31 w - Translate

Skirt Style 🖤✨

image
31 w - Translate

Skirt Style 🖤✨

image
31 w - Translate

Skirt Style 🖤✨

image
31 w - Translate

Skirt Style 🖤✨

imageimage
+5
31 w - Translate

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ၊ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက္ကဋ္ဌက အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသထွက်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူတိုင်ကြားမှုများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းများအား အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းကိုလည်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးတင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image
31 w - Translate

မိုင်းပြင်းမြို့ကိုဗဟိုပြုပြီး ယနေ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့

ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံမြေငလျင်စခန်းမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁၁ နာရီ ၄၂ မိနစ် ၁၄ စက္ကန့်ခန့်က ယင်း ငလျင်လှုပ်ခတ်မှုကို တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မိုင်းပြင်းမြို့၏ အရှေ့ တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈) အဆင့်ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image
31 w - Translate

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် မီဒီယာကတ်များကို ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်
==================
မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲသို့ သတင်းရယူမည့် မီဒီယာများ အနေဖြင့် အောက်ဖော်ပြပါ Link တွင် အချက်အလက်များ အပြည့်အစုံ ဖြည့်စွက်ပြီး ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ သတင်းရယူခွင့်ကတ်များကို Press နှင့် Photo ဟူ၍ အမျိုးအစားနှစ်မျိုးသာ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

အချက်အလက် အပြည့်အစုံနှင့် သတင်းရယူသူ၏ ဓါတ်ပုံ မပါရှိသော မီဒီယာကတ်အလွတ်များကို ယခုပြိုင်ပွဲတွင် ထုတ်ပေးမည် မဟုတ်ပါ။ မီဒီယာကတ် ရရှိပြီးသည့်အခါတွင်လည်း မိမိတို့ရရှိထားသော မီဒီယာကတ် အမျိုးအစားအလိုက် သတ်မှတ်နေရာများမှသာ သတင်းရယူနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

image
31 w - Translate

မိသားစုငါးယောက်တွင် လေးယောက်နှင့်ရ- န်ဖြ-စ်ပြီး သကာလ

image

ခမည်းခမက်ဖြစ်သူကို ပြင်သစ်သံအမတ်အဖြစ် ခန့်အပ်ဖို့ ထရမ့်အမည်စာရင်းတင်သွင်း

ဒီဇင်ဘာ ၂

ရွေးကောက်ပွဲနိုင်အကြိုသမ္မတဒေါ်နယ်ထရမ့်က ၎င်းရဲ့ ခမည်းခမက်ဖြစ်သူ ချားစ်ကက်ရှ်နာကို အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်အဖြစ် ရွေးချယ်လိုက်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့ (စနေနေ့) က ကြေညာလိုက်ပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးဖြစ်တဲ့ မစ္စတာကက်ရှ်နာဟာ ထရမ့်ရဲ့သမီး အီဗန်ကာထရမ့်ရဲ့ ခင်ပွန်း ဂျားရပ်ကက်ရှ် နာရဲ့ ဖခင်ဖြစ်ပါတယ်။

ထရမ့်ဟာ ၎င်း သမ္မတသက်တမ်း ပထမအကြိမ် ၂၀၂၀ ပြည့်နှစ်တုန်းက မစ္စတာကက်ရှ်နာကို တရားစွဲဆိုထားတဲ့ အမှု တစ်ခုက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

“မစ္စတာကက်ရှ်နာဟာ ကျွန်တော်တို့ တိုင်းပြည်နဲ့ အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကိုယ်စားပြု ဆောင်ရွက်သွားမယ့် အင်မတန်တော်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ဆင်းရဲသားတွေ အတွက် ငွေကြေးလှူဒါန်းနေသူဖြစ်ပြီး စီးပွားရေး မှာရော နိုင်ငံရေးမှာပါ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။” လို့ ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသား ထားပါတယ်။

သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ဆွေမျိုးသားချင်းတစ်ယောက်ကို တရားဝင်ကမ်းလှမ်းပြီး အစိုးရအဖွဲ့ဝင်အဖြစ် ထရမ့်က အမည်စာရင်းတင်သွင်းလိုက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

စနေနေ့မှာပဲ ထရမ့်ဟာ FBI (ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို) ကို မကြာခဏ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကာ ရှာပက်တဲလ်ကို FBI အကြီးအကဲအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ ဟေးစ်ဘရပ်ဂျ်ကောင်တီရဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ချဒ်ခရောစ်စတားကိုတော့ မူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ (Drug Enforcement Agency) ရဲ့ အကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

အကြိုသမ္မတရွေးချယ်ထားတဲ့ ရာထူးအသီးသီးနဲ့ သံအမတ်ခန့်အပ်မှုတွေအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲမှာ မဲစနစ်နဲ့ အတည်ပြုထောက်ခံပေးရမှာဖြစ်ပါတယ်။

မစ္စတာကက်ရှ်နာရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး သံအမတ်ရာထူးခန့်အပ်သင့်/မခန့်အပ် သင့် အတည် ပြုဆုံးဖြတ်မယ့် ကြားနာစစ်ဆေးပွဲ လုပ်မလုပ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

မစ္စတာကက်ရှ်နာဟာ အခွန်ရှောင်မှု၊ မဲဆွယ်ပွဲဘဏ္ဍာရေးမသမာမှု၊ မျက်မြင်သက်သေကို သြဇာလွှမ်းမိုးဖို့ ကြိုးစားမှုတို့ ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြိး ၂၀၀၅ ခုနှစ်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

တရားရုံးမှာတင်ပြခဲ့တဲ့အထောက်အထားတွေထဲမှာ ၎င်းကိုတရားစွဲဆိုဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့တဲ့ ယောက်ဖဖြစ်သူကို မစ္စတာကက်ရှ်နာက ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေတွေကပြောပါတယ်။

မစ္စတာကက်ရှ်နာဟာ ယောက်ဖဖြစ်သူအတွက် ပြည့်တန်ဆာတစ်ဦးကို ငှားရမ်းပြီး ၎င်းတို့အတွဲရဲ့ ဗီဒီယိုဖိုင်ကို ၎င်းရဲ့ ဇနီးဖြစ်သူ (ကက်ရှ်နာရဲ့ညီမ) ထံ ပေးပို့ပြီး ယောက်ဖဖြစ်သူကို ခြိမ်းခြောက်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Trump chooses Jared Kushner's father for ambassador to France

#သတင်းဟင်းလေးအိုးကြီး

image

ဝက်မြီးစွတ်ပြုတ်
••••••••••••••••••••
ဝက်မြီးကိုအမွှေးအမျင်တွေသေချာသန့်စင်ပီးရင်ခုတ်ထစ်ပီး
ရေဆေးထား ..
ပြီးရင်အိုးတခုထဲသို့သကြားအနည်းငယ်ထည့်ပါ..သကြားအမြုပ်တက်ရင်ဝက်မြီးတွေကိုခဏထည့်လှော်ပေးပါ..
ပြုတ်မဲ့အိုး ထဲမှာရေကိုပွက်ဆူနေအောင်အရင်တည်ထား..
ရေပွက်ရင်လှော်ထားသောဝက်မြီးတွေကိုထည့်ပါ..ကြက်သွန်
နီဥလိုက် ကြက်သွန်ဖြူအမွှာလိုက် ဂျင်းနှစ်ပြား..ပဲငံပြာရည်အကျဲ ဆားသကြားအရသာမူန့် ထည့်
ပါ့ ဝက်မြီးတွေနူးအိသည်ထိတည်ပေးပါ.နူးအိလျှင်အရသာမြည်း
ကြည့် ငရုတ်ကောင်းမူန့်ခပ် ကြက်သွန်မိတိ တရုတ်နံနံအုပ်ပေးရင်ရပါ

image