Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ သန်း ၅၀၀ဖိုး စစ်ရေးအကူအညီများ ထပ်မံပံ့ပိုးဦးမည်
ခဲယမ်းမီးကျောက်များ၊ သံချပ်ကာယာဉ်များ၊ ဓာတ်ရောင်ခြည်သင့်မှု ဓာတုနှင့် ဇီဝလက်န-က်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ပါဝင်မည့် နောက်ထပ် ဒေါ်လာ သန်း ၅၀၀တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အစီအစဉ်ကို ပေးအပ်ဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက်က သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့သည့် လုံခြုံရေးအကူအညီ ထပ်မံတိုးမြှင့်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အမေရိကန်သည် ယူကရိန်းမိတ်ဆွေများထံ အရေးပေါ်လိုအပ်နေသော လက်နက်နှင့် ကိရိယာများ ပက်ကေ့ချ်အသစ်ကို ပေးအပ်ခြင်းဖြစ်ပြီး၊ ယင်းလက်န-က်များကို အမေရိကန် သိုလှောင်ရုံများမှ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းသိရသည်။
အန်တိုနီ ဘလင်ကင်၏ ပြောကြားချက်အရ အဆိုပါ ပက်ကေ့ချ်တွင် HIMARS ဒုံးပစ်လောင်ချာ မျိုးစုံ၊ ၁၅၅ မမ နှင့် ၁၀၅ မမ အမြောက်ကျည်များ၊ ဓာတ်ရောင်ခြည် တန်ပြန်တိုက်ခိုက်ရေး ဒုံးကျည်များ၊ မောင်းသူမဲ့ လေယာဉ်များ၊ မိုင်းဒဏ်ခံနိုင်သော ခြုံခိုတိုက်ခိုက်ရေး ယာဉ်များ၊ HMMWV ယာဉ်များ၊ ဓာတု၊ ဇီဝဗေဒ၊ ဓါတ်ရောင်ခြည် နှင့်၊ နျူကလီးယားကာကွယ်ရေးပစ္စည်းများ၊ AT-4၊ TOW နှင့် Javelin ဒုံးကျည်စနစ်များ။ ထို့အပြင် အခြားပစ္စည်းမျိုးစုံနှင့် အပိုပစ္စည်းများကို ယူကရိန်းဘက်မှ လက်ခံရရှိမည်ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသို့ လက်န-က်သစ်များ ပေးပို့ခြင်းသည် ရှေ့တန်းမှ အခြေအနေကို ပြောင်းလဲမည်မဟုတ်သော်လည်း လက်ရှိပဋိပက္ခကို ရှည်ကြာစေမည် ဖြစ်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။
အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ထိုင်းသံအမတ်ကြီး ဆက်လက်တာဝန်ယူမည်
အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးမှ ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သံ အမတ်ကြီး Maria Andrelita S. Austria ဦးဆောင်၍ ဒီဇင်ဘာ (၁၂) ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chate au Laurier Hotel ၌ ကျင်းပခဲ့သည်။
အဆိုပါ အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းလည်း တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံ အမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အပါအဝင် အာဆီယံ-ကနေဒါမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးခဲ့ပြီးနောက် ဖိလစ်ပိုင်သံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထိုင်းသံအမတ်ကြီး Kallayana Vipattipumiprates ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
၎င်းအစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း(ကနေဒါ) ဒုတိယဥက္က ဋ္ဌ Ms. Vina Nadjibulla တို့၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။