18 ပတ် - ဘာသာပြန်ပါ။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋

မနှစ်ကနွေရာသီမှာ ချဲလ်ဆီး ၊ပီအက်စ်ဂျီ နဲ့ ခရစ္စတယ်ပဲလေ့စ် (၂ကြိမ်ကမ်းလှမ်း) အသင်းတို့ရဲ့ ခေါ်ယူဖို့ကြိုးစားခြင်းကို ခံခဲ့ရတဲ့ ဘင်ဖီကာနောက်ခံလူ Tomás Araujo သည် ဘင်ဖီကာအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

စာချုပ်သစ်မှာ ယူရို သန်း ၈၀ တန် စာချုပ်ဖျက်သိမ်းကြေးပါဝင်တယ်လို့သိရပါတယ်။

image
18 ပတ် - ဘာသာပြန်ပါ။

မိဘကိုလုပ်ကျွေးတဲ့သားသမီးက
ရှာရဖွေရတာပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတတ်တယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သားသမီးက
ပိုအဆင်ပြေလာလိမ့်မယ်။
မိဘစကားနားထောင်တဲ့သူက
အမြဲစိတ်ချမ်းသာရတယ်။

မိဘနှစ်ပါးလုံး ရှိနေတုန်းမှာ သိတတ်ပါ ဂရုစိုက်ပါ
အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့မှာပါ။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစား ကိုယ်တတ်နိုင်သလောက်လေး
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတစ်ထုတ်၊
အနွေးထည်လေးတထည်၊
ဖိနပ်လေးတရံလောက်နဲ့တင် ကန်တော့တာမျိုးက
သူ့တို့ကို စိတ်ချမ်းသာစေတယ်
သူတို့ရဲ့စိတ်ထဲမှာ ပြီးပြည့်စုံစေတယ်။

စကားတခွန်းရှိတယ် မိတ်ဆွေ
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာပါတယ်တဲ့

ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူက မိဘတွေအပြင် အခြားမရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ
မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာပါမိတ်ဆွေ

image
18 ပတ် - ဘာသာပြန်ပါ။

#ကြက်သားမဆလာဆီပြန်

ကြက်သားကိုဟင်းခတ်မှုန့်နယ်ထား ကြက်သွန်ဖြူနီညက်အောင်ထောင်း ဆီသပ် ငရုတ်စိမ်းမှုန့်ထည့် ကြက်သားထည့် ဟင်းခတ်မှုန့်ထည့် ရေထည့် အုပ်ထား ရေခမ်းလို့အဆီပြန်ပြီဆိုမဆလာအုပ် ရှယ်ဘဲ …

image
18 ပတ် - ဘာသာပြန်ပါ။

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်(၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း ယင်းထက်ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။

ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်ဖီစိုက်ပျိုးဧက (၅၀၀၀၀) ကျော်ရှိပြီး Arabica ကော်ဖီ စိုက်ဧက (၃၈၀၀၀) ကျော်၊ Robusta ကော်ဖီ စိုက်ဧက (၁၂၀၀၀) ကျော်ရှိကာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆွတ်ခူးလေ့ရှိပြီး ပြည်ပဈေးကွက်သို့ လာမည့်နှစ် ဧပြီလတွင် စတင် တင်ပို့ရောင်းချသွားမည်ဖြစ်သည်။

image
18 ပတ် - ဘာသာပြန်ပါ။

အစားတလိုင်း ဟ
😆

Funny

18 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အကြီးဆုံး စက်ရုံကြီး
________________________
֍ ထုထည်အားဖြင့်တွက်ရင် ကမ္ဘာပေါ်မှာ အကြီးဆုံးစက်ရုံကြီးကတော့ အမေရိကန်ဝါရှင်တန်ပြည်နယ်က Everett မြို့မှာ တည်ရှိနေပါတယ်။
֍ ဒီစက်ရုံကြီးရဲ့အမည်က Boeing Everett Factory ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Boeing က ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။
֍ ၁၉၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီစက်ရုံကြီး နာမည်ကျော် Boeing 747 ၊, 767, 777, 787 စတဲ့ လေယာဉ်အမျိုးအစားပေါင်းများစွာကို တည်ဆောက်ပေးနေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။
֍ စတင်ဖွင့်လှစ်ချိန်ကနေစလို့ ယနေ့အချိန်အထိ လေယာဉ်အစင်းပေါင်း ၅၀၀၀ကျော် ကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဝန်ထမ်းဦးရေ ၃၀,၀၀၀ ကျော် နဲ့ လည်ပတ်လျက်ရှိပါတယ်။
֍ ဒီစက်ရုံကြီးကို ၁၀၀၀ ဧကခန့် ကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး စက်ရုံရဲ့ စုစုပေါင်းအကျယ်အဝန်းက စတုရန်းပေ ၄.၃သန်းခန့်ဖြစ်ပြီး ထုထည်အနေနဲ့တွက်ရင် ကုဗပေ ၄၇၂သန်း အထိ ရှိနေတာလည်းဖြစ်ပါတယ်။
#credit_thuta City

image
18 ပတ် - ဘာသာပြန်ပါ။

ထရမ့်နှင့် နေတန်ယာဟု ဆီးရီးယားအရေး ဆွေးနွေး

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၇

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) တို့သည် ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည။

ထို့ပြင် ၎င်းတို့ ၂ ဦး၏ ဆွေးနွေးမှုအတွင်း ဂါဇာတွင် ဟားမာ့စ်တို့၏ ဖမ်းဆီးခြင်းခံထားသည့် အစ္စရေးနှင့် ပြည်ပ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်ရေးကို တွန်းအားပေး လုပ်ဆောင်ရန်လည်း ပြောကြားခဲ့သည်ဟု နေတန်ယာဟုက ပြောသည်။

ထရမ့်သည် ၎င်းကျမ်းသစ္စာ ကျိန်ဆိုရမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ အချိန်အထိ ဂါဇာစစ်ပွဲကို မဖြေရှင်းနိုင်ပါက ထိုပဋိပက္ခသည် ထရမ့်သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ရင်ဆိုင်ဖြေရှင်းရမည့် အဓိကစိန်ခေါ်မှုများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၂၀၀ ခန့်သေဆုံးကာ လူပေါင်း ၂၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

အစ္စရေးနှင့် ဟားမာ့စ်အကြား ယာယီအပစ်အခတ်ရပ်စဲရေး ကာလအတွင်း အကျဉ်းသား လဲလှယ်မှုမှတဆင့် ဓားစာခံ ၁၀၀ ကျော် လွှတ်မြောက်ခဲ့ပြီး ၁၀၀ ခန့်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဟားမာ့စ်၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာတွင်စစ်ပွဲ ဆင်နွှဲခဲ့ရာတွင် အရပ်သားအများစု အပါအဝင် လူ ၄၅,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဂါဇာဒေသ၏ လူဦးရေ အားလုံးနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဂါဇာ အာဏာပိုင်များက ပြောသည်။

ယခုလ အစောပိုင်းကလည်း ထရမ့်က ၎င်းသမ္မတ ဖြစ်လာသည့် အချိန်အထိ ဂါဇာတွင် ဖမ်းဆီးခံထားရသော ဓားစာခံများ ပြန်လည်လွတ်မြောက်ခြင်း မရှိပါက အရှေ့အလယ်ပိုင်း၌ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက နေတန်ယာဟုနှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည်လည်း အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် အားထုတ်ကြိုးပမ်းနေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) က ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ဒေါ်နယ်ထရမ့်နဲ့နေတန်ယာဟုကို တွေ့ရစဉ်

#centralnewsnaypyitaw

image

အင်းတကော်မြို့တွင် ကမ်းပါးပြိုကျ၍ ဆေးခန်းအပါနေအိမ်များ ပျက်စီးဆုံးရူံး

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာ ကမ်းပါးပြိုကျမှုကြောင့် ဆေးခန်းအပါနေအိမ်များ ပျက်စီးဆုံးရူံးသွားကြောင်း သိရသည်။

ယနေ့ဒီဇင်ဘာလ ၁၇ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ကမ်းပြိုကျမှုကြောင့် မြေကြီးများအက်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး ထိုအနီးတွင် တည်ဆောက်ထားသည့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကမ်းပြိုမှုကြောင့် ကျေးရွာဆေးခန်း (တိုက်ခန်းအဆောက်အဦ)၊ ဦးငယ်ငယ်နှင့် ဦးဌေးနိုင်တို့၏ (ဝါး၊ ဓနိအဆောက်အဦ)၊ ဦးဇော်ဦး၏ (တိုက်ခန်းအဆောက်အဦ)၊ ဦးအေးကို၏ (ပျဉ်ခင်း၊ ပျဉ်ကာအဆောက်အဦ)၊ ဦးသောင်း၏ (သစ်သားနေအိမ်)၊ ဒေါ်ညိုဝင်း၏ (တိုက်ခန်းအဆောက်အဦ) နှင့် ဒေါ်စန်းစန်းဝင်း၏ ခြံမြေတို့ကွဲအပ်ပြီး ပျက်စီးဆုံးရူံးမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါကမ်းပြိုမှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးခြင်းမရှိကြောင်းလည်း သိရသည်။

Photo - Credit

#သတင်းဟင်းလေးအိုးကြီး

imageimage
+8
Frankie မျှဝေသည်။ ပို့စ်  
18 ပတ်

18 ပတ်

အမှာစကား
နှစ်ပေါင်း ၅ဝ မျှ တစ်ပါတီစနစ်၊ အာဏာပိုင် စနစ်တို့ ကြီးစိုးခဲ့သည့် မြန်မာ နိုင်ငံတွင် ဒီမိုကရေစီသို့ ကူးပြောင်းရန် အားထုတ်ကြသည့်အခါ၊ ကဏ္ဍ များစွာ၌ လိုအပ်ချက်များ ရှိနေတာ မြင်တွေ့ရသည်။
ယင်းအနက် တစ်ခုက၊ ကူးပြောင်းရန် ဦးတည်ထားသည့် ဒီမိုကရေစီ စနစ်နှင့် စပ်လျဉ်း၍ နိုင်ငံသားများ ယခုထက် ပို၍ ကျယ်ပြန့် ပြည့်စုံစွာ သိရှိဖို့ လိုအပ်နေသည်ဟူသောအချက် ဖြစ်သည်။
ဒီမိုကရေစီဆိုလျှင် လွတ်လပ်မှုရှိရမည်၊ တန်းတူညီမျှမှုရှိရမည်၊ အရာရာ တရားသဖြင့် ဖြစ်ရလိမ့်မည်ဟူသော ယေဘုယျ နားလည်မှုဖြင့် အများပြည်သူတို့ ဒီမိုကရေစီစနစ်ကို လိုလား တောင့်တကာ သည်အတွက် တောင်းဆိုခဲ့၊ တိုက်ပွဲဝင်ခဲ့သဖြင့် ယခုအခါ ဒီမိုကရေစီလမ်းကြောင်းအစမှာ ခြေချမိကြခြင်းဖြစ်သည်။
သို့သော်၊ သည်စနစ် အမြစ်တွယ်အောင်၊ ခိုင်မာတောင့်တင်းအောင်၊ ရေရှည်တည်တံ့အောင် တည်ဆောက်ကြမည်ဆိုလျှင်ကား နိုင်ငံသားများ အတွင်း ဒီမိုကရေစီ၏ အခြေခံသဘောသဘာဝများ၊ ဒီမိုကရေစီ အမြစ်တွယ် နိုင်ရန်အတွက် လူ့အဖွဲ့အစည်းအတွင်း တည်ရှိရန် လိုအပ်သည့် အခြင်း အရာများ၊ ဒီမိုကရေစီစနစ် တည်ဆောက်ရာ၌ ကြုံတွေ့ရမည့် အခက်အခဲ များ၊ ယင်းတို့ကို ဖြတ်သန်းကျော်လွှားခဲ့သည့် အခြားနိုင်ငံတို့၏ အတွေ့ အကြုံများ၊ ပြည့်ဝခိုင်မာပြီးသော ဒီမိုကရေစီ နိုင်ငံကြီးများတွင် ကျင့်သုံး ဆောင်ရွက်ကြပုံများ၊ စသည်တို့ဆိုင်ရာ အသိအမြင်များ ကြွယ်ဝ ပြည့်စုံနေဖို့ လိုပေမည်။
သည်အတွက်၊ တိုင်းပြည်တွင် ဒီမိုကရေစီ အသိပညာ ဖြန့်ချိရေး လုပ်ငန်းကို ယခုကာလတွင် အင်တိုက်အားတိုက် လုပ်ဆောင်သင့်ကြသည်ဟု မြင်ပါသည်။
ဒီမိုကရေစီပညာ ပြန့်ပွားရေးကို ဆောင်ရွက်ရာ၌ စာအုပ်စာတမ်းများ ရေးသားဖြန့်ချိခြင်း၊ ဟောပြောပွဲ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကျောင်း သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားပို့ချခြင်း စသည့် နည်းလမ်းများ ကို ဒီမိုကရေစီ အစပျိုး နိုင်ငံများရော၊ အခြေခိုင်ပြီး နိုင်ငံများပါ ကျင့်သုံးကြ တာ တွေ့ရသည်။
သည် သဘောအရ၊ ကျွန်တော်တို့ တိုင်းပြည်၏ ဒီမိုကရေစီ အသိပညာ ပြန့်ပွားရေးကဏ္ဍ၌ တစ်စိတ်တစ်ဒေသ ပါဝင်ဖြည့်ဆည်းသည့် အနေဖြင့် ဒီမိုကရေစီ ဖတ်စာအမည်ရှိ ဤစာအုပ်ငယ်ကို ရေးပါသည်။
ထိုသို့ ရေးသားရာ၌ Principles of Democracy; Democracy: A Beginner's Guide စသည့် ကနဦးလမ်းညွှန်များနှင့် Democracy Reader; Democracy Sourcebook စသည့် အခြေခံစာအုပ်စာတမ်း များကို၎င်း မာတိကာပါ စာပုဒ်တစ်ခုစီနှင့် စပ်လျဉ်း၍ သုတေသီတို့ ရေးသား ကြသည့် ဆောင်းပါးစာတမ်းများကို၎င်း၊ ဖတ်ရှုမှီငြမ်းကာ မြန်မာပရိသတ် အတွက် ဆီလျော်အောင် ပြုစု၍၊ ပြည်သူ့ခေတ်ဂျာနယ်တွင် ဒီမိုကရေစီ ဖတ်စာအမည်ရှိ ပင်တိုင်ခေါင်းစဉ်အောက်၌ တစ်ပုဒ်ချင်း ဖော်ပြခဲ့ပါသည်။
အဆိုပါ ရေးသားချက်များကို စုစည်းပြင်ဆင် တည်းဖြတ်ကာ ယခု စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။
ဒီမိုကရေစီ အသိပညာ ပြန့်ပွားရေးကို ရှေးရှုလျက်၊
ဖေမြင့်
၁၀/၁၂/၂၀၁၂