ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သို့ငါးရက်ကြာ ခရီးသွားမည်
တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်
နိုဝင်ဘာ ၃၊ နေပြည်တော်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ငါးရက်ကြာခန့်ခရီးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဥ်တွေင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်နိုင်ငံရေးအသိုင်းအဝန်းမှ သိရသည်။
အဆိုပါတရုတ်ခရီးစဥ်ကို နိုဝင်ဘာ ၅ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကူးမင်းမြို့တွင် ပြုလုပ်မည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။
" ဒီအစည်းအဝေးအပြင် အခြားသော နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုတွေပါ ရှိလာနိုင်ပါတယ်။ နစကရဲ့ ခြေလှမ်းတွေက စိတ်ဝင်စားစရာကောင်းလာတယ်ဗျ ကုလကိုယ်စားလှယ်ကလည်း လာတွေ့ပြီးတော့ မြန်မာ့အရေးမြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းတာမျိုးလုပ်သင့်တယ်ဆိုတာမျိုးလည်း ကုလအစည်းအဝေးမှာ ပြောသွားတော့လေ။ လာမည့်ရွေးကေဲာက်ပွဲ အောင်မြင်ရေးကို နိုင်ငံရေး ထွက်ပေါက်တခုအနေနဲ့ ရှူမြင်ပြီး အကုန်ဝိုင်းကူညီကြမယ့် သဘောထင်တယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
အဆိုပါအစည်းအဝေးသည် သုံးနှစ်တကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်သည့် တရုတ်၊မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ကြမှာဖြစ်သည်။
#centralnewsnaypyitaw