ဒီပါဝလီက ညီညွတ်မှုကို ပြသနေဟု နစကဥက္ကဌပြော

နိုဝင်ဘာ ၂၊ ရန်ကုန်။

ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီသည် မိမိတို့ နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

နစကဥက္ကဌက “ ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့ အထိမ်းအမှတ် အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများ အားလုံးနှင့် ဘာသာဝင်များ၊ အခြားသော ဘာသာဝင်များ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်း ဖြစ် ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း” ပြောသည်။

ထို့နောက် ဟိန္ဒူဘာသာဝင်များအားလုံး စုစုစည်းစည်း ပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် မိမိ အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၎င်းက ပြောသည်။

မိမိတို့ မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော် လည်း အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများ ဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံ ကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

#centralnewsnaypyitaw

imageimage
+16

နေ့စဉ်မိုးလေဝသသတင်း
===============

နိုဝင်ဘာလ ၃ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း မည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ် များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်း နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေသာချိန်ရှိပြီး၊ နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image

နိုဝင်ဘာ ၃ က်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
zarc thein changed her profile cover
35 w

image
35 w - Translate

Good morning 🌞🌞

image

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...
ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထနိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
Credit

image
35 w - Translate

ဆောင်းလေနု‌ချမ်းနှင့် နံနက်ခင်းနေ
လာသာလာပါလေ
စိမ်းလန်းအေးမြခြင်းနှင့်သာ ပိုတိုးနီးစပ်ပါရစေ။

image

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သို့ငါးရက်ကြာ ခရီးသွားမည်

တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်

နိုဝင်ဘာ ၃၊ နေပြည်တော်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ငါးရက်ကြာခန့်ခရီးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဥ်တွေင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်နိုင်ငံရေးအသိုင်းအဝန်းမှ သိရသည်။

အဆိုပါတရုတ်ခရီးစဥ်ကို နိုဝင်ဘာ ၅ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကူးမင်းမြို့တွင် ပြုလုပ်မည့်  (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

" ဒီအစည်းအဝေးအပြင် အခြားသော နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုတွေပါ ရှိလာနိုင်ပါတယ်။ နစကရဲ့ ခြေလှမ်းတွေက စိတ်ဝင်စားစရာကောင်းလာတယ်ဗျ ကုလကိုယ်စားလှယ်ကလည်း လာတွေ့ပြီးတော့ မြန်မာ့အရေးမြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းတာမျိုးလုပ်သင့်တယ်ဆိုတာမျိုးလည်း ကုလအစည်းအဝေးမှာ ပြောသွားတော့လေ။ လာမည့်ရွေးကေဲာက်ပွဲ အောင်မြင်ရေးကို နိုင်ငံရေး ထွက်ပေါက်တခုအနေနဲ့ ရှူမြင်ပြီး အကုန်ဝိုင်းကူညီကြမယ့် သဘောထင်တယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

အဆိုပါအစည်းအဝေးသည် သုံးနှစ်တကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်သည့် တရုတ်၊မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ကြမှာဖြစ်သည်။

#centralnewsnaypyitaw

image

အမြန်လမ်းမကြီး အသုံးပြု၍ လက်နက်ခဲယမ်းများ သယ်ဆောင်မှု မပြုနိုင်ရန် တပ်မတော် မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေသည့် မြင်ကွင်း

#သတင်းဟင်းလေးအိုးကြီး

imageimage
+4