14 w - Translate

မင်းကို အားလုံးနဲ့လဲပြီး ရွေးခဲ့တာ။

💭 || 20.9.2024

image
14 w - Translate

ကိုယ် အလေးထားတဲ့သူက
ကိုယ့်ကို အလေးမထားဘူးဆိုရင်
ရပ်နေလဲ အလကားပဲ

တစ်နေ့တစ်နေ့
မျက်ရည်တွေ ကျလာရရုံ
ပြီးတော့
၀မျးနညျးရရုံကလှဲလို့
ဘာမှ ထူးမလာဘူးလို့တော့
ထင်တာပါပဲ

တစ်ခါတစ်လေ
တန်ဖိုးဆိုတာကလဲလေ

ပိုင်ဆိုင်ရတဲ့လူနဲ့လဲ ဆိုင်တယ်

ဘယ်လောက်ပဲ တန်ဖိုးရှိရှိ
တန်ဖိုးမှ သိမနေရင်
တန်ဖိုး ထားတတ်မှာ မဟုတ်ဘူးလေ။

#2001
//crd

image
14 w - Translate

အကြင်နာမဲ့တဲ့ကောင်းကင်....
.........

အကြင်နာမဲ့တဲ့ကောင်းကင်
မြေပြင်ကိုရေလောင်း
ရေကြောင်းမှာလူတွေမျှော
လောကကိုသတ်ပစ်လိုက်တယ်....

အကြင်နာမဲ့တဲ့ကောင်းကင်
ကြယ်စင်တွေကိုခြွေချ
အမှောင်ဆုံးညကိုဖန်တည်း
အနာဂါတ်ကိုအကျည်းတန်စေခဲ့တယ်....

အကြင်နာမဲ့တဲ့ကောင်းကင်ဟာ
အညှာအတာမဲ့
မာယာနဲ့ရေးဆွဲ
သွေးခွဲခြင်းအတတ်ကိုကျွမ်းကျင်လွန်းတယ်။

မောင်စိန်ဝင်း (ပုတီးကုန်း)

image
14 w - Translate

ပြန်ထိုင်

#အကိုမေ
#may

image
14 w - Translate

"ငါဘယ်တုန်းကမှ မကုစားခဲ့ဘူး၊ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မေ့ပစ်ဖို့ ငါ့ကိုငါ တွန်းအားပေးခဲ့တယ်" """.

image
14 w - Translate

ဘယ်လောက်ပဲ သန်မာနေသူဖြစ်ပါစေ ချစ်ခြင်းမေတ္တာနှင့်ပါတ်သက်လာရင်
ကျရှုံးကြတာပဲ🍂🥀🍁

image
14 w - Translate

တူ...ဝါး😏
#kuukuu

image
14 w - Translate

ဘာပဲဖြစ်လာဖြစ်လာ ကျန်းမာအောင်နေရမယ်နော်။ အများကြီးချစ်တာကိုလည်း မေ့မသွားရဘူးနော်။

💭 || 20.9.2024

image
14 w - Translate

ဒါကို mm က save play လေတဲ့

#အကိုမေ
#may

image
14 w - Translate

ရှေ့ဆက်တိုးရင်လည်း
နာကျင်ရမယ့်အတူတူ
ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်လေ ...

ဘယ်လောက် အဝေးကိုပဲ
ပြေးကြည့် ပြေးကြည့်
ဘယ်တော့မှ မနီးမယ့်
အနာဂတ်တွေကို
ကြိုသိနေရပြီပဲ ။

ကိုယ့်ဖက်က
ချည်ထားတဲ့ ကြိုးလေးမို့
ဒီနေ့ထိ မြဲနေခဲ့တယ်ဆိုတာမှန်း
သိလာရလေလေ
ပိုနာကျင်ရလေလေပါပဲ

နေနိုင်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းကို မချစ်ပဲ မနေနိုင်ခဲ့ဘူး

နေတတ်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းလောက် မနေတတ်ခဲ့ဘူး ။

ကိုယ်မှ စာ စမပို့ရင်
ကိုယ်မှ ဖုန်း စမဆက်ရင်
အေးစက်နေတဲ့ ဆက်ဆံရေးကိုလေ

ဒီထက်ပိုပြီး နွေးထွေးအောင်
ကိုယ် မလုပ်တတ်တော့ဘူး ထင်ပါတယ် ။

ကိုယ့်ဖက်က ချည်ခဲ့တဲ့ကြိုးလေးမို့
ကိုယ့်ဖက်ကပဲ ပြန်ရုတ်သိမ်းတယ်လို့ပဲ မှတ်ပါ ။

အဆုံးသတ်တွေထိ
ရပ်စောင့်နေကြတာထက်စာရင်

ဒီထက်ပိုမနာကျင်ခင်
ရပ်လိုက်ကြတာ ကောင်းပါတယ် ။

//crd

image