Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတွေ ပြောင်းလဲသွားတယ်ဆိုတာ
အကြောင်းမဲ့သက်သက် ပြောင်းလဲသွားတာမဟုတ်ဘူး၊
ကိုယ့်အခြေအနေကိုကြည့်ပြီး တစ်ဖက်က
ပြောင်းလဲသွားတာ ဖြစ်နိုင်သလို၊
တစ်ဖက်လူရဲ့အခြေအနေကိုကြည့်ပြီး ကိုယ်က
ပြောင်းလဲပေးရတာမျိုးလည်း ရှိတယ်။
🌻🤍
#ashin_narainda
"မေမေ ...
အန်တီမြတ် နဲ့ မေမေက ဘာတော်လဲဟင်။"
မမေး စဖူး မေးလာခဲ့တဲ့ သမီးလေးရဲ့ အမေးဟာ
ကျွန်မစိတ်နှလုံးကို မွှေနှောက်သွားသည့်အလား။
ဟုတ်တယ်... တကယ်လဲ ကျွန်မဟာ မြတ်နဲ့ပတ်သတ်ရင်
မလုံစရာ အရင်းခံမေတ္တာတွေ ရှိနေခဲ့တာ မဟုတ်လား။
" မေမေတို့က သွေးသားမတော်စပ်ပေမဲ့ သမီးလေးမြင်သလိုပဲ
ဖေးဖေးမမနဲ့ ကူညီရိုင်းပင်းရင်း အပြန်အလှန် ရှိကြတယ်လေ၊"
" ဒါဆို သူငယ်ချင်းလားဟင်"
ကလေးတွေကို မလိမ်ညာဖို့ သင်ပြပေးနေတဲ့ ကျွန်မဟာ
ကျွန်မ ၀မ်းနဲ့လွယ်ရတဲ့ သမီးကို ပင် လိမ်ညာနေမိခဲ့တယ်။
" အင်း သူငယ်ချင်း ... သူငယ်ချင်းပေါ့"
ဒါဖြင့်
"ဖေဖေ ရှိတဲ့ နေ့တွေမှာ အန်တီမြတ်က အိမ် သိပ်မလာဘူးနော်။
ဖေဖေ နဲ့ရော သူငယ်ချင်းမဟုတ်ဘူးလားဟင်"
" သမီး ဖေဖေ ရှိတော့ အနေခက်လို့နေမှာပေါ့။
အန်တီမြတ်က အပျိုကြီးဆိုတော့ ဇီဇာကြောင်တယ်သမီးရဲ့ "
တကယ်ဆို အစ်ကို ရှိတဲ့ အချိန်တွေမှာ မြတ်က လာတတ်ပေမဲ့လည်း
အဲ့အမျိုးသမီးမျက်နှာလေးမှာ ငြှိုးနေတတ်တယ်။
ချစ်ခြင်းမေတ္တာရဲ့ နောက်ဆက်တွဲ အခန်းကဏ္ဍတွေပါပဲ။
မှားမှန်းသိနေရင်တောင် မရုန်းရက်နိုင်တဲ့နှောင်ကြိုးတွေ။
မြတ်အတွက်လဲ တကယ်၀မ်းနည်းဖို့ကောင်းတယ်။
ကျွန်မအပြင် ကျွန်မ ၀မ်းက ကလေးငယ်ကိုပါ
သူ့ခမျာ ပြုံးပြထားရရှာတာ။
ဒီနေ့အထိ မြတ်ရဲ့ လုပ်ရက်တွေဟာ
ကျွန်မ အိမ်ထောင်ရေးကိုဝောာ့ မြူတစ်မှုန်မျှတောင် မနှောက်ယှက်ခဲ့။
ချစ်ခြင်းမေတ္တာမှာ ဆုတောင်းတွေ မများရဘူးတဲ့။
မြတ်ဟာ ကျွန်မ မရက်တဲ့ ပိုက်ကွန်ထဲ တိုးလို့ ၀င်လို့ရယ်။
Telegram -https://t.me/girllovestorybyhsu
#girllovestorybyhsu