KIA ထိန်းချုပ်ရာ နယ်မြေတလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို KIA ဘက်က တန်ပြန် ပိတ်ပစ်

နိုဝင်ဘာ ၁၄

KIA ထိန်းချုပ်ရာ နယ်မြေ တလျှောက်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကစ KIA ဘက်က တန်ပြန် ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"KIA ထိန်းချုပ်ထားတဲ့ နေရာက တရုတ် - မြန်မာ နယ်စပ် ဂိတ်တွေကို KIA ဘက်က သံတံခါး ကြီးတွေနဲ့ ပိတ်ပစ်ပြီ။" လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တရုတ်ဘက်ကဝော့ ကံပိုင်တည် နယ်စပ်ဂိတ်နဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးဖို့ ပြောပေမယ့် KIA ထိန်းချုပ် နယ်မြေက ဂိတ်အားလုံး မဖွင့်ဘူးဆိုရင် တဂိတ်မှ မဖွင့်ပေးနိုင်ဘူး ဆိုပြီး အသေ ပိတ်ပစ်တယ်လို့ သူက ပြောပါတယ်။

တရုတ်ဘက်ကတော့ သူတို့ဘက်က လိုချင်တဲ့ ပစ္စည်းတွေ သယ်ယူလိုနေကြတယ်လို့ ဆိုပါတယ်။

"လိုင်ဇာ ဟိုဘက်ကမ်း တရုတ်ဘက်ခြမ်းမှာ လိုင်ဇာဘက် ဝင်မယ့်ကားတွေ အများကြီး တန်းစီနေတယ်။ တရုတ်ဘက်ခြမ်းကဝောာ့ ဂိတ်ဖွင့်ထားတယ်။ လိုင်ဇာဘက်ခြမ်းတော့ ပိတ်ထားတာ နှစ်ပတ် ဝန်းကျင်ရှိပြီ" လို့ ဒေသခံ တယောက်က ပြောပါတယ်။

တရုတ်ဘက်ကတော့ တရုတ်နိုင်ငံသားတွေကို ခေါ်ယူနေပြီး မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်ကနေ ထွက်ခိုင်းနေကာ ဝင်ပြီးသားတရုတ်နိုင်ငံသားတွေ ပြန်မထွက်ခိုင်းသလို ထွက်ပြီးသား နိုင်ငံသားတွေလည်း တရုတ်ဘက်ထဲ ပြန်ဝင်ခွင့် မပြုဘူးလို့ သူက ပြောပါတယ်။

တရုတ်ဘက်က နယ်စပ်ဂိတ် ဖွင့်ရင်လည်း တရုတ် နိုင်ငံသားတွေသာ ဝင်ထွက်လို့ရပြီး တရုတ်ဘက်က လိုချင်တဲ့ ပစ္စည်းတွေသာ သယ်ယူတာတွေ့ရတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

တရုတ် - ကချင် နယ်စပ် ဂိတ်တွေ ကနေ တရုတ်ဘက်က မြန်မာ့ အဖိုးတန် သယံဇာတ ပစ္စည်းတွေ အများဆုံးသယ်ယူ နေတဲ့ ဂိတ်တွေဖြစ်တာကြောင့် နယ်စပ် ဒေသခံတွေ အနေနဲ့ အခက်အခဲ ကြုံရပေမယ့် ဆုံးရှုံးမှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ နယ်စပ်ဒေသခံတွေက ဆိုပါတယ်။

Photo Crd# ဒေသခံ
#centralnewsnaypyitaw

image
image
image
image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
34 w - Translate

စာသောက်ဆိုင် #menu လုပ်ဖို့အတွက် #မြန်မာ ထမင်းဟင်း အခေါ်အဝေါ်များ 🥘🥗🍝🍜🍲🍛

image
image
image
image
image

နိုဝင်ဘာ ၁၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

နိုဝင်ဘာ ၁၄ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ရာသီမကုန်ခင်မှာ မန်စီးတီးအတွက် ပြန်ကစားနိုင်ဖို့ ရိုဒရီ ရည်မှန်း

နိုဝင်ဘာ ၁၄

ဒူးအရွတ်(ACL)ဒဏ်ရာ ခွဲစိတ်မှု ခံယူထားရတဲ့ စပိန်ကွင်းလယ်လူ ရိုဒရီဟာ ဒီရာသီမကုန်ခင်မှာ မန်စီးတီးအသင်း အတွက် ပြန်ကစားပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။

ရိုဒရီက “ကျနော်ဒီရာသီမှာ ကစားနိုင်ဖို့ စိတ်ထဲရှိနေပါတယ်။ အခုအချိန်မှာ ရာသီက ပိုရှည်ကြာပြီး ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲက ဇူလိုင် ၁၃ ရက်မှ အဆုံးသတ်မှာပါ။ ဒီရာသီမှာ ပြန်ကစားနိုင်ဖို့က စိန်ခေါ်မှုအဖြစ် ရှိနေပါ တယ်။ ကျနော်ဟာ စတင် လမ်းလျှောက်ပြီးပြီဖြစ်သလို ထင်ထားတာထက် ပိုပြီးကောင်းတယ်ဆိုတဲ့ ခံစားချက် ရရှိနေပါတယ်”လို့ COPE ကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့လကမှ ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ ရိုဒရီဟာ စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ဟာ ဒီရာသီ မန်စီးတီးအသင်းအတွက် ရိုဒရီ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြတာပါ။

ဒါပေမယ့် ရိုဒရီကတော့ ရာသီမကုန်ခင်မှာ မန်စီးတီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ရိုဒရီ မပါဝင်နိုင်တဲ့ပွဲတွေမှာ ရလဒ်တွေဆိုးနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး ရှုံးပွဲ ကြုံတွေ့ခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအတွက်လည်း သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ရှုံးပွဲတွေကြောင့် ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ် ကွာဟသွားခဲ့တာပါ။

ဂွာဒီယိုလာကတော့ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာချိန်မှာ သူတို့ရလဒ်ကောင်းတွေ ရယူနိုင်မယ်ဆို တာ ယုံကြည်မှုရှိတယ်လို့ ပြောထားပါတယ်။

မန်စီးတီးအသင်းဟာ နိုဝင်ဘာနိုင်ငံတကာ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: goal

ပုံ - ရိုဒရီကို တွေ့ရစဉ်

#centralnewsnaypyitaw

image