Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မင်းကိုငါချစ်တယ်။
ဒါပေမယ့် မင်းက
ငါချစ်ခဲ့တုန်းကပုံစံမျိုး
မဟုတ်တော့ဘူး.....။
ငါကလည်း မင်းနှစ်သက်ခဲ့တဲ့
အနေအထား မရှိတော့ဘူး...။
ငါတို့ ဘာဆက်လုပ်ကြမလဲဟင်?
(တစ်ချို့အရာတွေ ဆုံးရှုံးသွားရပုံက
သိပ်အံ့သြဖို့ကောင်းတယ်...။
မင်းနေရာမှာ မင်းနဲ့ပြန်အစားထိုးရင်တောင်
ပြန်မရတော့မယ့် အရာမျိုးတွေ ရှိတယ်။)
🍂🖤
#ᗩᒪoᑎᗴ
Love cannot be forced တဲ့။
ချစ်ခြင်းမေတ္တာဆိုတာ အတင်း
အဓမ္မလုပ်ယူလို့မရဘူး။
တစ်ဖက်လူဟာ ကိုယ့်မေတ္တာကြောင့် စိတ်ရှုပ်ရတယ်ဆိုရင် ဒါလည်း
အပြစ်တစ်ခုကျူးလွန်တယ်ဆိုပြီး
ပြောကြတာ ကြားဖူးတယ်။
ချစ်ခြင်းမေတ္တာဆိုတာ လူသားတွေနဲ့ မကင်းနိုင်ဘူး။တစ်ခါတလေ
ကိုယ်မျှော်လင့်သလို အချစ်မျိုး
မဖြစ်လာတဲ့အခါ စိတ်ပျက်မိတယ်၊အချစ်ကို အယုံအကြည်မဲ့လာတယ်။မချစ်တတ်တဲ့နှလုံးသားရှိရင် သိပ်ကောင်းမှာပဲ ကလေးကလား အတွေးဝင်မိမယ်။
ချစ်မိသူတိုင်း ဒီလိုတွေးဖူးမှာပဲ။
ကိုယ်တော့ ခံစားတတ်တဲ့နှလုံးသားမရှိရင် ကောင်းမယ်ဆိုပြီး
မကြာဆိုသလို တွေးမိတယ်။
အချစ်ဆိုတာ ကိုယ်တစ်ယောက်တည်း ဆန္ဒရှိရင်ရုံနဲ့ မရဘူး။
တစ်ဖက်က ဆန္ဒရှိရဲ့လားဆိုတာ
သိပ်ကို အရေးကြီးတယ်။
ဘယ်လောက်ပဲ ကိုယ်က အချစ်တွေ ပေးချင်လည်း တစ်ဖက်လူက
လက်မခံနိုင်ဘူးဆိုရင် ကိုယ့်အချစ်ကို ပြန်ရုတ်သိမ်းရပါမယ်။
တစ်ဖက်လူ အဆင်သင့်မဖြစ်ရင်
ကိုယ့်လိုအင်ဆန္ဒများကို ထိန်းချုပ်နိုင်မယ်။ဒါဟာ တစ်ဖက်လူကို
လေးစားတဲ့အပြုအမူဖြစ်ပါတယ်။
ဘဝမှာ အရာအားလုံးကို ကြိုးစားရင် ကြိုးစားသလောက် ရနိုင်ပေမဲ့
နှလုံးသားရေးရာတော့ မဖြစ်နိုင်ပါ။
ကိုယ်က ချစ်ပေမဲ့ သူမချစ်ဘူး။
ကိုယ့်ကို ချစ်တဲ့လူကျ ကိုယ်က ပြန်မချစ်နိုင်ဘူး။အဲနားမှာတင်
အချစ်သံသရာ လည်နေတာပါ။
လူတစ်ဦးကို ချစ်တယ်မလား။
ချစ်ခွင့်ရချိန်အတွင်း အကောင်းဆုံး
မေတ္တာနဲ့သာ ချစ်ပေးပါ။
အကြောင်းဖန်လို့ ရေစက်ကုန်ပြီး
လမ်းခွဲဖို့ အခြေအနေရောက်လာရင် အေးဆေးလမ်းခွဲနိုင်ရမယ်။ဒါဟာ
လူကြီးဆန်ဆန် ရင့်ကျက်စွာ လူတစ်ယောက်ကို ချစ်တာ ဖြစ်တယ်။
မရမက အတင်းတောင်းပန်ခယ ပြီး
ဆွဲထားလည်း ဒီအချစ်ရေးက
ရေရှည်မြဲမှာတဲ့လား။ကိုယ်တော့
မြဲမယ် မထင်ဘူး။
ကိုယ့်သူငယ်ချင်းတစ်ယောက်
ဘေးနားကနေ ဘယ်လောက်ပဲ
နားချပါစေ နားမဝင်ဘူး။သိပ်ချစ်တာကိုး နားလည်ပါတယ်။နာကျင်ရတာလည်း ပြောမနေနဲ့။သူချစ်သလောက် ဟိုက အဖတ်တောင် မလုပ်ဘူး။ဘာမှ မပြောနိုင်လို့ လွှတ်ထားလိုက်တယ်။အချိန်တစ်ခု
ရောက်သွားတဲ့အခါ သူနိုးထလာခဲ့တယ်။ဒီမကောင်းတဲ့အချစ်ရေးကနေ ရုန်းထွက်နိုင်ခဲ့တယ်။အချစ်ကို
အတင်းလုပ်ယူလို့မရမှန်း နားလည်သွားတယ် ထင်ပါရဲ့။ခုတော့လည်း သူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရင်း အရင်လို ပျော်ပျော်နေတတ်တဲ့ကောင်မလေး အဖြစ် ပြန်လည်မြင်ရတော့ ဝမ်းသာမိပါတယ်။
သိပ်ချစ်မိတာကို နားလည်တယ်။
အချိန်တစ်ခုထိ ရူးသွပ်မယ်ဆိုလည်း ရတယ်။ဒါပေမဲ့ တစ်ဘဝလုံး
ရူးသွပ်ဖို့ ခွင့်မပြုသင့်ပါ။
သင်ကသာ အရူးလို သတိရ သိပ်လွမ်းနေပေမဲ့ တစ်ဖက်မှာ နောက်အချစ်ရေးတစ်ခုကို စတင်ပြီး နောက်လူသစ်ရှေ့မှာ တီတီတာတာ စကားချိုချိုလေးတွေ ပြောနေလောက်ပြီ။ဒါကြောင့် တစ်ယောက်ယောက်က
မချစ်တော့ဘူးပြောရင် ဒါဟာ အမှန်တရားပဲဆိုတာ နားလည်လက်ခံဖို့
ကြိုးစားသင့်ပါတယ်။
ကိုယ့်ကို မချစ်မနှစ်သက်တော့ဘူး
ပြောတဲ့လူတစ်ယောက်ကို ကိုယ်တို့ အလိုက်တသိနဲ့ လက်လွတ်ခွင့်
ပေးရအောင်။အနည်းဆုံးတော့
ချစ်ခဲ့ကြတာပဲ ဖြေသိမ့်ပြီး
ရှေ့ဆက်ရမဲ့ဘဝခရီးလမ်းကို အကောင်းဆုံး ရှင်သန်ဖို့ ရွေးချယ်ကြရအောင်။ကိုယ်တို့က မငယ်တော့တဲ့အရွယ်မို့
အချစ်ရေးမှာ လူကြီးဆန်သင့်ပါပြီ။
#နူးနူးအောင်