ဒီတစ်သက်တာကို ဘယ်သူနဲ့ ဖြတ်သန်းမလဲ..
တချို့က အချစ်ကြောင့် ဒီလူကို ရွေးချယ်တယ်။
တချို့က ငွေကြေးဥစ္စာကြောင့်၊
တချို့က ရုပ်ရည်ကြောင့်၊
တချို့က ကျော်စောမှုကြောင့်...
လူတစ်ယောက်ကို
ဘယ်လို အကြောင်းနဲ့ပဲ ရွေးချယ် ရွေးချယ်
ကိုယ်ရွေးချယ်တဲ့လူနဲ့
နေ့ရက်တွေကို အတူဖြတ်သန်းပြီဆိုရင်
ပိုက်ဆံ သုံးဖို့ လုံလုံလောက်လောက်ရှိရင် ရပြီ၊
ရုပ်ရည် ကြောက်စရာမကောင်းရင် ရပြီ၊
စိတ်ရော ကိုယ်ရော ကျန်းမာနေဖို့က အဓိက
ဆိုတာ သိလာလိမ့်မယ်။
တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှု စံနှုန်းက
ရိုးရိုးရှင်းရှင်းလေးပါပဲ...
မျက်ရည်ထက် အရယ်အပြုံးက ပိုများနေရင်
ကိုယ်လူရွေးတာ မှန်သွားပြီလို့ ပြောလို့ရပါတယ်။
#နိုင်းနိုင်းစနေ
