Squid Game Season 2 ဇာတ်ကားမထွက်ခင်တည်းက Golden Globes ရဲ့ အကောင်းဆုံး ရုပ်သံဒရာမာ စာရင်းမှာ ဆန်ခါတင်ထဲ ပါဝင်နေ

ဒီဇင်ဘာ ၁၃

Netflix ရဲ့ Squid Game ဇာတ်လမ်း Season 2 ဟာ ဇာတ်ကား မထွက်ခင်တည်းက ၂၀၂၅ ခုနှစ်ရဲ့ Golden Globes ဆန်ခါတင်စာရင်းမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ "Squid Game" ဟာ လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ ကျင်းပမယ့် (၈၂)ကြိမ်မြောက် Golden Globes မှာ အကောင်းဆုံးရုပ်သံဒရာမာအတွက် တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်) မှာ ဆန်ခါတင်စာရင်းထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အခြား ဆန်ခါတင်စာရင်းထဲ ပါဝင်လာတဲ့ ဇာတ်ကားတွေကတော့ "Peacock's The Day of the Jackal" ၊ "Netflix's The Diplomat" ၊ "Prime Video's Mr and Mrs Smith" "FX/Hulu's Shogun" နဲ့ "Apple TV+'s Slow Horses" တို့လည်း ပါဝင်လာတာ တွေ့ရပါတယ်။

Squid Game Season 2 ဟာ လာမယ့် ဒီဇင်ဘာ ၂၆ ရက်မှာမှ Netflix မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်သူတွေကတော့ Squid Game Season 2 ကို ကြည့်ပြီးကြပြီလို့ ယူဆရပါတယ်။

Squid Game Season 1 ဟာလည်း ၂၀၂၁ ခုနှစ် Golden Globe Awards မှာ အကောင်းဆုံး ရုပ်မြင်သံကြားဇာတ်လမ်းဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ဖူးပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

အလုံမြို့တွင် လမ်းဖြတ်ကူးသည့် မိန်းကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီဘဏ်ရှေ့တွင် လမ်းဖြတ်ကူးသည့် မိန်းကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက် ည ၁၀နာရီခန့်တွင် “ဦးလေးကြီးထမင်းဆိုင်” မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် မိန်းကလေးငယ်မှာ မုန့်ထွက်ဝယ်စားပြီးနောက် ထိုထမင်းဆိုင်သို့ ပြန်လာစဉ် လမ်းဖြတ်ကူးရာမှ ယာဉ်တိုက် ခံရသောကြောင့် ထိုမိန်းကလေးငယ်ကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ အလုံမြို့နယ်ကြက်ခြေနီအသင်းမှ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။

“နှစ်ယောက်မုန့်ထွက်ဝယ်တာဖြစ်မယ် ။ တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ တစ်ယောက်ကတော့ ယာဉ်တိုက်ခံရပြီး ဆုံးသွားတယ်။ ကားခေါင်းကမှန်နဲ့ ကောင်မလေးဦးခေါင်းတိုက်မိပြီး မြေပြင်ကိုကျသွားတာ။ သွေးတွေက အရမ်းထွက်နေတာ။ အဲ့နေရာနဲ့ ဆေးရုံနဲ့က နီးတော့ဆေးရုံကိုမြန်မြန်ပို့တာ။ အဲ့မှာဆေးရုံကိုပို့ရင်း လမ်းမှာဆုံးသွားတယ်။ တိုက်တဲ့သူကတော့ အစစအရာရာလုပ်ပေးတယ်။ သူကိုတော့အလုံမြို့မရဲစခန်းမှာ စစ်ဆေးထားတယ်” လို့ အလုံမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ အသက်(၁၈) နှစ်ခန့်အရွယ် မပြည့်ပြည့်ဖြစ်ကြောင်း၊ ၎င်းမှာ မော်လမြိုင် ကျွန်းမြို့၊ ခလောက်ပုံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ရုပ်အလောင်းကို ယနေ့ဒီဇင်ဘာလ ၁၃ ရက်နံန က်ခင်းအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ကြီးလေးကြီးလူမှု ကူညီရေးအသင်းမှ ထိုကျေးရွာရှိ သုဿာန်သို့ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image

ဗန်းမော်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေ

ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေး တိမ်းရှောင်သူတွေနဲ့ မြို့ထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ အဲဒီဒေသခံတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

“ဗန်းမော်က ပြည်သူအများစုကတော့ စစ်ရှောင်နေကြပေမယ့် ကျန်တဲ့သူကတော့ ကျန်နေသေးတယ်။ စစ်ရှောင်က သောင်းဂဏန်းလောက်၊ မြို့ထဲ ကျန်တဲ့သူက ထောင်ဂဏန်းလောက် ရှိမယ်။ ကျန်နေတဲ့သူတွေ ဘေးလွတ်ရာထွက်နိုင်ဖို့လည်း အကူအညီတွေ လိုသလို စစ်ရှောင်လာကြတဲ့ ပြည်သူတွေ ဘေးကင်းရာကို လုံလုံခြုံခြုံနဲ့ ရောက်ရှိနိုင်ဖို့လည်း အကူအညီတွေ အများကြီးလိုပါတယ်။ ကားအကူအညီ၊ ဆီဖိုး၊ လမ်းခရီးအတွက် လိုအပ်တဲ့စရိတ်စက၊ အဲဒါတွေ အလုံအလောက်မရှိဘဲ ကယ်ဆယ်ရေး တခေါက်ပြီးရင် နောက်တခေါက် လုပ်နိုင်ဖို့ မလွယ်ဘူး။ ပရဟိတသမားတွေ၊ အသင်းအဖွဲ့တွေလည်း အများကြီးရှိလာဖို့ လိုသလို အလှူရှင်တွေလည်း အများကြီး လိုအပ်နေပါတယ်” လို့ ဗန်းမော်စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ဗန်းမော်မြို့မှ တိမ်းရှောင်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နဲ့ ၇ ရက်တွေမှာ ရေလမ်းနဲ့ ညောင်ပင်သာလမ်းပိုင်းသာ ထွက်ပေါက်ရှိခဲ့ပြီး နောက်ရက်တွေမှာတော့ ကုန်းလမ်းပိုင်းကိုပါ အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိက စစ်ရှောင်တွေက ရတဲ့လမ်းကနေ ရသလလို၊ အဆင်ပြေသလို ထွက်နေကြတာ။ တချို့က လမ်းမှာတင် ဘယ်မှ ဆက်မသွားနိုင်ဘဲ အခက်အခဲဖြစ်နေတာတွေရှိတယ်။ တချို့ လမ်းကြောင်းတွေက အဖမ်းအဆီးတွေရှိတယ်။ အစစ်အဆေးတွေလည်း အများကြီးရှိတယ်။ ပစ်ခတ်တာတွေ ရှိတယ်။ တနေရာကနေ တနေရာရောက်ဖို့ ကားလည်းအရမ်းရှားတယ်။ တချို့က ဗန်းမော်ကနေ မန္တလေးကိုရောက်ဖို့ လမ်းမှာ သုံးညအိပ်ရတယ်။ လေးရက်လောက်ကြာမှ မန္တလေးကိုရောက်ကြတာရှိတယ်” လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။

ဒါအပြင် ဗန်းမော်မြို့ခံတွေ စစ်ဘေး တိမ်းရှောင်သွားကြချိန် မြို့အတွင်းက လူမနေတဲ့ အိမ်တွေနဲ့ ဆိုင်ခန်းတွေ ဖောက်ထွင်း ခိုးယူခံရမှုတွေလည်း ရှိနေပြီး ဆိုင်ကယ်တွေနဲ့ ရသလောက် ပေါ်ပေါ်ထင်ထင် လာရောက် သယ်ယူနေကြတယ်လို့ စစ်ရှောင်လာတဲ့ ဒေသခံတယောက်က ပြောပါတယ်။

“လူတွေ အများကြီးရောက်လာပြီး ဆိုင်တံခါးတွေဖျက်၊ အိမ်တွေဖောက်ပြီး ပေါ်ပေါ်ထင်ထင်ကို အေးအေးဆေးဆေး ယူနေကြတာ။ ပစ္စည်းတွေကို လူကိုယ်တိုင် သယ်သွားကြတာရှိသလို ဆိုင်ကယ်တွေနဲ့ ရသလောက် တင်သွားကြတာရှိတယ်။ သူခိုးဆိုလို့ ခိုးကြောင်ခိုးဝှက် တယောက်စ၊ နှစ်ယောက်စ မဟုတ်ဘူး။ လူတွေ အုပ်စုလိုက်ကြီး ရောက်လာကြပြီး ပစ္စည်းတွေ သယ်နေကြတာ” လို့ သူက ပြောပါတယ်။

ဗန်းမော်မြို့ဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ - ၂၃၆၊ ၄၇ နဲ့ အမြောက်တပ်တွေဖြစ်တဲ့ အမတ - ၃၃၆ ၊ ၃၀၄ ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်တွေအပြင် လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

စကခ -၂၁ နဲ့ ခလရ - ၂၃၆ အပါအဝင် လက်ရုံးတပ်အများစုမှာ ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့ကိုသွားတဲ့ လမ်းမပေါ်မှာရှိပြီး ခလရ - ၄၇ မှာ ဗန်းမော်မြို့တောင်ဘက် မံစီမြို့ဘက်ကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဖြစ်ပေမယ့် တမြို့လုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးဘဲ ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။

လက်ရှိမှာ မည်သည့် တပ်ရင်းတွေကို KIA က သိမ်းပိုက်ရရှိထားကြောင်း အတည်မပြုနိုင်သေးပေမယ့် နောင်ခို (စကစ - ၂၁ အနီး)၊ ခိုကျင် (နည်းပညာတက္ကသိုလ်အနီး) နဲ့ ၂ မိုင်၊ ၃ မိုင်၊ ၄ မိုင်၊ ၆ မိုင်၊ နမ့်ဖားနဲ့ မြို့ထဲရှိ ကျန်ရှိနေသေးတဲ့ နစကတပ်တွေရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် မြို့ထဲရှိနေရာတချို့မှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေကာ ရဲစခန်း၊ ထွေအုပ်ရုံး၊ “စံ” ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ FriendShip Hotel ၊ ၂ မိုင်နားရှိ နေအိမ်တချို့၊ ခွန်သာရပ်ကွက်နဲ့ အလယ်ရပ်ရှိ နေအိမ်တွေလည်း မီးလောင်နေပြီး ခလရ - ၄၇ နဲ့ မန်စီရှိ ကျန်ရှိနေသေးတဲ့ တပ်စခန်း သုံးခုမှာလည်း တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ စစ်ရှောင်လာသူတွေက ပြောပါတယ်။

ဗန်းမော်မြို့ဟာ ၂၀၂၄ သန်းခေါင်စာရင်းအရ လူဦးရေ တသိန်းတသောင်းကျော် နေထိုင်ပြီးတိုက်ပွဲတွေ မဖြစ်ပွားခင်မှာ မိုးမောက်၊ မံစီနဲ့ အောက်ချောင်းကျေးရွာ ဒေသတွေက လူဦးရေသောင်းနဲ့ချီ လာရောက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ဒဏ်ရာကြောင့် ဘတ်ပီ ၁၀ ရက်ကြာ အနားယူရဖွယ်ရှိ

CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ပေါင်ဒဏ်ရာကြောင့် ၁၀ ရက်ကြာ အနားယူရဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းက အတ္တလန်တာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၃၅ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။

ရီးရယ်လ်အသင်းဟာ ဘတ်ပီရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ပေါင်ဒဏ်ရာ ရရှိကြောင်း တွေ့ရှိခဲ့ရပြီး သူ့ရဲ့တိုးတက်မှု အခြေအနေကို စောင့်ကြည့်ရမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သတင်းတွေမှာ ဘတ်ပီဟာ ၁၀ ရက်ကြာ အနားယူရမယ်လို့ ဖော်ပြထားတာကြောင့် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်မယ့် လာလီဂါပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါအပြင် ဘတ်ပီဟာ ဖီဖာရဲ့ Intercontinental Cup ပြိုင်ပွဲကိုလည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။

ရီးရယ်လ်အသင်းဟာ Intercontinental Cup ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တစ်ပွဲတည်းကိုသာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါချူကာအသင်းနဲ့ အယ်လ်အာလီအသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဒီဇင်ဘာ ၁၈ ရက်ကျရင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ပုံမှန်ခြေစွမ်း မပြသနိုင်တာကြောင့် ဝေဖန်မှုတွေ ခံထားရပေမယ့် ပါဝင်ကစားထားတဲ့ ၂၂ ပွဲမှာ ၁၂ ဂိုး သွင်းယူထား တာပါ။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ရီးရယ်လ်အသင်း နောက်ခံလူ ကာဗာဟယ်လ်က ဘတ်ပီဟာ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောထားပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဘာစီလိုနာ အသင်းထက် ၁ ပွဲလျော့ ကစား ထားပြီး ရမှတ် ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဘတ်ပီကို တွေ့ရစဥ်

#centralnewsnaypyitaw

image
19 w - Translate

Ba Wa

image

နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံ၌ ပထမအကြိမ်ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်၊ လူနာနှင့် အလှူရှင်နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျောက်ကပ်အစားထိုးရန် လိုအပ်သော ကျောက်ကပ် ရောဂါလူနာအတွက် ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာသည် ပျဉ်းမနားမြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်ပြီး ကျောက်ကပ်ကို ၎င်း၏ ဖခင်က လှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ ယခုအခါ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဆေးရုံအထူးကြပ်မတ်ကုသဌာန၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အတွက် လူနာနှင့် ကျောက်ကပ်အလှူရှင်နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။

ထို့အတူ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြုအုပ်ကြီး)နှင့် သူနာပြုများ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ ကျွမ်းကျင်သူနာပြု ဆရာမကြီး ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

ယူကရိန်းပြီးရင် ဥရောပနိုင်ငံတွေနဲ့ ရေရှည်စစ်ပွဲဆင်နွှဲဖို့ ပူတင်ပြင်ဆင်နေကြောင်း နေတိုးအတွင်းရေးမှူးပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ယူကရိန်းကို မြေပုံပေါ်က ဖျောက်ပစ်ချင်နေသလို ဥရောပဒေသရဲ့ တခြားနယ်မြေတွေ ကိုလည်း ဆက်လက်နယ်ချဲ့တိုက်ခိုက်လာနိုင်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူး မတ်ရပ်တာက ပြောပါတယ်။

ဥရောပနိုင်ငံတွေကို ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲဖို့ တိုက်တွန်းနေစဉ်အတွင်းမှာပဲ အတွင်းရေးမှူးမတ်ရပ် တာက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

“စစ်အတွင်းကာလ တွေးခေါ်ပုံမျိုးဆီကို ပြောင်းလဲတွေးခေါ်ဖို့ အချိန်ရောက်နေပါပြီ။” လို့ ဘရပ်ဆဲလ်မြို့မှာရှိတဲ့ Carnegie Europe အကြံပေးရုံးမှာ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့ ဆန်းစစ်လေ့လာသူတွေကို ရပ်တာက ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ မြင်တွေ့ခဲ့ရသလို ရုရှားနိုင်ငံက ဥရောပဒေသမှာ “ဒရုန်းတွေ အစုလိုက်အပြုံလိုက် အုပ်ဖွဲ့ပျံသန်းတိုက် ခိုက်လာမှာကို” မျှော်မှန်းထားပြီး ဥရောပနိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း ၎င်းက ပြောပါတယ်။

“ပူတင်ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုနဲ့ ဘဝတွေကို တို်က်ခိုက်ဖျက်ဆီးဖို့ ကြိုးစားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ဂျော်ဂျီယာကို တိုက်ခိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း ယူကရိန်းတစ်နိုင်ငံလုံးကို ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒတ်ချ်ဝန်ကြီးချုပ်ဟောင်း ရပ်တာက ပြောပါတယ်။

“ကျွန်တော်တို့ အရေးပေါ်ဖုန်းတွေ ဘယ်နှကြိမ်ခေါ်ဖို့ လိုမှာလဲ။ ကျွန်တော်တို့ ဒီကိစ္စကို အလေးထား စိုးရိမ်ရမှာဖြစ်ပါတယ်။ ရုရှားဟာ ရေရှည်စစ်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ယူကရိန်းစစ်ပွဲအတွက်ရော ကျွန်တော်တို့အတွက်ရော နှစ် ခုစလုံးအတွက် ပြင်ဆင်နေတာပါ။” လို့ ၎င်းက ပြောပါတယ်။

နေတိုးအဖွဲ့အတွင်းရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး နှစ်လကျော်ကြာတဲ့အချိန်ရောက်မှ ရပ်တာက ရာထူး လက်ခံတဲ့အဖွင့်မိန့်ခွန်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရပ်တာဟာ ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် နေတိုးအဖွဲ့ရဲ့ အရေးအပါဆုံး အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံက မြို့တော်တွေကို သွားရောက်ခဲ့ပါတယ်။

နေတိုးအဖွဲ့ဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းကို အခိုင်အမာထောက်ခံတဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအများစု ဟာ ယူကရိန်းအတွက် လက်နက်ခဲယမ်းတွေနဲ့ တခြားထောက်ပံ့မှုမျိုးစုံကို ထောက်ပံ့ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲကို အမြန်အဆုံးသတ်မယ်လို့ ကတိပေးထားတဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ပြန်လည်အနိုင် ရလာတဲ့အတွက် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဖိအားပေးမှုနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

Ref: NATO chief warns that Putin wants long-term confrontation with Europe after Ukraine

#centralnewsnaypyitaw

image
Frankie shared a post  
19 w

19 w

(Sucide Gamers) လူကောင်းမဟုတ် ကောင်းအောင်နေတဲ့သူ

Phrase(A)
စိတ်အလိုလိုက်မိရင် မှားတတ်တယ်။ စိတ်သာရှင်စော ဘုရားဟောတို့ ဆိုတာ စကားတစ်ရပ်အနေနဲ့ရှိနေတာကို သိနေကြပေမယ့် တစ်ချို့သော သူတွေရဲ့ လက်တွေ့ဘဝထဲမှာတော့ ကျင့်သုံးမှု နည်းပါးလှတာကို တွေ့မြင်ရပါတယ်။
လူတစ်ယောက်ဟာ မိမိရဲ့စိတ်ကို မထိန်းသိမ်းနိုင်မှုကြောင့် အရာရာမှာ အမှားအယွင်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Phrase(
လူကဖန်တီးတဲ့ စိတ် မဟုတ်ပါဘူး။
စိတ်က ဖန်တီးထားကြတဲ့ လူတွေရယ်ပါ။
စိတ်ကြောင့် အရာရာပြောင်းလဲနိုင်တယ်ဆိုပေမယ့် အသိဉာဏ်နဲ့ယှဉ်ကာ ထိန်းချုပ်နိုင်ဖို့ တကယ့်ကို အရေးကြီးလှပါတယ်။ သေနေတဲ့ရေနဲ့ ငြိမ်နေတဲ့လေ သာရှိပေမယ့်လူ/ပုထုဇဉ်တွေ အတွက်တော့ စိတ်တည်ငြိမ်ဖို့က ခက်ခဲလှပါတယ်..
စိတ်အလိုလိုက်ရင်မှားတတ်တယ်။အမှားသိရင် အမှန်ရှိဆိုသလို
မိမိတို့အနေနဲ့ ကောင်းအောင်နေတဲ့သူ ဖြစ်အောင်ကြိုးစားကြရမှာပါ။

Phrase(C)
မိမိစိတ်ကို မိမိနိုင်စေဖို့ ကောင်းတဲ့စိတ်ဖြစ်အောင် မွေးမြူပါ။
စိတ်ကောင်းထားတယ် အကောင်းမြင်တတ်တယ်။
ကြားနေတာတွေ လွဲနေရင်တောင် အကောင်းပဲမြင်အောင်ကြားအောင် ကြိုးစားနိုင်တယ်လောကဓံရဲ့ ပြယုဒ်ကို နားလည်တယ်ဆိုတာ မိမိစိတ်ကို (handle လုပ်နိုင်တယ်) မိမိစိတ်ကိုနိုင်နေပြီဆိုတဲ့ အခြေခံသဘောတရားတစ်ခုပါပဲ။

Phrase(D)
ငါက လူကောင်းမဟုတ်ဘူး ကောင်းအောင်ကြိုးစားနေတဲ့သူ။ကောင်းအောင်ကြိုးစားကြမယ် ဆိုရင်တော့ အဓိက က အတွေးတွေကို အမြဲပြောင်းလဲနေနိုင်အောင်ကြိုးစားရမှာပါ။
တဒင်္ဂဖြစ်တဲ့ အတွေးနဲ့အတူ ဥပမာ အားဖြင့်-(ဒီအရာက ကောင်းတဲ့ အရာ ဒီအရာကတော့ မကောင်းတဲ့အရာတွေ)ဆိုတာကို သိနေ၊ဆင်ခြင်နေဖို့ လိုအပ်တာပါ။မိမိကိုယ်မိမိနဲ့ တစ်ပါးသူကို ဒုက္ခပေးနေတဲ့ အတွေးမျိုး အပြုအမူမျိုးတွေဆိုရင် တွေးမိတယ်ထားပါအုံး ရှောင်ကြဉ်နိုင်ရမှာပါ။

Phrase(E)
စိတ်ရဲ့ သခင်အဖြစ်နေပါ စိတ်ရဲ့ ကျေးကျွန်မဖြစ်ပါစေနဲ့ ။
ထကြွ၊နိုးကြား၊သနား၊သည်းခံ၊ဝေဖန်၊ထောက်ရှု ဆိုတဲ့ နာယကဂုဏ် (၆)ပါးနဲ့ အညီနေထိုင်ပါ။
စိတ်ဆိုတာ လွှင့်မြောတတ်တဲ့သဘောရှိတယ်မိမိရဲ့စိတ်ကို မိမိက ဦးဆောင်ပါ။
(Trauma)တွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ တစ်နေ့တာ ဖြတ်သန်းမှုတွေမှာ ဘာတွေလုပ်မယ်ဆိုတာတွေနဲ့ ထိန်းချုပ်ဖြတ်သန်းမှု၊ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ချစ်ခင်ရတဲ့သူတွေ၊အစိုးမရတဲ့အရာဝတ္ထုတွေအပေါ်မှီခိုနေတတ်မှုတွေ ကင်းအောင်နေသင့်ပါတယ်။

Phrase(F)
မိမိကိုယ်ကို တန်ဖိုးထားတတ် ချစ်တတ်ပါစေ။
ကိုယ့်ကိုယ်ကို Sucide လုပ်မယ်တွေးတာမျိုးဆိုတာ ထွက်ပေါက်တစ်ရပ်မဟုတ်ပါဘူး။
မိမိရဲ့ စိတ်ကို မိမိက မနိုင်လို့ ရှုံးနိမ့်သွားတာမျိုးရယ်ပါ။ စိတ်အလိုလိုက်မှုသက်သက်ကနေ ဘဝပါတိမ်းပါးသွားစေတဲ့ ကိစ္စရပ် မျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။
ဥပမာ-ဘဝဟာ game တစ်ခုဆိုပါစို့ ။စိတ်ကိုမနိုင်တဲ့သူဟာ အခုလည်းဂိမ်းရှုံး သလို
စိတ်ကြောင့် ဆုံးဖြတ်ချက်အမှားတွေချတိုင်းလဲ အလီလီရှုံးနိမ့်နေရမှာပါ။
Sucide လုပ်သွားတဲ့သူကတော့ ရှုံးလွန်းလို့ ကစားပွဲက ထွက်ခွာသွားရတဲ့ သူတွေရယ်ပေါ့။


(ငါသည် လူကောင်းမဟုတ်ပါ ကောင်းအောင်နေသောသူ)

10/Dec/2024
#myspaceadmin
#frankiestories

image
19 w - Translate

မန်ယူအသင်း ချက်ကလပ်အသင်းကို အနိုင်ရ၊ ခြေစွမ်းတိုးတက်ဟု နည်းပြပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချက်ကလပ် ဗစ်တိုရီးယားပလာဇန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက်မှာ အသင်းရဲ့စွမ်းဆောင်ရည် တိုးတက်လာတယ်လို့ နည်းပြ အာမိုရင်က သုံးသပ်ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းဟာ ဦးဆောင်ဂိုး စတင်ပေးခဲ့ရပေမဲ့ လူစားဝင်တိုက်စစ်မှူး ဟွိုက်လန်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းခဲ့တာပါ။

အသင်းရဲ့ တချို့ အစိတ်အပိုင်းတွေမှာ တိုးတက်မှုတွေရှိပြီး ဘောလုံးပေးပို့မှုတွေနဲ့ လိုက်ပါ လုယူမှုတွေမှာ အားကောင်းလာကြောင်း၊ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာတော့ လေ့ကျင့်ပြင်ဆင်ချိန် အများကြီးလုပ်ဆောင်သွားရဦးမှာဖြစ်ကြောင်း နည်းပြက ပြောပါတယ်။

မန်ယူအသင်းဟာ လက်ကျန် ၂ ပွဲအလိုမှာ အဆင့် ၆ ရောက်နေပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းလာခဲ့ ပါတယ်။
DVB
Photo: Reuters

image
19 w - Translate

၂၀၂၄ မှာ အိမ် (၃) လုံး၊ တိုက်ခန်း (၈) ခန်း၊ ကား (၄)စီး ပိုင်ခဲ့တဲ့ မနှင်း
နောက်တယ်နော်