ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အထိအခိုက် မခံနိုင်ဆုံးဆိုရင်
စိတ်လို့ ပြောရမှာပဲ။
ဘယ်လောက်ပဲ ရင့်ကျက်လာပါတယ်ပြောပြော--"
စိတ်ကို ထိခိုက်လာရင်
စားလည်း မဝင်တော့ဘူး
အိပ်လည်း မပျော်တော့ဘူး--"
ကျွန်တော်ထင်တယ် စိတ်ရင်းတွေပေးပြီး
စိတ်ရင်းနဲ့ခံစားတတ်သူတွေရဲ့
အားအနည်းဆုံး အပိုင်းဟာ စိတ်ပဲဖြစ်မှာ--"
🍂🖤
#ᗩᒪoᑎᗴ
ကိုယ့်အပိုင်ဆိုရင် ပန်းကလေးတစ်ပွင့်တောင် မျှဝေမနမ်းရှိုက်ချင်ဘူး။
ကိုယ်ပျိုးထားတဲ့ပန်းကလေးရဲ့ ကြီးထွားပွင့်လန်းမှုကို ကိုယ်ပဲငေးမျှော်စောင့်စားမယ်။
ပန်းကလေးကို ကိုယ်ပဲပေါင်းသင်မြက်နှုတ်မယ်။
ပန်းကလေးကို ကိုယ်ပဲနမ်းရှိုက်မယ် ၊ မွှေးကြူမယ်။
နောက်ဆုံး ပန်းကလေးကို ခြွေပြစ်မယ်ဆိုရင်လည်း ကိုယ်ပဲခူးခြွေမယ်။
ကိုယ့်ပန်းကလေးကို အခြားလူက ငေးခွင့် ၊ ခူးခွင့် ၊ နမ်းရှိုက်ခွင့် အားလုံးတားမြစ်ပါတယ်။
#ပါရီယာနာ
-နှစ်ရှည်လများ ကြာမှ မဟုတ်ပါဘူး
စိတ်အလိုမကျရင် ခနလေးနဲ့လည်း မေတ္တာကုန်သွားနိုင်မှန်း
ခများနဲ့ တွေ့မှ ကျုပ်လည်း သိလာခဲ့တာ ။
-ပိုနေတဲ့ ပေးတဲ့ မေတ္တာမှ မဟုတ်ဘဲ
မင်းဖြစ်နေလို့ ပေးထားတဲ့ မာနတွေပါ ။
-ဝဋ်ကြွေးဖြစ်ဖြစ် ရေစက်ဖြစ်ဖြစ်
ဒီဘဝ ဒီမျှနဲ့ ကျေ-ပါရစေတော့ ။
#နေညိုရောင်ခြည်
#ပြန်မရနိုင်တော့သောအရာများ
ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။
အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။
နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။
နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။
ကျနော်အိမ်ကို လွမ်းတယ်။
အတိအကျပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်❣️