18 w - Translate

မိုင်းဖုန်းဆရာတော် ဝိဇာတမွေးနေ့ပွဲကို ၆ ရက်ကျင်းပမည်

မိုင်းဖုန်းဆရာတော်၏ သက်တော် ၆၁နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲကို ၆ ရက်ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။

ယင်း ဝိဇာတမွေးနေ့ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ ဝိဇာတမွေးနေ့ ရက်များအတွင်း အနယ်နယ်အရပ်ရပ်က မွေးနေ့ပွဲလာ ပရိတ်သတ်များအတွက် စတုဒီသာ စားသောက်စရာများကိုအလှူရှင်များက ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝိဇာတ မွေးနေ့ပွဲတော်ရက်အတွင်း နေ့စဉ်တရားဓမ္မများကို လွန်လိန်းတရားနယ်မြေရှိ တရားဟောစင်မှ ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်၌ မနက် ၁ဝ နာရီနှင့် ညနေ ၃ နာရီခွဲတရားဟောမည် ဖြစ်သလိူ ဇန်နဝါရီ၃ရက် မနက် ၁၀ နာရီ၌ နှစ်(၇၀)ပူတာအိုစေတီတော်ကို ထီးတော် တင်လှူမည် ဖြစ်ပြီး ညနေ ၃ နာရီခွဲ၌ တရားဟောမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၄ရက် မနက်၌ ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီ၌ တရားဟောမည် ဖြစ်ကာ ဇန်နဝါရီ ၅ ရက်နေ့၌ ဆရာတော်ကြီး ဝစိပိတ်အဓိဌာန်ဝင်မည်
ဖြစ်ပြီး ၆ ရက်နေ့၌ လွန်းလိုင်းဓမ္မာရုံကြီးတွင် မွေးနေ့ပွဲအလှူကို ရေစက်ချအမျှဝေ သာဓုအနုမောဒနာ ခေါ်တော်မူမည်ဟု သိရသည်။

image
18 w - Translate

ဒီ​ရေဂိုဆီမြွန်ရဲ့ အက်သလက်တီကိုအသင်းဟာ ၁၁ပွဲနိုင်ပွဲရအောင်စွမ်းဆောင်ထားပါတယ်

နောက်တစ်ပွဲ ဘာစီလိုနာနဲ့ကန်ရမှာပါ

image
18 w - Translate

ရုံးကို မိမိအိမ်လိုပဲ သဘောထားပါလို့ပြောပြီးသည့်နောက်ပိုင်း ☺️

image

ထိုင်းတောင်ပိုင်း ကော့စမွီကျွန်းတွင် မြေပြိုမှုဖြစ်ပွားသောကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံး

ဒီဇင်ဘာ ၁၆

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် မြန်မာ အလုပ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီအချိန်ခန့်က ကော့စမွီကျွန်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ မြေသားများ ပျော့အိကျလာကာ တောင်နရံများ ပြိုကျ၍ လူနေအိမ်အဆောက်အဦများပေါ် ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၂ ဦး မြေအောက်တွင် ပိမိပျောက်ဆုံးနေခဲ့သောကြောင့် ဒေသအာဏာပိုင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် Koh Samui ပရဟိတဖောင်ဒေးရှင်း ၊ Wat Plai Laem ကယ်ဆယ်ရေးဖောင်ဒေးရှင်း၊ Koh Samui ကယ်ဆယ်ရေးစင်တာ တို့က ရှာဖွေခဲ့ရာ ယနေ့ ညနေ ၃ နာရီခွဲခန့်က သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၂၇ နှစ်နှင့် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားများဖြစ်ပြီး လမိုင်းဒေသ ဟီမ ထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကော့စမွီရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ အခင်းဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်တွင် အဆောက်အဦများ ထပ်မံ တည်ဆောက်ခြင်း မပြုလုပ်ကြရန် တားမြစ်ထားကြောင်း သိရသည်။

အဆိုပါဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းနိုင်ငံ သတ္တုသယံဇာတဦးစီးဌာန က ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

Sources-Khaosod English,Thai PBS, Daily News ,today

Credit - MT News Agency

https://t.me/MT_News_Media/50653?single

#သတင်းဟင်းလေးအိုးကြီး

imageimage

မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကျင်းပမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ၏ သက်တော် (၆၁) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်အား ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု လွန်းလိန်းသာသနာ့နယ်မြေတွင် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိ နိုးဘုရားအနီးရှိ တရားဟောစင်တွင် မိုင်းဖုန်း ဆရာတော်ကြီးမှ တရားဟောကြားမည်ဖြစ်ပြီး၊ လွန်းလိန်းစေတီတော်တွင် ဘုရားရှိခိုးပူဇော်ပြီး နှီးဘုရား ကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ခြင်း၊ နှစ် ၇ဝ စေတီတော် (ပူတာအိုစေတီတော်)တွင် ထီးတင်ပွဲကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ပြင်သစ်ပိုင် မေယော့မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူထောင်ချီ သေဆုံးနိုင်

ပါရီ၊ ဒီဇင်ဘာ ၁၆

ပြင်သစ်ရဲ့ အိန္ဒိယသမုဒ္ဒရာပိုက်နက်နယ်မြေဖြစ်တဲ့ မေယော့မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူရာပေါင်းများစွာ သို့မဟုတ်ထောင်နဲ့ချီပြီး သေဆုံးမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

သေဆုံးသူအရေအတွက်ဟာ ထောင်ချီရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်းရှာဖွေနေပြီး မုန်တိုင်းဒဏ်သင့် အချို့နေရာတွေကို ရောက်ရှိဖို့ ရုန်းကန်နေရပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို အကဲဖြတ်ပြီးတာနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနို်ငပြီး ရာပေါင်းများစွာ သို့မဟုတ် ထောင်နဲ့ချီပြီးရှိလာနိုင်တယ်လို့ ဒေသန္တရတာဝန်ရှိသူတယောက်က ပြောဆိုထားပြီး လက်ရှိသေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူ။

ဆိုကလုန်းမုန်တိုင်း ချီဒိုဟာ မိုဇမ်ဘစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ယမန်နေ့အစောပိုင်းမှာ ပမ်ဘာတောင်ဘက် ၂၅ မိုင်အကွာကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ မေယော့ကိုတော့ တနာရီလေတိုက်နှုန်း ၂၂၅ ကီလိုမီတာနှုန်းနဲ့တိုက်ခတ်ခဲ့တာပါ။

လူပေါင်းသုံးသိန်းကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ယာယီအမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှ နေထိုင်နေရပြီး အလုပ်လက်မဲ့ဦးရေမှာ သုံးပုံတပုံထိရှိနေသည်။

မေယော့ဒေသရှိ ပြင်သစ်ပိုင်နက်သို့ ခိုလှုံရန်ကြိုးစားတဲ့ အထောက်အထားမဲ့တွေအပါအဝင် နွမ်းပါးနဲ့အသိုင်းအဝိုင်းအပေါ် အထူးသဖြင့် ထိခိုက်ခဲ့ဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။ ဒေသ၏လူဦးရေ ပြင်သစ်၏ ဘဏ္ဍာရေးအကူအညီအပေါ် ကြီးစွာမှီခိုနေရပြီး ဆင်းရဲမွဲတေမှု ၊ အလုပ်လက်မဲ့နှင့် နို်ငငံရေး မတည်မငြိမ်မှုများကို ကာလရှည်ကြာရုန်းကန်နေရပါတယ်။

Ref:BBC
Photo:Reuters

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ဆီးရီးယားဘက်က ခြိမ်းခြောက်မှုတွေကြောင့် ဂိုလန်ကုန်းမြင့်ဒေသမှာ လူဦးရေနှစ်ဆတိုးမြှင့်ချထားဖို့ အစ္စရေးစီစဉ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတဘရှားအယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ သူပုန်ခေါင်းဆောင်တွေက အလယ်အလတ်လေသံတွေပြောနေပေမဲ့ ဆီးရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေသေးဆဲဖြစ်ကြောင်းပြောကြားရင်း သိမ်း ပိုက်ခံဂိုလန်ကုန်းမြင့်ဒေသမှာ လူဦးရေနှစ်ဆတိုးမြှင့် နေရာချသွားဖို့ စီစဉ်ထားကြောင်း အစ္စရေးအစိုးရက ဒီဇင်ဘာ ၁၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

“ဂိုလန်တောင်ကုန်းကို အားဖြည့်တာဟာ အစ္စရေးနိုင်ငံတော်ကို အားဖြည့်တာပဲဖြစ်တယ်။ အခုအချိန်မှာ အထူးအရေး ကြီးပါတယ်။ ကျွန်တော်တို့ ဂိုလန်တောင်ကုန်းကို ဆက်လက်ထိန်းချုပ်ထားရမှာဖြစ်တယ်။ အဲဒီဒေသ ဖွံ့ဖြိုးဝေဆာလာ အောင်ဆောင်ရွက်ပြီး အခြေချနေထိုင်သွားမှာဖြစ်တယ်။” လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက ကြေညာချက်ထဲမှာ ထည့်သွင်းပြောကြားထားပါတယ်။

အစ္စရေးဟာ မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်တဲ့ ဂိုလန်ကုန်းမြင့်ဒေသ အစိတ်အပိုင်းအများစုကို ၁၉၆၇ ခြောက်ရက် စစ်ပွဲကာလအတွင်း ဆီးရီးယားထံကသိမ်းယူခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ ဂိုလန်ကုန်းမြင့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က အဲဒီအချိန်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသအပေါ် အစ္စရေးရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုထောက်ခံခဲ့ပေမဲ့ နိုင်ငံအများစုကတော့ ဂိုလန်တောင်ကုန်းကို အစ္စရေးသိမ်းပိုက်ထားတာကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

ဂိုလန်ကုန်းမြင့်ဒေသက အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ ဆီးရီးယားဘက်က တောင်းဆိုခဲ့ပေမဲ့ အစ္စရေးက တော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြန်လည်ဆုတ်ခွာပေးခြင်းမရှိပါဘူး။

ဆီးရီးယားနိုင်ငံက လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ၎င်းအနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ (စနေနေ့) က ဆွေးနွေးပြောဆိုခဲ့ကြောင်း နတန်ယာဟုက ပြောပါတယ်။

“ကျွန်တော်တို့ ဆီးရီးယားနဲ့ ပဋိပက္ခဖြစ်ဖို့ စိတ်မဝင်စားပါဘူး။ ဆီးရီးယားနိုင်ငံထဲမှာ အစ္စရေးတွေဆောင်ရွက်ခဲ့ တာဟာ ဆီးရီးယားကထွက်ပေါ်လာမယ့် အနာဂတ်ခြိမ်းခြောက်မှုကို ကာကွယ်ဖို့နဲ့ ကျွန်တော်တို့ နယ်စပ်ကို အကြမ်းဖက် အင် အားစုတွေ ရောက်မလာအောင် ကာကွယ်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

သူပုန်အုပ်စုခေါင်းဆောင်တွေက အလယ်အလတ်လေသံတွေပြောနေပေမဲ့ ဆီးရီးယားနိုင်ငံက အဖြစ်အပျက် တွေက အစ္စရေးအတွက် ခြိမ်းခြောက်မှုတွေ တိုးမြင့်လာကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်ကလည်း ထုတ် ပြန်ချက်ထဲမှာ ပြောပါတယ်။

ဂိုလန်ကုန်းမြင့်ဒေသမှာ လူနေထူထပ်လာဖို့အတွက် ဒေါ်လာ ၁၁ သန်းကျော် အသုံးပြုသွားမယ့်ကိစ္စကို အစိုးရက တညီ တညွတ်တည်း သဘောတူခွင့်ပြုခဲ့ကြောင်း နတန်ယာဟုရုံးက ပြောပါတယ်။

ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ ယူအေအီးနိုင်ငံတို့က အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့တဲ့ ယူအေအီးနိုင်ငံက အစ္စရေးနိုင်ငံဟာ သိမ်းပိုက် ထားမှုကို နယ်မြေချဲ့ထွင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂိုလန်ကုန်းမြင့်ဒေသမှာ အစ္စရေးလူမျိုး ၃၁,၀၀၀ နဲ့ အာရပ်လူမျိုး ၂၄,၀၀၀ ဝန်းကျင် စုစုပေါင်းလူဦးရေ ၅၅,၀၀၀ နေထိုင် ကြရာ အာရပ်အများစုဟာ ဆီးရီးယားတွေဖြစ်ပါတယ်။

ဂိုလန်ကုန်းမြင့်ဒေသခံတွေဟာ စပျစ်ခြံစိုက်ပျိုးရေးအပါအဝင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။

Ref: Israel plans to double population on occupied Golan, citing threats from Syria

#centralnewsnaypyitaw

image
image
image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၆

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၅၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၀ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၁၈ ကျပ်
ဝယ်ဈေး - ၂၈.၄၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၃ ကျပ်
ဝယ်ဈေး - ၅၁.၅၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၀ ကျပ်
ဝယ်ဈေး - ၅၅၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၅ ကျပ်
ဝယ်ဈေး - ၂၇၈၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ကျွမ်းကျင်လုပ်သား စေလွှတ်မယ့်ကန့်သတ်ချက်ကြောင့် ပြည်ပထွက် အလုပ်လုပ်ခွင့် ပိုမိုခက်ခဲလာနိုင်

ဒီဇင်ဘာ ၁၆

ကျွမ်းကျင်လုပ်သား စေလွှတ်မယ့်ကန့်သတ်ချက်ကြောင့် ပြည်ပထွက်ခွာ အလုပ် လုပ်ကိုင်ခွင့် ပိုမိုခက်ခဲလာနိုင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်ပနိုင်ငံတွေကို မြန်မာအလုပ်သမားတွေ စေလွှတ်ရာမှာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့ (NSSA) ရဲ့ အသိအမှတ်ပြုလက်မှတ် ရထားပြီးသူကိုပဲ ကျွမ်းကျင်လုပ်သားလို့ သတ်မှတ်ပြီး အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) စနစ်နဲ့သာ စေလွှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

“နောက်ပိုင်းမှာ NSSA ရဲ့ အသိအမှတ်ပြု လက်မှတ်နဲ့ပဲ လုပ်သားစေလွှတ်ဖို့ ရှိနေတယ်။ ဒီသတ်မှတ်ချက်ကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းက အလုပ်သမားတွေ ပြည်ပနိုင်ငံတွေမှာ သွားရောက်ပြီး အလုပ် လုပ်ခွင့်ရဖို့ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်။ မြန်မာပြည်ကထွက်တဲ့ အလုပ်သမားတွေက အများဆုံးက General Worker နဲ့ပဲ သွားကြတာ။ Skilled Worker နည်းတယ်။ General Worker က ပြင်ဆင်ချိန်နည်းတယ်၊ အချိန်ကုန် သက်သာတယ်လေ။ သင်တန်းတွေလည်း တက်စရာမလိုဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။

ဒါပေမယ့် ပြည်ပကို အခြေခံလုပ်သားစေလွှတ်မှုထက် ကျွမ်းကျင်လုပ်သားတွေကိုသာ စေလွှတ်နိုင်မယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာနိုင်မယ်လို့ သူက ပြောပါတယ်။

“ဒါက လုပ်သားတွေအတွက် ပိုပြီး အာမခံချက်ရှိတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေး ဆုံးရှုံးမှုတွေလည်း မဖြစ်နိုင်တော့ဘူး။ ဒီ ကျွမ်းကျင်သတ်မှတ်ချက်က သွားရမယ့်နိုင်ငံနဲ့ ပတ်သက်လို့ ရွေးချယ်စရာနိုင်ငံလည်း လျော့သွားဖို့အကြောင်း မရှိနိုင်ဘူး။ ဒါက MoU နဲ့ တဖက်နိုင်ငံတွေနဲ့ နှစ်နိုင်ငံချိတ်ဆက် လုပ်ဆောင်ရမှာဆိုတော့ အရင်က Skilled Worker မခေါ်ဘူးဆိုတဲ့ နိုင်ငံတွေလည်း ပါဝင်လာနိုင်တယ်။ အလုပ်သမားဘက်က ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ထားနိုင်ဖို့ပဲ လိုတာ” လို့ သူက ပြောပါတယ်။

အခုလို သတ်မှတ်လိုက်ခြင်းအားဖြင့် မြန်မာလုပ်သားတွေအတွက် လုပ်ခလစာတွေ များလာနိုင်တဲ့အပြင် ပြည်ပနိုင်ငံတွေကို တရားမဝင် သွားရောက်နေတဲ့ လုပ်သားအရေအတွက်ကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။

“နောက်ပိုင်းကျလို့ရှိရင် General Workers ဆိုရင် ဒီက လွှတ်တော့မှာမဟုတ်ဘူး။ Skill Workers နဲ့ပဲ လွှတ်ဖို့ နိုင်ငံတော်က စီစဉ်နေတယ်။ အဲဒီတော့ သင်တန်းကျောင်းတွေတက်၊ သင်တန်းတွေ ဖွင့်ရမယ်။ သင်တန်းတွေဖွင့်ပြီး သူတို့အတွက် ဘာသာစကားတွေရော၊ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းတွေရော၊ အကုန်လုံးကိုသူတို့ လေ့ကျင့် တတ်မြောက်ပြီးတော့မှ certificate တွေရှိတော့မှ ဒီက စိစစ်ပြီးတော့ ကျွမ်းကျင်လုပ်သားတွေပဲ လွှတ်တော့မယ်” လို့ ဦးချားလ်မျိုးသန့်က ပြောပါတယ်။

ပြည်ပနိုင်ငံက လုပ်သားတွေခေါ်ယူရာမှာ ကျွမ်းကျင်လုပ်သားနဲ့ အလုပ်သင်လုပ်သားဆိုပြီး ခွဲခြားခေါ်ယူတဲ့ နိုင်ငံမျိုးရှိသလို သတ်မှတ်ချက်မရှိဘဲ အခြေခံလုပ်သားတွေ ခေါ်ယူတဲ့ နိုင်ငံတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျွမ်းကျင်လုပ်သား သတ်မှတ်ချက်အရ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို သွားလို့ရနိုင်ပြီး သင်တန်းတွေလည်း ရှိပြီးဖြစ်တဲ့အတွက် လုပ်သားအများဆုံးသွားတဲ့ နိုင်ငံတွေကို ကျွမ်းကျင်အဖြစ် သတ်မှတ်လာနိုင်တယ်လို့ သိရပါတယ်။

“ထိုင်းနဲ့ မလေးရှားကတော့ ကျွမ်းကျင်ရယ်လို့ သတ်မှတ်ချက် သေချာမရှိဘူး။ ကျွမ်းကျင်လည်း ခေါ်တာပဲ။ ဘာမှ တတ်ကျွမ်းမှုမရှိဘဲ ကြုံရာခေါ်တာလည်း ရှိတယ်။ အဲဒီတော့ အဆင်ပြေသလို တရားမဝင်လမ်းကနေလည်း သွားနေတာတွေရှိတယ်။ မြန်မာပြည်က အလုပ်သမားတွေ အများဆုံးသွားနေတဲ့ နိုင်ငံတွေလည်းဖြစ်တယ်။ ဆိုတော့ နောက်ပိုင်းမှာ အဲဒီနိုင်ငံတွေက ကျွမ်းကျင်သတ်မှတ်ချက် ဖြစ်လာနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကနေ တရားဝင် အမိန့်ညွှန်ကြားချက် တစုံတရာ ထုတ်ပြန် ညွှန်ကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာလုပ်သားတွေကတော့ ကျွမ်းကျင်လုပ်သား သတ်မှတ်ချက်ဟာ လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာတွေထဲက နည်းလမ်းတခု ဖြစ်နိုင်ပြီး နောက်ပိုင်းမှာ ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်နိုင်ဖို့အတွက် အခုထက်ပိုပြီး ခက်ခဲမှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

“ပြည်တွင်းမှာကလည်း ကိုယ့်လုပ်အားခနဲ့ ထိုက်တန်တဲ့ လုပ်အားခ မရဘူး။ အခွင့်အလမ်း အင်မတန် နည်းပါးတယ်။ ဒီလိုအချိန်မှာ ပြည်ပမှာ အလုပ်သွားလုပ်ဖို့ကိုပဲ လူငယ်တွေက ရွေးချယ်လာကြတယ်။ ဒါကိုမှ အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ လိုက်ပိတ်ပင်နေတာက ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေတယ်။ ကျွမ်းကျင်ဖြစ်နေလည်း သူတို့လွှတ်မှ သွားလို့ရမှာပါ။ ကျွမ်းကျင်က အာမခံချက်ရှိတယ်၊ လစာပိုရတာ မှန်တယ်။ ဒါပေမယ့် နစက က မလွှတ်ရင် ဘာမှလုပ်မရနိုင်ပါဘူး။ အခုတောင်မှ ဘယ်လောက်ပဲ စာရွက်စာတမ်းပြည့်စုံနေပါစေ။ လေဆိပ်မှာ တားခံရတာပဲ။ အဲဒီတော့ ကျွန်တော်ထင်ပါတယ်။ ဘယ်လောက်ပဲ ကျွမ်းကျင်လုပ်သား ဖြစ်နေပါစေ နစကအတွက်ကတော့ အကြောင်းပြချက်တွေကတော့ ထပ်ရှိနေဦးမှာပဲ” လို့ ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေဆီ တရားဝင် အလုပ်သမားစေလွှတ်နိုင်တဲ့ လိုင်စင်ရအေဂျင်စီ ၅၀၀ ဝန်းကျင်ရှိပြီး တလကို အလုပ်သမားဦးရေ တသောင်းနီးပါး ပို့ဆောင်ပေးလျက်ရှိကာ များသောအားဖြင့် လုပ်သားတွေဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန် စတဲ့ နိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image

Pop အဆိုတော် တေလာဆွစ်ဖ် ကမ္ဘာ့ Billboard Music Awards ဆု အများဆုံးရတဲ့ အနုပညာရှင်အဖြစ် စံချိန်တင်

ဒီဇင်ဘာ ၁၆

ကမ္ဘာကျော် Pop အဆိုတော် Taylor Swift ဟာ နောက်ထပ်စံချိန်တစ်ခုကို ချိုးဖျက်လိုက်ပြန်ပါပြီ။

ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ကျင်းပပြုလုပ်တဲ့ 2024 Billboard Music Awards (BBMA) မှာ တေလာဆွဖ်က စုစုပေါင်းဆု ၄၉ ခုထိ ရရှိတဲ့ ပထမဆုံး BBMA ဆုရှင်ဖြစ်လာခဲ့ပါတယ်။

သူမဟာ ထိပ်တန်းအနုပညာရှင်၊ ထိပ်တန်းအမျိုးသမီးအဆိုတော်၊ ထိပ်တန်း Billboard 200 အနုပညာရှင်၊ ထိပ်တန်း Hot 100 အနုပညာရှင်၊ Hot 100 တေးရေးဆရာ၊ ထိပ်တန်းအဆိုတော်နဲ့ ထိပ်တန်း Billboard 200 အပါအဝင် အမျိုးအစားအလိုက်ဆုတွေအတွက် ဆု ၁၀ ဆု ရရှိခဲ့သလို ဒီပွဲမှာ တေလာက စုစုပေါင်း ဆု ၄၉ ခုနဲ့ ပထမဆုံး ဆုအများဆုံး တေးသံရှင် ဖြစ်လာခဲ့ပြီး သူမရဲ့နောက်၊ ထိတ်တန်း အဆိုတော် Drake က စုစုပေါင်း ဆု ၄၂ ဆုနဲ့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။

ဒီအတွက် တေလာဆွဖ် က ဒါဟာ သူမရဲ့ ၃၅ နှစ်မြောက် မွေးနေ့အတွက် အစောဆုံး မွေးနေ့လက်ဆောင်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။တေလာဆွဖ်ဟာ ၂၀၂၂ ခုနှစ်ကလည်း Billboard Hot 100 မှာ အဲဒီနှစ်က ထွက်ရှိတဲ့ “Midnights” သီချင်းနဲ့ ထိပ်တန်း ၁၄ နေရာကိုရယူပြီး ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်ခဲ့ပါသေးတယ်။

၂၀၂၄ ခုနှစ်ရဲ့ Billboard Music Awards ပွဲကို ကြာသပတေးနေ့( ဒီဇင်ဘာ ၁၃ ရက်) ညနေပိုင်းက ကျင်းပခဲ့ပြီး ဖျော်ဖြေသူတွေအနေနဲ့ Coldplay၊ Linkin Park၊ Shaboozey နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Credit - NP News Agency

https://t.me/NPNewsMyanmar/38970

#သတင်းဟင်းလေးအိုးကြီး​

imageimage