Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီလောက် ပြသနာလေးနဲ့တဲ့၊
အိုင်ထဲက ဖားနဲ့
ပင်လယ်ထဲက ငါး
ဖိအားချင်းမှ မတူတာ..။
#ဒဿ 2024
-pic crd
ကိုယ့်ကို ချစ်လို့ရတယ် ။ မု၊န်းလို့ရတယ် ။
ခင်လို့ရတယ် ။ မခင်ချင်လဲရတယ် ။
မတော်ချင်လဲ ရတယ် ။ မခေါ်ချင်လဲ ရတယ် ။
ကိုယ့်ဘဝနဲ့ကိုယ်နေ ကိုယ်လမ်းကိုသာတည့်တည့်လျှောက် စိ'တ်မဆိုးဘူး ။ အပြ၊စ်မတင်ဘူး ။
ဒါပေမဲ့
ခလုတ်ခဏခဏ လာမတိုက်နဲ့ ။
မလေးမစာ: လာမလုပ်နဲ့ ။
ရိသလို ရွဲ့သလို မထိတတိ လာမပြောနဲ့ ။
လက်မခံဘူး ။
ဘာလုပ်ချင်လဲ ။ ဘာဖြစ်ချင်လဲ မေးရင်
ဘာမှတော့ ပြန်လုပ်မှာ မဟုတ်ဘူး ။
ဘာမှလဲ မဖြစ်ချင်ဘူး ။
နောက်တခေါက် ပ၊တ်သ-တ် စရာတော့ မရှိဘူး ။
#crd
Toy Story ဇာတ်လမ်းတွေ ကြည့်ဖူးလား ။
အဲ့ထဲမှာ Lotso ဆိုတဲ့
Villain လေးတစ်ကောင်ပါတယ် ။
သူက ဇာတ်ကားတကားလုံး ၊
အစ အလယ် အဆုံး
ယုတ်မာခဲ့တဲ့ကောင်ပေါ့ ...
ဒီလို ဆိုးသွမ်းရက်စက်လှပါတယ်ဆိုတဲ့
Lotso ကို သူ့အတိတ်ရဲ့
တခနစာ Flashback လေးတခုထဲနဲ့
ကျွန်တော်ကတော့ နားလည်ပေးနိုင်ခဲ့တယ် ...
တကယ်တော့ Lotso ဟာလေ
သူသဘောအကျဆုံး
သူအချစ်ရဆုံး ၊
ဖြစ်တည်မှု တစုံဆီကနေ
အစွန့်ပစ်ခံခဲ့ရတဲ့ အရုပ်လေးတရုပ် ။
သူ့ဘ၀က လွယ်လွယ်ကူကူ
အစားထိုးခံလိုက်ရနိုင်ပါလားလို့
နားလည်သွားခဲ့တဲ့ အရုပ်လေးတရုပ် ...
Lotso မှားခဲ့တာ ဘာလဲသိလား ။
သူ့သခင်ဟာ သူ့အပေါ် မစွှန့်လွှတ်နိုင်လောက်အောင် ချစ်မယ်လို့ ၊
အထင်လွဲခဲ့မိခြင်းတခုပဲ ။
အတူတူ ကစားတယ် ၊ အတူတူ ပျော်ခဲ့တယ်
ပီးတော့ ချစ်ခဲ့ကြတယ်မို့လား ။
ဒီလောက်ဆို သူလဲ
သူ့ကိုသူ အရေးပါလှပီ ၊
အချစ်ခံရပီ ထင်ခဲ့မိမှာပေါ့ ...
ဒါပေမဲ့ တကယ်တမ်း
စွန့်လွှတ်ဖို့ ကြုံလာရတဲ့အခါကျရင်တော့လေ
သူမရှိလဲ ဖြစ်သွားမဲ့ လူတွေချည်းပါပဲ
ဆိုတာ သူနားလည်ခဲ့တယ် ...
ကျွန်တော်တို့ရော နားလည်ခဲ့ကြလား ...
ကျွန်တော်တို့လဲ Lotso လေးလို
အစွန့်ပစ်ခံရနိုင်တာပါပဲ ။
တကယ်လို့များ Lotso လေးလို ၊
ရုတ်တရတ် ပျောက်ကွယ်သွားလို့လည်း
အရေးတယူ လိုက်ရှာပေးမဲ့သူ
မရှိခဲ့တဲ့အခါ ...
လူတိုင်းက သူတို့ကိုပျော်ရွှင်နေစေလို့သာ
ဒီအချိန်ထိ သူတို့အနားမှာ
တယုတယထားတာလဲ ဖြစ်နိုင်တာပဲလေ ။
ကိုယ့်ကို လိုအပ်လို့သုံးနေကြပေမဲ့ ၊
မတော်တဆများ ပျောက်ကွယ်သွားခဲ့ရင် ၊
တယုတယလိုက်ရှာမဲ့လူ ၊
ဆုံးရှုံးသွားရမှာကြောက်တဲ့လူလဲ
ရှိနေခဲ့မယ်မထင်ဘူး ။
ဒီလိုသာဆိုရင်
ကျွန်တော်တို့လဲ Lotso လေးလို
ဆိုးသွမ်းကောင်း ဆိုးသွမ်းသွားနိုင်ပါရဲ့ ...
ဒိလိုနဲ့ပဲ တချိန်ချိန်မှာတော့
အချစ်ဆိုတဲ့ အရာကို
မယုံကြည်နိုင်တော့တဲ့အခါ ...
ဒါဟာ ကိုယ်မချစ်တတ်ခဲ့လို့မဟုတ်ပဲ
အချစ်တွေလွန်ခဲ့ဖူးလို့လဲ ဖြစ်နိုင်တယ်မို့လား ။
Lotso ဆိုတဲ့
အစွန့်ပစ်ခံ အရုပ်ကလေးလိုပေါ့ ... 🧸
Credit : original writer
အကြောင်းရှိလို့ အကျိုးဖြစ်တာမို့
ကွေကွင်းမှု ပေါင်းစည်းမှုတွေအပေါ် မတုန်လှုပ်နဲ့
ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ် သတ္တိမွေးမြူရမယ် ။
ဘဝထဲရှင်သန်ရမှာမို့ ရင့်ကျက်ဖို့လိုတယ်။ပညာတွေတတ်ဖို့လိုတယ် (ဆင်ခြင်နိုင်စွမ်းရှိဖို့လိုတယ်)။ တစ်ဦးတည်းရပ်တည်နိုင်ရမယ်။အသက်ရှင်နေတဲ့အချိန်မှာ ကိုယ်တိုင်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်ကသူတွေအတွက်ပါ တန်ဖိုးရှိအောင်နေရမယ် ။
ခွဲခွာရ အထီးကျန်ရခြင်းတွေအပေါ် ခဏခဏတွေးပြီး ဝမ်းနည်းတာမျိုး မလုပ်ပါနဲ့။ ဘာမှ အကျိုးမရှိဘူး။ ကျင်လည်ရာနေရာမှာ မေတ္တာပေး၊ စေတနာကောင်းထားပြီး ရှင်သန်🌱 ကံတူရာ ကံပါရာ လူအချင်းချင်းပဲ အတူနေရတာမို့ တွေးပြီး ဝမ်းမနည်းနဲ့။
မတုန်မလှုပ် ဖြစ်ဖို့ ရင့်ကျက်လာဖို့က ကျင့်ယူရတာမို့ အမြဲ ဆင်ခြင်ပြီးနေနော်။ဝမ်းနည်းစရာတွေ အခါခါ မတွေးပါနဲ့။ လက်ရှိအချိန်ကိုသာ တန်ဖိုးရှိအောင်နေလိုက်ပါ။ လက်ရှိအချိန်ကို အကောင်းဆုံးဖြတ်သန်းပြီးဝမ်းနည်းမှုတွေ မေ့ပျောက်ထားလိုက်ပါ။
°° ကံပါရင် ပြန်တွေ့မယ် ။ ကံမပါလို့မတွေ့လည်း ဝမ်းမနည်းနဲ့🍂တစ်ယောက်တည်း သတ္တိရှိရှိနဲ့ ရှင်သန် 🐚🤍 °°
#gizemczarina
#peaceofmind