧက ၁၇ သိန်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် စိုက်ဧက သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း၊ မိုးစပါးတွင် ရေမြုပ်သွားသည့် လယ်များအပြင် လက်ရှိ စပါးဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ယခင်နှစ်က နွေစပါးမစိုက်ကြသည့် လယ်များသည်လည်း နွေစပါးကို တိုးချဲ့စိုက်ပျိုး လာကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ (ဟောင်း) ဦးသိန်းအောင်က ပြောသည်။
“မိုးတွင်းက မြုပ်သွားတဲ့ လယ်တွေထဲမှာ အနိမ့်ပိုင်းကျတဲ့လယ်တွေ၊ ရေနဲ့နီးတဲ့ လယ်တွေကျတော့ စပါးပဲ ပြန်စိုက်တယ်။ နောက်ပြီးတော့ အရင်နှစ်တွေက မလုပ်ဖြစ်တဲ့မြေတွေ ကျယ်ပြီးတော့ မြေလွတ်မြေရိုင်းများတဲ့ ဒေသတွေမှာလည်း ဒီနှစ် နွေစပါးတွေ ထပ်ပြီးတော့ စိုက်လာကြတယ်။ ဆိုတော့ နွေစပါးစိုက်ဧက များပါတယ်။ ခါတိုင်းနှစ်ထက် ပိုများပါတယ်။ နောက်ပြီးတော့ လက်ရှိ အခု ဒီအချိန်မှာ စပါးဈေးက အောက်တန်းစပါးတောင် သိန်း ၂၀ လေ။ စပါးဈေးလေး သင့်တာရယ်၊ နောက်ပြီးတော့ မိုးတွင်းက ရေမြုပ်သွားတဲ့ လယ်ကွင်းတွေမှာက ပဲပြန်လုပ်လိုက်ပြန်တော့လည်း ပဲက မိုးရွာတော့ ရေတက်တယ်လေ။ တချို့ ပဲပျက်သွားတဲ့ အနိမ့်ကွင်းတွေလည်း စပါးပြန်စိုက်ကြတယ်။ ခါတိုင်းက ၁၇ သိန်းလောက် စိုက်တယ်။ ဒီနှစ် ၁၇ သိန်းအစား သိန်း ၂၀ လောက်တောင် ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ် နွေစပါးစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၄၅ သန်း ရှိခဲ့ပြီး နှစ်စဉ် စိုက်ဧက တိုးတက်လာခဲ့ရာ လက်ရှိ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဧက ၃ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
သို့သော်လည်း လက်ရှိတွင် နွေစပါးစိုက်ပျိုးရာ၌ အလုပ်သမားစရိတ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် ဈေးနှုန်းများသည် ယခင်နှစ်ထက် မြင့်တက်နေခြင်းကြောင့် နွေစပါးစိုက်ပျိုးစရိတ်သည် တစ်ဧကလျှင် ၃ သိန်း အထိ တိုးလာသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးဝင်းက ပြောသည်။
“နွေစပါးစိုက်ဧကက ခါတိုင်းတုန်းက နေ့စားခက ၁ သောင်းပဲ ရှိတယ်လေ။ ဒီနှစ်က နေ့စားခ အနည်းဆုံး ၁ သောင်းခွဲလောက် ရှိတယ်။ ဟိုနှစ်တုန်းက ဒီဇယ်က တစ်ပေပါကို ၅ သိန်း၊ ၆ သိန်းပဲ ရှိတယ်လေ။ ဒီနှစ်က ပရီမီယမ်ဆိုရင် ၈ သိန်းဝန်းကျင်လောက် ရှိတယ်လေ ဒီဇယ်ဈေးကလေ။ မနှစ်ကတုန်းက ယူရီးယား မြေဩဇာ ဈေးက ၇ သောင်းခွဲ၊ ၈ သောင်းလောက်ပဲ ရှိတယ်။ ဒီနှစ်က သိန်းကျော်တယ်လေ၊ ၁ သိန်း ၂ သောင်းလောက် ရှိတယ်။ အဲဒီတော့ ကုန်ကျစရိတ်ကတော့ မနှစ်ကနဲ့စာရင် ၁ ဧကပေါ်မှာ ၃ သိန်းလောက် ပိုများဖွယ်ရှိတယ်” ဟု ပြောသည်။
နွေစပါးကို ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး နှစ်စဉ် စိုက်ဧက ၁ ဒသမ ၇ သန်း၊ ရန်ကုန်တိုင်းတွင် စိုက်ဧက ၂ သိန်းခွဲ၊ မန္တလေးတိုင်းဒေသကြီးတွင် စိုက်ဧက ၅ သောင်းနှင့် မွန်ပြည်နယ်တွင် စိုက်ဧက ၄ သောင်းကျော်ရှိပြီး တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
ပုံ - စပါးစိုက်တောင်သူ အမျိုးသမီးများကို တွေ့ရစဉ်
#centralnewsnaypyitaw