32 w - Translate

Beautiful Reddish Brown Hair 🤎🤎🤎

image
32 w - Translate

Beautiful Reddish Brown Hair 🤎🤎🤎

image
32 w - Translate

Beautiful Reddish Brown Hair 🤎🤎🤎

imageimage
+5
32 w - Translate

နိုင်ငံအနာဂတ်အတွက် “မေခရိုစီးပွားရေးမူဝါဒများ”နှင့် “အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ”ရေးဆွဲအကောင်အထည်ဖော်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံအနာဂတ်အတွက် စီးပွားရေးပညာ၏ ဉာဏစွမ်းအားများပါဝင်ရန်လိုအပ်မှုနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေး ပညာနှစ် (၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အနာဂတ်တွင်တွေ့ကြုံရမည့် စီးပွားရေးနှင့်ပတ်သက်သည့်အခက်အခဲများကို ကမ္ဘာ့နိုင်ငံများကလေ့လာသုတေသနပြု၍ သုံးသပ်တွက်ချက်ပြင်ဆင်လာကြရာ၌ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးအခြေအနေ၊ လူ့အရင်းအမြစ်၊ သယံဇာတအရင်းအမြစ်နှင့် ငွေကြေးဓနအင်အားအခြေအနေအလိုက် ဆီလျော်သည့်နည်းလမ်းအမျိုးမျိုးကို ရှာဖွေချဉ်းကပ်ကြိုးပမ်းဆောင်ရွက်လာကြသည်ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြပ်အတည်း ပြဿနာဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရလဒ်ကွာခြားနိုင်သည်ကို လေ့လာတွေ့ရှိနိုင်ခြင်းကြောင့် စွမ်းဆောင်ရည်အခြေခံလိုအပ်ချက်များကို ပြင်ဆင်တည်ဆောက်နိုင်မှသာ နိုင်ငံအတွက် မျက်မှောက်ကာလသာမက အနာဂတ်ကာလတွင်ပါဖြစ်ပေါ်လာနိုင်သည့် ဖွံ့ဖြိုးမှုအလားအလာများကို ချဉ်းကပ်ဆောင်ရွက်နိုင်မည်ဟု ပြောသည်။

" ဒါ့ကြောင့် နိုင်ငံအနာဂတ်အတွက် “မေခရိုစီးပွားရေးမူဝါဒများ” နဲ့ “အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ”ရေးဆွဲအကောင်အ ထည်ဖော်နိုင်ဖို့ကိုဆောင်ရွက်ကြရပါမယ်။ အဲဒီ လုပ်ငန်းစဥ်မှာ စီးပွားရေးပညာရဲ့ ဉာဏစွမ်းအားတွေပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးစိန် ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံ ရေးဘောဂဗေဒ(Political Economy)အမြင်နှင့် လေ့လာသုတေသနပြုကာ နိုင်ငံအနာဂတ်အ တွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

image
32 w - Translate

ပင်လယ်စာရောင်းချသည့် ဆိုင်များမှ အဝယ်လိုက်နေခြင်းကြောင့် ပန်းခရုများ ပိုမိုတင်ပို့နိုင်ခဲ့

ရန်ကုန်ရှိ ပင်လယ်စာရောင်းချသည့်ဆိုင်များတွင် စားသုံးသူများလာခြင်းကြောင့် ဖျာပုံဒေသထွက် ပန်းခရုများကို ပိုမိုတင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပန်းခရုပိဿာချိန် (၇၅၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စက်တင်ဘာလအတွင်းက ပန်းခရုပိဿာချိန် (၅၅၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတွင် တင်ပို့ရောင်းချခဲ့သည့် ပန်းခရုများ၏ လတ်ဆက်မှုနှင့် သန့်ရှင်းမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိကာ ပန်းခရု တစ်ပိဿာလျှင် ငွေကျပ် (၂၀၅၀၀) ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ တင်ပို့အားကောင်းလာသည့် အတွက် ရေလုပ်သားများ၊ တနိုင်တပိုင်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင်းအလမ်းများ ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

image

တက်တဲ့သူလည်းများပြီး ဝင်ငွေလည်းကောင်းတဲ့ Business Analytics ပိုင်းကို Excel နဲ့ တိုးတက်ချင်တဲ့သူတွေအတွက် ၄ နာရီကြာတဲ့ Business Analytics with Excel Skills Free course ကို တက်ကြည့်ပါ။ တက်ပြီးရင် Completion certificate လည်းရရှိမှာဖြစ်ပါတယ်။ ဒီ Free courses ကဆိုရင် လူစိတ်ဝင်စားများ အများဆုံးထဲက free course တစ်ခုဖြစ်ပြီး တက်တဲ့သူလည်းများပါတယ်။
သင်ကြားပေးမဲ့ဟာတွေကတော အောက်ပါအတိုင်းဖြစ်ပါတယ်။
• Excel analytics functions
• Excel conditional formatting
• Pivot tables and slicers
• Scenario manager tool
• Solver tool
• Goal seek tool
• ANOVA
• Hypothesis testing
• Power BI
ဘယ်သူတွေတက်သင့်လဲဆိုရင်တော့
• IT Developers and Tester
• Data Analysts
• Junior Data Scientist
• Analytics professional
• BI and Reporting professionals
• Project Manger
• Students စသောသူတွေ Business Analytics ကို စိတ်ဝင်စားသောသူတွေ တက်သင့်ပါတယ်။
Link: https://www.simplilearn.com/le....arn-business-analyti

#crd

image

ဩစတြေးလျမှာ ၁၆ နှစ်အောက်တွေကို လူမှုကွန်ရက်သုံးခွင့် ပိတ်မယ့်ဥပဒေ အထက်လွှတ်တော် အတည်ပြုပြီ

နိုဝင်ဘာ ၂၉

ဩစတြေးလျနိုင်ငံဟာ အသက် ၁၆ နှစ်အောက်အရွယ်တွေကို လူမှုကွန်ရက်အသုံးပြုတာကို တားမြစ်မယ့် ဥပဒေတခုကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေဟာ နောက်တနှစ်ကျော်မှသာ အသက်ဝင်လာနိုင်ပြီး ဒီတားမြစ်ချက်နဲ့ ကန့်သတ်ချက်တွေကို လိုက်နာ အကောင်အထည်မဖော်တဲ့ နည်းပညာကုမ္ပဏီတွေအနေနဲပလည်း ဒေါ်လာ ၃၂ ဒသမ ၅ သန်းထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

ဘယ်လိုလူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်မယ်ဆိုတာ ရည်ညွှန်းမထားပေမယ့် နောက်ပိုင်းမှာတော့ eSafety Commissioner ရဲ့ အကြံဉာဏ်တွေနဲ့အတူ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ကန့်သတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အသက်စစ်ဆေးတဲ့ နည်းပညာ ပုံစံအချို့ကို အသုံးပြုမှာဖြစ်တယ်လို့ ဩစတြေးလျအစိုးရက ပြောကြားထားပေမယ့် လုပ်ငန်းစဉ်တွေကိုတော့ လာမယ့်လတွေအတွင်း စတင်စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

လူငယ်တွေကို ဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဒီဥပဒေလိုအပ်ကြောင်းနဲ့ မိဘတွေကလည်း ဒီကိစ္စအပေါ် တောင်းဆိုထောက်ခံမှုတွေရှိတယ်လို့ ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က ပြောပါတယ်။

ဒါပေမယ့် တားမြစ်ချက်ကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ လူမှုဝန်းကျင်အပေါ် သက်ရောက်လာစေမယ့်အရာတွေအတွက် မေးခွန်းထုတ်ရမှာတွေရှိတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း အသုံးပြုသူရဲ့ တည်နေရာကို ဖုံးကွယ်နိုင်ပြီး တခြားနိုင်ငံကနေ အသုံးပြုနေတဲ့ပုံမျိုးဖြစ်စေတဲ့ VPN တွေကတဆင့်ကန့်သတ်ချက်တွေကို အလွယ်တကူ ကျော်လွှားနိုင်ခြေရှိတယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒီလိုကန့်သတ်ဖို့ ကြိုးပမ်းမှုတွေဟာ ဩစတြေးလျက ပထမဆုံးမဟုတ်ဘဲ တခြားနိုင်ငံတွေကလည်း ကြိုးပမ်းမှုတွေရှိနေခဲ့ ရှိနေကြပါတယ်။ ဒါဟာကမ္ဘာလုံးဆိုင်ရာ ပြသနာဖြစ်ပြီး ဩစတြေးလျလူငယ်တွေကိုလည်း ကလေးဘ၀ သဘာ၀အတိုင်း ကြုံစေလိုတယ်လို့ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ပြောပါတယ်။

Ref:BBC
Photo:Getty Images

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
32 w - Translate

■ ချယ်လ်ဆီးနဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းနည်းပြသစ်အဖြစ် (၂) နှစ်ခွဲစာချုပ်ချုပ်ကာ ခန့်အပ်ခံခဲ့ရပါတယ်။ ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ တန်းဆင်းဇုန်နဲ့ (၂)မှတ်အကွာ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူ အာနိုးလ်ရဲ့နေရာမှာအစားထိုးဖို့အတွက် လေဗာကူဆင်အသင်းညာနောက်ခံလူ ဖရင်ပေါင်ကို ပစ်မှတ်ထားနေပါတယ်။ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

>>>>>

■ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ အေစီမီလန်အသင်းဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ သီယိုဟာနန်ဒက်ဇ်နဲ့ အေစီမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ အင်တာမိုင်ယာမီအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ၂၀၂၅ မေဂျာလိဂ်ရာသီအကုန်ထိရှိမယ့် (၁)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၂၄ ရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် (၃၇)ပွဲပါဝင်ကစားခဲ့ပြီး (၂၅)ဂိုးသွင်းယူကာ Supporters' Shield ဖလားရယူနိုင်ခဲ့ပါတယ်။

■ ဖီအိုရမ်တီးနားနဲ့ နာပိုလီအသင်းတို့ဟာ ပိုလန်နောက်ခံလူ ခီဗီရောကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ခီဗီရောကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာခွင့်ပေးဖွယ်မရှိဘူးလို့ သိရပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူဖို့ ပြင်းထန်တဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီလပ်ကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့အသင်းဟောင်း မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

image

အန်ကွန်ကူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိတယ်လို့ မာရက်စ်ကာပြော

နိုဝင်ဘာ ၂၉

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ပြင်သစ်ကစားသမား အန်ကွန်ကူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိတယ်လို့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ပြီးခဲ့တဲ့ရက် အနည်းငယ်က ကျနော် အန်ကွန်ကူနဲ့ စကားပြောခဲ့ပါတယ်။ သူမပျော်ရွှင်ဘူးဆိုတဲ့ အကြောင်း မပြောခဲ့ပါဘူး။ သူဟာ ပွဲတွေ အများကြီး ကစားချင်တယ်ဆိုတာတော့ သေချာပါတယ်။ ကျနော်က သူ့ကို အသင်းမှာ ဆက်ရှိစေချင်သလို အသင်းဘက်ကလည်း သူ့ကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိပါတယ်။ ဇန်နဝါရီမှာ သူ့ကို ထွက်ခွာခွင့်ပြုဖို့ စိတ်ကူးမရှိပါဘူး”လို့ ပြောခဲ့တာပါ။

အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ထွက်ခွာချင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နွေရာသီက လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်ကွန်ကူဟာ ပွဲဦးထွက်ရာသီမှာ ဒဏ်ရာ တွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။

အန်ကွန်ကူဟာ ဒီရာသီမှာတေ့ာ့ ချယ်လ်ဆီးအသင်းအတွက် ပွဲအများအပြား ကစားနိုင်ဖို့ မျှော်လင့်နေခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲကစားခွင့်နည်းခဲ့ပြီး ဖလားပြိုင်ပွဲတွေမှာသာ ဦးစားပေး အသုံးပြုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂျက်ဆန်ကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုတာကြောင့် အန်ကွန်ကူဟာ စိတ်ပျက်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့က အန်ကွန်ကူရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ချယ်လ်ဆီး အသင်းကို ကမ်းလှမ်းမှုပြုလုပ်ဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ကွန်ကူ ထွက်ခွာမှာကို ငြင်းပယ်ပြီး အသင်းရဲ့ အစီအစဉ်မှာ သူပါဝင်တယ်လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတဲ့ အန်ကွန်ကူရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

ပုံ - အန်ကွန်ကူကို တွေ့ရစဉ်

#centralnewsnaypyitaw

image
32 w - Translate

အချိန်တိုအတွင်းမှာပဲ ကိုယ်ရည်စ-စ်ပြီး ပိုလှလာတဲ့ သရုပ်ဆောင် နဝရတ် 😍
သရုပ်ဆောင် နဝရတ်က ပရိသ-တ်တွေရဲ့ မြင်ကွင်းရှေ့မှာပျော-က်ကွ-ယ်သွားခဲ့တာ အတော်ကြာပါပြီ။
အနုပညာအလုပ်တွေကို ရပ်နားခဲ့တာလည်း ကြာခဲ့ပြီဖြစ်ပြီး Mandalay Pet Shop ဆိုတဲ့နာမည်နဲ့ ပြင်ဦးလွင် ၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတာပါ။
ပရိသ-တ်ရှေ့က ပျော-က်ကွ-ယ်သွားတဲ့ အချိန်တိုခဏလေးအတွင်းမှာပဲ သူမဟာ ကိုယ်ရည်စ-စ်ပြီး ပိုလှလာလို့ သူမရဲ့ပရိသ-တ်တွေက သဘောကျနေခဲ့ကြတာပါ။❤️
#khinehninwai
#crd

image