ယခုဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် တန်ချိန် ၂ သန်းခွဲထက် ပို၍ တင်ပို့နိုင်မည်ဟု MRF ဥက္ကဋ္ဌ ပြော

ဇန်နဝါရီ ၂၄

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် တန်ချိန် ၂ သန်းခွဲထက် ပို၍တင်ပို့နိုင်မည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပို့ကုန်လျာထားချက်တွင် (Export Target) ထက်ပို၍ တင်ပို့ရောင်းချထားနိုင်သည့် အခြေအနေကောင်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အစီရင်ခံစာတင်ပြစာနှင့် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တစ်နှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၇၆၇ သန်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၃၂ ဘီလျံရရှိခဲ့သလို ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း တန်ချိန် ၂ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၉၅၀ ခန့်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည့်သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် ပြည့်မီခြင်းမရှိဘဲ အချို့လများတွင် တန်ချိန်တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ပြီး လစဉ်တင်ပို့ရမည့် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီးနောက်တွင် ငါးလဆက်တိုက် လျာထားချက်ပြည့်မီခဲ့သလို တချို့လများတွင် လျာထားချက်ထက် နှစ်ဆအထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
24 w - Translate

Limited Time Event နဲ့လာမဲ့ Lesley ရဲ့ Battle Pass Skin အသစ်💥

image

မိမိ အနာဂါတ် ပလန် အမေ့ကိုပြောပြလိုက်သောအခါ ။

image

ညစာမစာ:တော့ဘူး
အသီးလေးပဲစာ:မယ်ဆိုပြီးစာ:လိုက်တာ
ငှက်ပျောသီး တစ်ဖီ:ကု၊န်သွားတယ်

#funny

image

သမီးမိုက်
အပိုင်း(၂)

24 w - Translate

ပြောင်းရွေ့ကြေးတိုးပြီးကမ်းလှမ်းဖို့ ရှိနေတဲ့ ယူနိုက်တက်
ပတ်ထရစ် ဒိုဂူ အတွက် ပထမဆုံး အကြိမ် ကမ်းလှမ်းမှု အငြင်းခံလိုက်ရတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ထပ် ကမ်းလှမ်းမှု တခု ထပ်လုပ်သွားဖို့ ရှိနေပါပြီ ။ ဒီတစ်ကြိမ် ကမ်းလှမ်းမှုဟာ ယူရို သန်း 30 အထက် ဖြစ်သွားဖို့ ရှိနေပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လက်ချီ အသင်းတို့ဟာ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြပါတယ် ။ ဒိုဂူ ဟာ ယူနိုက်တက် အတွက် ပထမ ဦးစားပေး ဘယ်ခံစစ် ကစားသမား အဖြစ် ရှိနေသေးဆဲပါ ။

image
24 w - Translate

အသက် ၂၉ နှစ်ပြည့်မွေးနေ့ကို ထိုင်းနိုင်ငံက ကမ်းခြေမှာ ပြုလုပ်ခဲ့တဲ့ နော်ဖောအယ်ထား 🥰
သရုပ်ဆောင် နော်ဖော်အယ်ထားက ဇန်နဝါရီလ ၁၉ ရက်နေ့မှာကျရောက်ခဲ့တဲ့ သူမရဲ့ ၂၉ နှစ်ပြည့် မွေးနေ့လေးကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ထိုင်းနိုင်ငံက ကမ်းခြေတစ်ခုမှာ Birthday Theme လေးတစ်ခုဖန်တီးပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ နော်ဖောအယ်ထားဟာ ဒီနှစ်တွေအတွင်းမှာ ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခွင့်ရခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

#celenews
#crd

image
24 w - Translate

Tall Tales from the Magical Garden of Antoon Krings (2017)


အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်…ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း
ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလိုလည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။
ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့
ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတိုတာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။
ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။
တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ
ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။
တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို ဥယျာဉ်ထဲကို ရောက်လာပါတယ်။
သူစိမ်းပိုးကောင်ရောက်လာလို အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလိုခေါ်တဲ့ နကျယ်ကောင်ကတော့
နှံကောင်လေးနဲ့အပေးယူလုပ်ဖို့ ချဉ်းကပ်လာပါတော့တယ်။ ပျားပိတုန်းဉယျဉ်ထဲမှာ နှံကျယ်ကောင်နဲ့ နှံကောင်တို့ ဘယ်လိုအပေးယူလုပ်ခဲ့ကြလဲဆိုတာ ကြည့်ရှူရမှာဘဲဖြစ်ပါတယ်ဗျ။
#cartoon

image
24 w - Translate

#ကြောက်တတ်သူများမကြည့်ရ
You- Shall -Not -Sleep -Tonight (2024)
==========================
ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ကြည့်ပြီးရင် ညဘက်အိပ်ဖို့တောင်
စိတ်ဂယောင်ခြောက်ခြားဖြစ်စေနိုင်တဲ့ 2024 ခုနှစ်ထွက် Horror
အမျိုးအစား ဇာတ်လမ်းလေးပါ။
ဒီဇာတ်လမ်းလေးမှာတော့ ဗီရိုထဲမှာ မကောင်းဆိုးဝါးတစ်ကောင်
ရှိနေတယ်လို့ အိပ်မက်မက်တတ်တဲ့ သားလေးကို အဖေဖြစ်သူက
ပုံတိုပတ်စလေးတွေပြောပြပြီး ကြောက်စိတ်ကို ရင်ဆိုင်ရဲအောင်
ကူညီပေးပုံနဲ့ အစပြုထားပါတယ်။
တခြား Horror ဇာတ်ကားတွေနဲ့ မတူညီတဲ့အချက်က ဒီ ၁နာရီ
ဝန်းကျင်ပဲကြာတဲ့ ဇာတ်ကားထဲမှာ မတူညီတဲ့ Horrorဇာတ်လမ်းလေးတွေကို
ညှပ်ထည့်ပြီး ရိုက်ကူးထားတာပါ။
ဇာတ်လမ်း ဇာတ်ကွက်အရလည်း ပြေပြေပြစ်ပြစ်ရှိပြီးတော့..
စကားများများမပြောဘဲ တစိမ့်စိမ့်တွေးရင်း အသက်ဝင်လှတဲ့
သဲထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေကို ရှုစားကြရမှာပါ။
#credit
#storymode

image

Part_1
၂၄.၁.၂၀၂၅ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ...
#တင်ဒါနှင့်လေလံကြော်ငြာများ
#crd

image