32 w - Translate

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး ‌ေ-သဆုံးသူ လေးဦးထက်မနည်း ရှိခဲ့သည်။ သို့သော်လည်း အဆိုပါရာသီဥတုအခြေအနေသည် လျော့ပါးသက်သာစပြုလာသည့် လက္ခဏာများပြသလာသည်ဟု သိရသည်။

မြို့တော်၏ ရာသီဥတုဆိုင်ရာ အချက်လက်များအရ ဆိုးမြို့တော်တွင် ဆောင်းရာသီ ဆီးနှင်းကျဆင်းမှုသည် ၁၉၀၇ ခုနှစ်ကစသော မှတ်တမ်းတင်ခဲ့မှုများ၌ တတိယမြောက်အပြင်းထန်ဆုံး နှင်းကျဆင်းမှုဖြစ်သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ဆိုးလ်မြို့၏ ဆိပ်ကမ်းများတွင် နံနက် ၈ နာရီခန့်အထိ ဆီးနှင်းကျဆင်းမှုသည် ၄၀ စင်တီမီတာကျော်ရှိခဲ့သောကြောင့် လေကြောင်းခရီးစဉ် ၁၄၀ ကျော်ကို ဖျက်သိမ်းလိုက်ရသည်။ သို့ရာတွင် ကြာသပတေးနေ့နံနက် ၁၀ နာရီ၌ မြို့တော်ဧရိယာတွင် နှင်းထူထပ်စွာကျဆင်းမှုဆိုင်ရာ သတိပေးချက်ကို မိုးလေဝသ တာဝန်ရှိသူများက ရုပ်သိမ်းခဲ့သည်။

ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဂေါက်ကွင်းတစ်ခု၌ နှင်းဖုံးနေသော ပိုက်ကွန် ပြိုကျခဲ့၍ လူတစ်ဦး‌ေ-သဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကားရပ်နားရာ နေရာ တစ်ခုတွင် တဲပြိုကျသဖြင့် နောက်ထပ် တစ်ဦး ထပ်မံ‌ေ-သဆုံးခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်။

မြို့တော်၏ အရှေ့ပိုင်း အဝေးပြေးလမ်းများတွင် ယာဉ်မတော်တဆမှုများကြောင့်လည်း အနည်းဆုံး လူနှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ Gangwon ပြည်နယ် Wonju မြို့ရှိ အဝေးပြေးလမ်းတစ်ခုတွင် ဗုဒ္ဓဟူးနေ့ညပိုင်းက ယာဉ် ၅၃ စီး စုပြုံဆင့်တိုက်ခဲ့မှုကြောင့် လည်း လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဆိုးမြို့တော်၏ အဓိကလေဆိပ်ဖြစ်သော အင်ချွန်းသည် ရာသီဥတုဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ခရီးသည်များသည် ပျှမ်းမျှအားဖြင့် အချိန် ၂ နာရီခန့် နှောင့်နှေးကြန့်ကြာခဲ့သည်။ ကြာသပတေးနေ့တွင် လေယာဉ်ခရီးစဉ် ၁၄ ရာခိုင်နှုန်းသည် ကြန့်ကြာမှုဖြစ်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းသည် ဖျက်သိမ်းခဲ့ရသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြသည်။

ကြာသပတေးနေ့တွင် လေကြောင်းခရီးစဉ် ၁၄၂ ခုကို ဖျက်သိမ်းခဲ့ရပြီး လမ်းကြောင်း ၇၆ ခုရှိ ကူးတို့ရေယာဉ် ၉၉ စင်း၏ ပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့ရသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့ပြီး ရထားခရီးစဉ်များလည်း ကြန့်ကြာခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

image
32 w - Translate

အိပ်ချင်ယောင်ဆောင်ခဲ့သော နေ့ရက်များ 🥹

image
32 w - Translate

"ဒီနေ့ ကျနော်တို့အသင်းကစားသွားတာကို သဘောကျတယ်၊ အားရကျေနပ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကော-င်းကော-င်း ယှ-ဥ်ပြို-င်နိုင်ခဲ့လို့လေ။ လီဗာပူးလ်က အရမ်းကော-င်းတဲ့ အသင်းတစ်သင်းပါ။

ကစားသမားတွေအားလုံးက ကျနော့်ရဲ့game plan အတို-င်း ကစားသွားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီပွဲရှုံးလို့ ကျနော် နောင်တမရပါဘူး။

ပြီးတော့ ကျနော်တို့က အမှတ်ပေးဇယားထိပ်ဆုံး (၈)သင်းထဲကိုရောက်ဖို့ ခက်ခဲနေပြီဆိုတော့ ဒီပွဲကိုနိုင်ခဲ့ရင်တော-င်မှ အများကြီးပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်တစ်ဆင့်ကို ဆ-က်တ-က်မှာပါ။

နှစ်တို-င်းယှဥ်ပြိုင်ခဲ့သလိုမျိုး ဆုဖလားရဖို့ ကျနော်တို့ အကောင်းဆုံးကြိုးစားသွားမယ်။ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျားတွေ့ရပါလိမ့်မယ်။"

~အန်ဆယ်လော့တီ (ရီးရဲယ်နည်းပြ)

image

🍃 ရဲယိုရွက် ငါးဖယ်ဟင်း
************************
ရဲယိုရွက်တွေကိုလှီးပြီး ငါးဖယ်ထဲ တစ်ခါတည်း ထည့်နယ်လုံးပြီးမှ
ငါးဖယ် ကို လက်နဲ့ ဆုပ်ပြီးချက်ထားတာပါ။
ရဲယိုရွက်လေးတွေက ငါးဖယ်အတွင်းမှာရော ပါသလို
အိုးချခါနီးလည်း ရဲယိုရွက် အုပ်ထားတာပါ။

ငါးဖယ်ကို စေးပိုင်နေအောင်ပေါက်ထားပါမယ်။
ရဲယိုရွက်လေးတွေကို နုတ်နုတ်စင်းပြီးရင်
ငါးဖယ်ထဲထည့်
ဟင်းချိုမှုန့်, ဆားထည့်ပြီး သမအောင် နယ်၍
မိမိနှစ်သက်သလို လုံးထားပါ။

အိုးထဲဆီထည့် အပူပေးပါ။

ထောင်းထားတဲ့ ကြက်သွန်ဖြူ/ နီကို ဆီသတ်ပါ။

ရွလာခါနီးမှာ ငရုတ်သီး အစိမ်းမှုန့်ထည့်မွှေပါ။

​ဂျင်း ထောင်းထားတာ ထည့်မွှေပြီးပြီးချင်း ရေနွေးပူထည့်ပါ။

ဆူပွက်လာတဲ့ အခါကျမှ ငါးဖယ်လုံးများထည့်ပါ။

ဟင်းချိုမှုန့်, ငံပြာရည်ထည့်ပါ။

ဆီပျံလာခါနီးမှာ ငရုတ်သီးစိမ်းတောင့်များထည့်ပါ။

တစ်မိနစ်ခန့် ကြရင် ရဲယိုရွက်နုလေးများ ထည့်မွှေပြီးရင်
အိုးချ စားသုံးနိုင်ပါပြီ။

ပုံမှာ ပြထားတာ ငါးဖယ်လုံးလေးတွေ အုပ်သွားမှာစိုးလို့
ရဲယိုရွက် အနည်းငယ်သာ ပြထားပေမယ့်
အပြင်မှာတော့ ဆေးဖက်ဝက် ရဲယိုရွက်ကို
နိုင်းချင်းအုပ်ချက် ပြီး ရဲယိုရွက် အဝစားတာပါ။

ငါးဖယ်လုံးလေးများ နဲ့
ရဲယိုရွက်ဖပ်လေးတွေ, ငရုတ်သီးစိမ်းတောင့် စပ်စပ်လေးတွေနဲ့
အလွန်စားမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။

image
32 w - Translate

"အသင့်စား စားကုန်ဆိုင်ရာ သတိပြုစရာ"

VOA

မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို တရားမဝင် တင်သွင်းလာတဲ့ စားကုန်အချို့ကို မစားသုံးကြဖို့ကို သတိပေးလာချိန်၊ ဒီအသင့်စားကုန်တွေမှာ သတိပြုကြည့်ရှု့စစ်ဆေးရမယ်ဆိုတာကို အာဟာရပညာရှင်၊ ကျန်းမာရေးပညာရှင်တွေက သတိပေးထောက်ပြနေကြပါတယ်။

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ဟာ တရားမဝင်လို့ မစားသုံးကြဖို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) လက်အောက် အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က ဩဂုတ်လလယ်နဲ့ အောက်တိုဘာလကုန်မှာပါ ဆက်တိုက်သတိပေး တားမြစ်လာနေခဲ့ပါတယ်။‌ အခုလိုအချိန်မှာ အမေရိကန်ကို ရောက်ရှိလာတာတင်မကဘဲ၊ ဒီအသင့်စား စားကုန်အားလုံးမှာ ကျန်းမာရေး ထိခိုက်နိုင်တာကို သတိပြုမိနိုင်ဖို့ ကြည့်ရှုစစ်ဆေးသင့်တာ ရှိပါတယ်။

ပထမ ကြည့်ရှု့စစ်ဆေးသင့်တာကတော့ ဗူးပုံစံ အနေအထား (ဖောင်းတာ ၊ ပိန်တာ၊ ချိုင့်တာ) နဲ့ သံချေးတက်တာတွေ ရှိမရှိ။ ဒီဗူးတွေက သံဖြူနဲ့ လုပ်ထားတာမို့ အထဲမှာပါတဲ့ အသား၊ ငါး၊ အသီးအရွက်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပဲပြုတ် စတာတွေနဲ့ ဓာတ်ပြုပြီး ချိုင့်တာ ဖြစ်နိုင်သလို၊ တခြားတခုခု ဓာတ်ပြုပြီး ဘက်တီးရီယားပိုးမျိုး တွန်းကန်မှုရှိလာကာ ဖောင်းလာတာလည်းဖြစ်ကာ အဆိပ် ဖြစ်နိုင်ပါတယ်။ သံချေးတက်တာကလည်း အစာကို တိုက်ရိုက် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် ဖြန့်ဖြူးရောင်းဝယ်သူအားလုံး သတိထားကြည့်ကာ၊ ပို့လာလျှင်လည်း ပြန်ပို့သင့်ပါတယ်။

နောက်သတိထား ကြည့်ရှုစစ်ဆေးသင့်တာက ဒီဗူးနဲ့အထုတ်တွေမှာ Label (စာညွှန်း) ထဲ၊ ဓာတ်မတဲ့မှု (Allergy) ဖြစ်စေတာတွေကို ဖော်ပြထားမှု ရှိမရှိပါ။ ဒီဓာတ်မတဲ့မှု ဖြစ်စေတတ်တာတွေကတော့ မြေပဲ၊ အစေ့ (ဘန်ဒါစေ့၊ သစ်ကြားစေ့၊ Pecan သစ်စေ့)၊ ပဲပုပ် (Soybean)၊ ဥ ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပုဇွန် (ကဏန်း)၊ ငါး၊ ဂျုံ၊ နှမ်း တို့ဖြစ်ပြီး၊ တခုခု အနည်းငယ်မျှပါတာနဲ့ ဓာတ်မတဲ့ အန္တရာယ် ရှိနိုင်တာမို့ စာညွန်းမှာ ဖော်ပြဖို့လိုပါတယ်။ အရသာကောင်းအောင် (အချိုမှုန့်)၊ အသားအရောင်တင်အောင် (နိုက်တြိုဒ်ဓာတ်)၊ လတ်ဆတ်အောင် (ဆာလဖိုဒ်ဓာတ်) ထည့်တာမျိုးကိုလည်း ဒီအတွက် ဖော်ပြသင့်ပါတယ်။

ဒါ့အပြင် အစားအသောက် ဘေးအန္တရာယ်ကင်းရေး (Food Safety) အတွက် အစားအသောက်တွေရဲ့ တာရှည်ခံမူ (Shelf Life) ကိုလည်း ဂရုစိုက် ကြည့်ဖို့လိုပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း တာရှည်ခံမှုကို သေသေချာချာ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ပြီးမှ တိတိကျကျ ဖော်ပြသင့်သလို၊ ရောင်းချမဲ့သူတွေကလည်း ဒါကို အတိအကျလိုက်နာပြီး သက်တမ်းကုန်မဲ့ရက် (Expiry Date) ကျော်လျှင် ဆက်မရောင်းသင့်တော့ပါဘူး။ စားသုံးသူတွေအနေနဲ့လည်း အသင့်စား အစားအသောက်တွေက သက်တမ်းလွန်သွားခဲ့လျှင် စားဖို့မသင့်တော်တော့တာမို့ လွှင့်ပစ်သင့်ပါတယ်။

image

ဝက်/ကြက် မုန်ညင်းချဉ်ကြော်
•••••••••••••••••••••••••••••••••
ဝက်/ကြက်ကိုပါးပါးလှီးပြီးအသားမူန့်ကြာညို့ဖြင့်အရသာနယ်ထား
ကြက်သွန်နီဖြူဂျင်းလှီးထား..
မုန်ညင်းချဉ်ကိုအနေတော်လေးတွေလှီးထား..
ကြက်သွန်မိတ်အနေတော်ဖြတ်ထား...

အိုးဆီပူရင်
အရင်ဆုံးအသားတွေအရင်ထည့်ကြော်မယ်..အသားတင်းရင်
ကြက်နီဖြူဂျင်းထည့်ကြော်မွှေးရင် မုန်ညင်းချဉ်ထည့်..
အရသာအတွက် ကြာညို့ အရသာမူန့်ထပ်ထည့်မယ်
ဆားကိုထိနိးထည့်ပါ မုန်ညင်းချဉ်ကအငန်အရသာပါပီးသား
မို့ ...အားလုံးအနေတော်ဆိုရင် ကြက်သွန်မိတ်အုပ်လိုက်ရင်
ရပါပီ...

image
32 w - Translate

"တရုတ်နိုင်ငံ၏ EV အသုံးများလာမှု သည် ဓာတ်ဆီဝယ်လိုအားကို ချောက်ကမ်းပါးသို့ တွန်းပို့နေသည်။"

ပေကျင်းရှိ Forbidden City ပတ်လည်ရှိ ရှေးဟောင်းလမ်းများတွင် Tesla အားသွင်းကိရိယာများမှ အထီးကျန်အဝေးပြေးလမ်းမကြီးများ အားသွင်းရုံများအထိ တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၏ EV ကား များ တွင်ကျယ်လာခြင်း နှင့် ဓာတ်ဆီခေတ်ကုန်လာခြင်း ကို နေရာတိုင်းတွင် တွေ့မြင်နေရသည်။

image
32 w - Translate

မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများမှတဆင့် မြန်မာ - ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ခဲ့

မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်း များမှတဆင့် တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်းကုန် သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Bor-der Trade Method) ဖြင့် (ရန်ကုန် - ကော့သောင်း - ရနောင်း) နှင့် (ရနောင်း - ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာ စနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တင်ပို့မှုနှင့် တင်သွင်းမှုများကို ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉ ဒသမ ၉၉၆) သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ရေချိုငါးတင်ပို့နိုင်မှုအနေဖြင့် အောင်မင်္ဂလာဆိပ်ကမ်းမှ ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ပို့ကုန်သင်္ဘော (၁၇) စင်း၊ ရေချိုငါး (၁၇၆၇ ဒသမ ၈၂ ၉) တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လမှ နိုဝင်ဘာလအထိ သက်ဆိုင်ရာ Bonded Terminal များမှ ကုန်သေတ္တာစုစုပေါင်း (၂၇၉၉)လုံး ပြန်လည်ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှ အောက်တိုဘာလအထိ ဆိပ်ကမ်း၊ ကုန်းတွင်းကုန်သေတ္တာစခန်းတို့မှ စုစုပေါင်း ကုန်သေတ္တာ (၁၉၁၃၈၇)လုံး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများ၏ အခက်အခဲများကို တာဝန်ရှိသူများက စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးနေကြရမည်ဖြစ်ကြောင်း၊ အဆက်အသွယ်မရသည့် ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန် ပျက်ကွက်နေသည့် ကုမ္ပ ဏီများကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောကြားခဲ့သည်။

image
32 w - Translate

ပြင်ဦးလွင်ရောက်ရင်
အေးအေးဆေးဆေးနဲ့ထိုင်လို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်🌿

မကြာခင် မေမြို့မှာပန်းပွဲတော်လည်းရောက်တော့မယ်ဆိုတော့ ပန်းပွဲတော်သွားရင်းနဲ့ခရီးတထောက်နားတဲ့အခါမှာ အနီးစခန်းမှာရှိတဲ့လူလည်ကြီးများရွာဆိုင်ကိုအနားလာယူပါ😍

လူလည်ကြီးများရွာဆိုင်မှာ အစားသောက်တွေလည်းစျေးသင့်ပြီးထိုင်လို့ကောင်းတဲ့ဆိုင်မို့ဒီဆိုင်လေးကိုညွှန်ပေးလိုက်တယ်နော်😍

ပြင်ဦးလွင်မြို့ကိုအလည်ရောက်လာတဲ့အခါ အနီးစခန်းမှာရှိတဲ့ လူလည်ကြီးများရွာဆိုင်ကိုသတိရလိုက်ပါ😍

လူလည်ကြီးများရွာဆိုင်မှာ အစားသောက်တွေပဲရတာလားဆိုတော့မဟုတ်ဘူးနော် ကားရေဆေးမယ်ဆိုရင်လည်းရပါသေးတယ်

ဟင်းပွဲတွေကိုလည်းဝယ်ယူအားပေးနိုင်ပါတယ် အနီးစခန်းတဝိုက် ပို့ပေးပါသေးတယ်ဝန်ထမ်းတွေကလည်းဖော်ရွှေကြတယ်🥰

🍜အစားအသောက်ကော နေရာထိုင်ခင်းကော လာရောက်အားပေးတဲ့ဧည့်သည်တွေကိုလည်းအတတ်နိုင်ဆုံးစိတ်တိုင်းကျဖြစ်စေဖို့ အစွမ်းကုန်ကြိုးစားပေးထားတာကိုလည်းတွေ့မြင်ရတယ်

ဒီဆိုင်ရဲ့နာမည်ကြီးဟင်းပွဲထဲမှာ
ဝက်ပေါင်းစပ်နဲ့ ယူနန်ဟော့ပေါ့လည်းအပါဝင်ပေါ့😋

မေမြို့အနီးစခန်းမှာ အစားအသောက်နဲ့ ပတ်သက်လို့ စျေးသင့်ပြီး စုံစုံလင်လင်ရတဲ့ လူလည်ကြီးများရွာစားသောက်ဆိုင်နဲ့ကားရေဆေး

🍃- နေရာကျယ်ဝန်း
👨‍👩‍👦‍👦- လူအများဆန့်
🚌- ကားပါကင်ကျယ်ဝန်း
🤗- စျေးသင့်

ဪ….ဒါနဲ့မေ့တော့မလို့🤗

💑▪️မင်္ဂလာဧည့်ခံပွဲ၊ ညစာစားပွဲ၊ မွေးနေ့ပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်၊ ကြံတိုင်းအောင် စီစဉ်တိုင်း ပေါက်မြောက်၊ ရှိရှိသမျှပွဲလေးတွေ ကျင်းပချင်တာပဲဖြစ်ဖြစ်အဆင်ပြေအောင်လည်းစီစဥ်ဆောင်ရွက်ပေးပါတယ်နော်😍

📍နှီးဘုရားလမ်းနှင့် လျှံရိပ်ငြိမ်(၃)လမ်း (စံပယ်လမ်း)ဒေါင့်၊ အနီးစခန်း(ဘောလုံးကွင်းအနီး၊ ပြင်ဦးလွင်မြို့။

☎️09 890 000988
⏰ဖွင့်ချိန် - မနက်(၁၀:၀၀) မှ ည(၁၀:၀၀)

လူလည်ကြီးများရွာGoogle Mapကို Postရဲ့ Commentမှာချပေးထားတယ်နော်😍

image
32 w - Translate

ပြင်ဦးလွင်ရောက်ရင်
အေးအေးဆေးဆေးနဲ့ထိုင်လို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်🌿

မကြာခင် မေမြို့မှာပန်းပွဲတော်လည်းရောက်တော့မယ်ဆိုတော့ ပန်းပွဲတော်သွားရင်းနဲ့ခရီးတထောက်နားတဲ့အခါမှာ အနီးစခန်းမှာရှိတဲ့လူလည်ကြီးများရွာဆိုင်ကိုအနားလာယူပါ😍

လူလည်ကြီးများရွာဆိုင်မှာ အစားသောက်တွေလည်းစျေးသင့်ပြီးထိုင်လို့ကောင်းတဲ့ဆိုင်မို့ဒီဆိုင်လေးကိုညွှန်ပေးလိုက်တယ်နော်😍

ပြင်ဦးလွင်မြို့ကိုအလည်ရောက်လာတဲ့အခါ အနီးစခန်းမှာရှိတဲ့ လူလည်ကြီးများရွာဆိုင်ကိုသတိရလိုက်ပါ😍

လူလည်ကြီးများရွာဆိုင်မှာ အစားသောက်တွေပဲရတာလားဆိုတော့မဟုတ်ဘူးနော် ကားရေဆေးမယ်ဆိုရင်လည်းရပါသေးတယ်

ဟင်းပွဲတွေကိုလည်းဝယ်ယူအားပေးနိုင်ပါတယ် အနီးစခန်းတဝိုက် ပို့ပေးပါသေးတယ်ဝန်ထမ်းတွေကလည်းဖော်ရွှေကြတယ်🥰

🍜အစားအသောက်ကော နေရာထိုင်ခင်းကော လာရောက်အားပေးတဲ့ဧည့်သည်တွေကိုလည်းအတတ်နိုင်ဆုံးစိတ်တိုင်းကျဖြစ်စေဖို့ အစွမ်းကုန်ကြိုးစားပေးထားတာကိုလည်းတွေ့မြင်ရတယ်

ဒီဆိုင်ရဲ့နာမည်ကြီးဟင်းပွဲထဲမှာ
ဝက်ပေါင်းစပ်နဲ့ ယူနန်ဟော့ပေါ့လည်းအပါဝင်ပေါ့😋

မေမြို့အနီးစခန်းမှာ အစားအသောက်နဲ့ ပတ်သက်လို့ စျေးသင့်ပြီး စုံစုံလင်လင်ရတဲ့ လူလည်ကြီးများရွာစားသောက်ဆိုင်နဲ့ကားရေဆေး

🍃- နေရာကျယ်ဝန်း
👨‍👩‍👦‍👦- လူအများဆန့်
🚌- ကားပါကင်ကျယ်ဝန်း
🤗- စျေးသင့်

ဪ….ဒါနဲ့မေ့တော့မလို့🤗

💑▪️မင်္ဂလာဧည့်ခံပွဲ၊ ညစာစားပွဲ၊ မွေးနေ့ပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်၊ ကြံတိုင်းအောင် စီစဉ်တိုင်း ပေါက်မြောက်၊ ရှိရှိသမျှပွဲလေးတွေ ကျင်းပချင်တာပဲဖြစ်ဖြစ်အဆင်ပြေအောင်လည်းစီစဥ်ဆောင်ရွက်ပေးပါတယ်နော်😍

📍နှီးဘုရားလမ်းနှင့် လျှံရိပ်ငြိမ်(၃)လမ်း (စံပယ်လမ်း)ဒေါင့်၊ အနီးစခန်း(ဘောလုံးကွင်းအနီး၊ ပြင်ဦးလွင်မြို့။

☎️09 890 000988
⏰ဖွင့်ချိန် - မနက်(၁၀:၀၀) မှ ည(၁၀:၀၀)

လူလည်ကြီးများရွာGoogle Mapကို Postရဲ့ Commentမှာချပေးထားတယ်နော်😍

image