9 w - Translate

မြစိမ်းရောင်ရေအိုင် Emerald Lake ဟာ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာရှိတဲ့ တောက်ပတဲ့ အစိမ်းရောင်အိုင်တစ်ခုဖြစ်ပါတယ်။
ဒီအိုင်ရဲ့ထူးခြားတဲ့ အစိမ်းရောင်အဆင်းဟာ ရေခဲမြစ်တွေ တိုက်စားပြီး ကျန်ခဲ့တဲ့ ကျောက်မှုန့်တွေကြောင့် ဖြစ်ပေါ်လာတာပါ။
အဲဒီကျောက်မှုန့်တွေဟာ ရေထဲမှာ ပျော်ဝင်ပြီး နေရောင်ခြည်ကို ထူးခြားတဲ့ အစိမ်းရောင်အဆင်းနဲ့ ပြန်လည်ရောင်ပြန်ဟပ်စေတာလို့ သိရပါတယ်။
ဒီအိုင်ရဲ့ ရေဟာ အလွန်အေးပြီး ဆောင်းရာသီမှာ ရေခဲလေ့ရှိပါတယ်။
ဒီအိုင်ဟာ နာမည်ကျော် ရော့ကီးတောင်တန်းတွေရဲ့ အလယ်မှာ တည်ရှိပြီး ပတ်ဝန်းကျင်မှာ စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ တောင်တန်းတွေကို တွေ့နိုင်ပါတယ်။
ဒီအိုင်ရဲ့ ပတ်ဝန်းကျင်မှာ တောင်တက်လမ်းတွေနဲ့ စခန်းချနေရာတွေ ရှိနေပြီး အိုင်ထဲမှာလည်း လှေစီးပြီး အပန်းဖြေနိုင်ပါတယ်။
ဒီအိုင်ဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရဲ့ အထင်ကရ ခရီးသွားနေရာတစ်ခုလည်း ဖြစ်ပါတယ်။

image
9 w - Translate

မြစိမ်းရောင်ရေအိုင် Emerald Lake ဟာ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာရှိတဲ့ တောက်ပတဲ့ အစိမ်းရောင်အိုင်တစ်ခုဖြစ်ပါတယ်။
ဒီအိုင်ရဲ့ထူးခြားတဲ့ အစိမ်းရောင်အဆင်းဟာ ရေခဲမြစ်တွေ တိုက်စားပြီး ကျန်ခဲ့တဲ့ ကျောက်မှုန့်တွေကြောင့် ဖြစ်ပေါ်လာတာပါ။
အဲဒီကျောက်မှုန့်တွေဟာ ရေထဲမှာ ပျော်ဝင်ပြီး နေရောင်ခြည်ကို ထူးခြားတဲ့ အစိမ်းရောင်အဆင်းနဲ့ ပြန်လည်ရောင်ပြန်ဟပ်စေတာလို့ သိရပါတယ်။
ဒီအိုင်ရဲ့ ရေဟာ အလွန်အေးပြီး ဆောင်းရာသီမှာ ရေခဲလေ့ရှိပါတယ်။
ဒီအိုင်ဟာ နာမည်ကျော် ရော့ကီးတောင်တန်းတွေရဲ့ အလယ်မှာ တည်ရှိပြီး ပတ်ဝန်းကျင်မှာ စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ တောင်တန်းတွေကို တွေ့နိုင်ပါတယ်။
ဒီအိုင်ရဲ့ ပတ်ဝန်းကျင်မှာ တောင်တက်လမ်းတွေနဲ့ စခန်းချနေရာတွေ ရှိနေပြီး အိုင်ထဲမှာလည်း လှေစီးပြီး အပန်းဖြေနိုင်ပါတယ်။
ဒီအိုင်ဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရဲ့ အထင်ကရ ခရီးသွားနေရာတစ်ခုလည်း ဖြစ်ပါတယ်။

image
image
image
9 w - Translate

ကမ္ဘာ့အသက်အရှည်ဆုံးနိုင်ငံ
၂၀၂၃ ခုနှစ် UN က ထုတ်ပြန်တဲ့စာရင်းမှာ ကမ္ဘာ့အသက်အရှည်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၄.၇၁ နှစ် ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ပျမ်းမျှသက်တမ်းက ၈၁.၆၉နှစ် ဖြစ်ပြီး အမျိုးသမီးတွေရဲ့ပျမ်းမျှသက်တမ်းကတော့ ၈၇.၇၄ နှစ် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ အသက် ၁၀၀ နဲ့အထက် လူဦးရေ ၉၅,၀၀၀ ကျော်အထိ ရှိနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ဒီစာရင်းမှာ ဂျပန်ထက် ပိုအသက်ရှည်တဲ့ ဒေသတခုလည်းရှိနေပါတယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ဟောင်ကောင် ပါ။ ဟောင်ကောင်ဒေသခံတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၅.၅၁ နှစ် ဖြစ်ပါတယ်။
ဒီစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေပြီး မြန်မာနိုင်ငံသားတွေရဲ့ပျမ်းမျှသက်တမ်းက ၆၆.၈၉ နှစ် ဖြစ်ပါတယ်။

image

▪️What is manifestation? ညှို့ငင်ခြင်းဆိုတာ ဘာလဲ..။ ညှို့ငင်ခြင်းဆိုတာ သင်ဖြစ်ချင်တဲ့အရာတွေကို ဆွဲငင်ဖန်တီးပြီး တကယ်လက်တွေ့ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်းကို ခေါ်ပါတယ်။
အရာအားလုံးဟာ မိမိဆီကနေ အစပြုတယ်ဆိုတာကို
ရိုးရိုးလေးသတိထားမိရုံနဲ့ ဖြစ်ချင်တာမှန်သမျှကို
ပြောဆို၊ တွေးတော၊ ခံစားပြီး လက်တွေ့ဖြစ်လာအောင်
ဖန်တီးယူနိုင်ပါတယ်။ သင့်ရဲ့ အတွင်းစိတ်စွမ်းအားကို သင်ယူမိလာတာနဲ့အမျှ ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်းသိသွားအောင် ဒီစာအုပ်က ကူညီပေးမှာဖြစ်ပါတယ်။
သင်လိုချင်တဲ့အရာတွေ အမှန်တကယ်ဖြစ်လာအောင် သင့်ရဲ့စိတ်စွမ်းအင်ကို ဘယ်လိုလမ်းကြောင်းပေးရမလဲဆိုတာကိုလည်း သိလာရမှာဖြစ်ပါတယ်။ Manifesting (ညှို့ငင်ခြင်း) ဆိုတာ အရမ်းရှုပ်ထွေးတဲ့ကိစ္စ မဟုတ်ပါဘူး။
▪️ကိုယ်လိုချင်တဲ့အရာကို ညှို့ငင်တဲ့နည်းအကြောင်း
ကျွန်မသင်ယူခဲ့တုန်းက သိခဲ့ရတဲ့အရာတစ်ခုရှိတယ်။
အဲဒါက ပစ္စုပ္ပန်ရဲ့အရေးပါပုံပဲ။
“ပစ္စုပ္ပန်မှာ နေထိုင်ပါ”တို့..၊ “အခုအချိန်က အရေးအကြီးဆုံး”တို့.. အစရှိသဖြင့် လူတွေပြောလာကြတာ နှစ်ပေါင်းမနည်း ကြာပြီ။ ကျွန်မစိတ်ထဲ နက်နက်ရှိုင်းရှိုင်းပြန်မကြည့်မိခင်အထိ အဲဒါကို သေချာနားမလည်ခဲ့ဘူး။
အဲဒီလိုပြန်ကြည့်မိတော့ ကျွန်မက ညှို့ငင်တဲ့အရာတွေကို အနာဂတ်မှာ ဖြစ်နေတယ်ဆိုပြီး ယူဆမိသလိုဖြစ်နေတယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ကွင်းဆက်တွေနဲ့ ယုံကြည်ချက်တွေကို သေချာမဆန်းစစ်မိတဲ့အချိန်မှာ ဖြစ်တတ်တဲ့ "တရက်ရက်ပေါ့" ဆိုတဲ့ ထောင်ချောက်ထဲ ကျွန်မလည်း ကျခဲ့ဖူးတယ်။
အဲဒါက ကျွန်မအတွက် ရိုးရိုးသားသားနဲ့ အမှန်ကို မြင်ခဲ့ရတဲ့ အခိုက်အတန့်တစ်ခုပဲ။ ကျွန်မကိုယ်ကျွန်မ အရှိအတိုင်းလက်ခံပြီး အနာဂတ်အပေါ် ကျွန်မရဲ့အမြင်ကို ပြောင်းလဲခဲ့တယ်။ ပြီးတော့ ချက်ချင်းညှို့ငင်နိုင်ဖို့ ကျွန်မရဲ့စိတ်စွမ်းအင်ကို လက်ရှိပစ္စုပ္ပန်မှာပဲ အာရုံစိုက်ထားလိုက်တယ်‌လေ။
▪️လက်ငင်းညှို့ငင်ချင်ရင် ကိုယ်ဖြစ်ချင်တဲ့အခြေအနေကို အခုဖြစ်နေသလိုမျိုး မြင်တတ်ဖို့လိုတယ်။
အဲဒါကို အနာဂတ်မှာ ဖြစ်နေတယ်လို့ မြင်ယောင်လိုက်ရင် သင့်စိတ်ကူးတွေ အကောင်အထည်ပေါ်လာဖို့ လောင်စာဆီတစ်မျိုးလိုဖြစ်တဲ့ သင့်ရဲ့အခုလက်ရှိ ပြင်းထန်နေတဲ့စိတ်တွန်းအားကို အသုံးမချမိသလို ဖြစ်လိမ့်မယ်။ တကယ်ဖြစ်နေပြီလို့ သိရမယ့်အစား နောက်ကျရင်ဖြစ်လာမှာပါလို့ မျှော်လင့်လိုက်သလို ဖြစ်သွားမယ်။
▪️အခုချက်ချင်းညှို့ငင်မယ်လို့ သင်ဆုံးဖြတ်ပြီးတာနဲ့ သင့်စိတ်တွင်းအခြေအနေအလိုကျ စကြဝဠာကြီးက လိုက်ပါလာပါလိမ့်မယ်။ အဲဒီတော့ အခုပဲ ကျန်းမာနေပြီလို့ ခံစားလိုက်..။ အခုပဲ ကြွယ်ဝနေပြီလို့ ခံစားလိုက်..။ အခုပဲ အောင်မြင်နေပြီလို့ ခံစားလိုက်..။ အခုပဲ လှပပြီး အချစ်ခံနေရပြီလို့ ခံစားလိုက်..။
ဖြစ်လာမှာကို စောင့်မနေနဲ့..။ တကယ်ဖြစ်နေပြီလို့ ခံစားကြည့်လိုက်..။ ဖြစ်ချင်တဲ့အရာကို ကိုယ့်စိတ်ခံစားချက်နဲ့ အပြည့်အဝ ဆက်သွယ်လိုက်..။ သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ထဲမှာ အခု ဖြစ်နေပြီ ဆိုတဲ့ ပီတိကို ဖြည့်လိုက်ပါ ။
#စတင်ညှို့ငင်လိုက်ပါ
#maninifestnow

image

သေရဲတာမှ သတ္တိ မဟုတ်ဘူး ။
နေရဲတာလည်း သတ္တိပါပဲ ။
သေရတာမှ ကြောက်စရာကောင်းတာ မဟုတ်ပါဘူး ။
နေရတာလည်း ကြောက်စရာ ကောင်းတာပါပဲ ။
ဆရာ(ဦး)အောင်သင်းဟာ စာသင်ကြားခြင်း ၊ စာပေများ ပြုစုရေးသားခြင်း တို့မှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ် ။ မျိုးဆက်သစ်တို့အတွက် လူငယ်စိတ်ဓာတ်ရေးရာ အကျိုးပြုစာပေများ ရေးသားခြင်း ၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်ရာမှာလည်း ဆရာ(ဦး)အောင်သင်းဟာ ဝါသနာ၊ စေတနာ၊ အနစ်နာစတဲ့ နာ ၃ နာနဲ့ အညီ ရေးသား ဟောပြောခဲ့တာကြောင့် ဆရာရဲ့ အတွေးစကားများဟာ ယနေ့တိုင် ဖတ်ရှုလေ့လာ မှတ်ယူနေရဆဲ ဖြစ်ပါတယ်။
‘အောင်သင်း ၏ အတွေးစကား’ စာအုပ်မှာ ဆရာ(ဦး)အောင်သင်း၏ ကိုယ်ပိုင် အတွေးအခေါ်များအပြင် ဆရာဖတ်ခဲ့ မှတ်သားခဲ့တဲ့ အတွေးစကားများကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးစကားများဟာ အနှစ်ချုပ် သဘောတရားများကို တိုတိုနှင့် လိုတိုရှင်း ရေးသား ဖော်ပြထားတာမို့ ဆရာ ပေးချင်တဲ့ အတွေးအခေါ်တို့ကို အချိန်အများကြီး မပေးရဘဲ လွယ်ကူစွာ နာယူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။
အိမ်ထောင်ပြုခြင်း၊
လူ့ဘဝတွင် အရာရောက်လှသော အရာ၊
အချစ်နှင့်မျက်စိ၊
ဒေါင်းမြီးတွေရဲ့ အလှ၊
ကြီးပွားမှုနှင့်ဗေဒင်၊
မိခင်တွေ အသိပညာမြင့်မှ၊
မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၊
အရှက်နှင့်အသက်၊
အချိန်ဖြုန်းတီးမှု၊
အတွေ့အကြုံနှင့် အတွေးအကြံ၊
ရဲဆေးတင်တယ် ဆိုတာ စသဖြင့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ဖတ်ရှုရမယ့် အတွေးစကားများ ဖြစ်ပြီး တစ်အုပ်တည်းမှာ အတွေးစကား ၁၀၀ ကျော်ကို လေ့လာ နာယူခွင့် ရမှာမို့ လူငယ်များရှိသော အိမ်တိုင်းရဲ့ စာအုပ်စင်တိုင်းမှာ ထားရှိရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ် ။
#အောင်သင်း
#အောင်သင်း၏အတွေးစကား

image
9 w - Translate

The Simpsons Movie (2007)
IMDB – 7.3/10_Rotten – 88%
 
ကျွန်တော်တို ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။
နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။
Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတိုရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။
ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။
အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။
ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြိုမှာပဲ ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။
အဲ့ဒါကို မြိုသူမြိုသားတွေက သတိပြုမိလာပြီး ရေကန်ကြီးထဲကို ဘာအမှိက်အညစ်အကြေးမှ မစွန့်ပစ်ဖို သဘောတူညီလိုက်ကြပါတယ်။
ဒါပေမယ့် Simpsons မိသားစုရဲ့ ကပျက်ကချော်လုပ်တတ်တဲ့ ထုံးစံအတိုင်း အဖေဖြစ်သူ ဟိုမာဆစ်ပ်ဆန်က ရေကန်ထဲကို မတော်တဆ အမှိက်ပစ်လိုက်မိပါတယ်။
အဲ့ဒီအခါမှာ အစိုးရက ဒီအဆိပ်အတောက်တွေ တခြားမြိုတွေကို မကူးစက်အောင် စပရင်းဖီးလ်မြိုကို မှန်ခုံးကြီးတစ်ခု လာအုပ်သွားပါတော့တယ်။
ဆစ်ပ်ဆန်မိသားစုက ဒီအဖြစ်အပျက်ရဲ့တရားခံတွေဖြစ်ခဲ့ရပြီး သူတိုဘယ်လိုရှောင်ပြေးကြရမလဲ၊ ဒီမှန်ခုံးကြီးထဲက လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။
The Simpsons Movie ရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းဇာတ်အိမ်ကို ရှူထောင့်ပေါင်းစုံကနေ သရော်ပြနိုင်တာပါ။
ဒီဇာတ်ကားထဲမှာ နိုင်ငံရေး၊ ဘာသာရေး သရော်တာတွေပါဝင်ပြီး ဟာသလေးတွေကလဲ အတော်ထိပါတယ်။
ပြီးတော့ ဒီကားမှာ အနာဂတ်ခန့်မှန်းချက်တစ်ခုပါသေးတယ်နော်။
ဘာလဲဆိုတာတော့ သေချာလေးကြည့်ကြည့်ရင် တွေ့ပါလိမ့်မယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/288

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
9 w - Translate

The Girl who got Away (2021)


Genre: Horror,Thriller
IMDb Rating: 7.0/10

ဇာတ်ကားဟာ သည်းထိပ်ရင်ဖို ကြမ်းတမ်းစွာအဆုံးသတ်သွားတဲ့ သရုပ်ပြချက်အတွက် လူတော်များစွာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Mass serial killer Lizzy ရဲအတွက် အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ Christine, သူမရဲ့ ပြီးခဲ့တဲ့ နောက်ကွယ်က ဆိုးဝါးတဲ့ အကြောင်းအရာတွေနဲ့ ပြန်ရင်ဆိုင်ရမယ့် နေရာမှာ ဖြစ်တည်ပါတယ်။ သည်းထိပ်ရင်ဖို အခိုက်အတန့်တွေကြားမှာ သူမရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ စုံစမ်းဖွေချက်တွေက ပရိသတ်ကို လက်မလွှတ်နိုင်စေမဲ့ ရင်ဖိုစရာဇာတ်ကားဖြစ်ပါတယ်။

image
9 w - Translate

Scooby-Doo! and Krypto, too! (2023) Leaked Version

မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သိုပေမဲ့လို Streaming Service တွေ မပေါ်ခင် ကျွန်တော်တို Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တိုလိုမျိုး “Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တိုရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။
လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တိုဟာ ကျွန်တော်တို ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြိုမြိုအနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။
ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်…
Hall of Justice ကနေ စူပါမန်းတိုအဖွဲ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတိုမရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲကြီးကို ဒီအမှုကိုဖြေရှင်းဖို ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတိုအဖွဲပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြိုပေါ် စကူဘီတို အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတိုကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖိုကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။

ဇာတ်ကားလင့်
https://t.me/c/2186686827/289

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
9 w - Translate

The Exorcist: Believer (2023)


အညွှန်း* 🔽🔽🔽



သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။
ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။

အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလိုမရတော့တဲ့အချိန်မှာမှ
ဘုန်းတော်ကြီးကို အကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။

လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖိုအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

image
9 w - Translate

Fright Night (2011)
____

IMDB (6.4/1

လက်စ်ဗီးဂတ်မြိုဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်..အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြိုလေးပေါ့ဗျာ

ချာလီတို အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီးတစ်ယောက် လျော့လျော့လာနေတယ်

အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတိုမြိုအတွက်တော့ သိပ်မဆန်းဘူးပေါ့

ဒါပေမယ့် ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်

အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး

အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို အဒမ်ကိုသတ်ပစ်လိုက်တာလို ပြောပြပေမယ့် ချာလီကတော့ မယုံနိုင်သေးပါဘူး

နောက်တစ်နေ့မှာ အဒမ်ပါ ပျောက်သွားလို စုံစမ်းတဲ့အချိန်မှာ သူရဲ့အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဆိုတာ သိလာတဲ့အခါမှာတော့

Channel အရင်joinရန်link ⤵️⤵️
https://t.me/shinkgmalayrosie

Movie link ⤵️⤵️
https://t.me/shinkgmalayrosie/4736

image