ကျားဖြန့်နှိမ်နင်းရေး ထိုင်းနှင့်တရုတ် ညှိနှိုင်းရေးစင်တာထူထောင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၆

ထိုင်း-မြန်မာ-ကမ္ဘောဒီးယား နယ်စပ်ဒေသတစ်လျှောက် ကြီးထွားလာသည့် ကျားဖြန့်လုပ်ငန်းကွန်ရက်ကို တိုက်ဖျက်ရန် ထိုင်းနှင့်တရုတ်တို့က ညှိနှိုင်းဆောင်ရွက်ရေးစင်တာများ တည်ထောင်သွားမည်ဟု CNA မှ ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကြားရှိ နယ်စပ်ဒေသ များသည် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ကျားဖြန့်လုပ်ငန်းများ ဖွင့်လှည်သည့် အဓိက ဆုံချက်တစ်ခု ဖြစ်လာခဲ့သည်။

ထိုကျားဖြန့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် လူပေါင်းသောင်းချီ မှောင်ခိုကူးခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ထိုင်းနှင့်တရုတ် ညှိနှိုင်းဆောင်ရွက်ရေးစင်တာ တစ်ခုကို ဘန်ကောက်မြို့တော်ရှိ အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်ခဲ့မည်ဖြစ်ပြီး တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံ၏ မြဝတီမြို့နှင့် နယ်စပ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ မဲဆောက်ခရိုင်တွင် နောက်ထပ်စင်တာတစ်ခု ထပ်မံထူထောင်သွားရန် စီစဉ်ထားသည်။

ဘန်ကောက်မြို့တော်တွင် ဖွင့်လှစ်မည့် စင်တာ၌ မြန်မာနိုင်ငံ၏ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနယ်စပ် တစ်လျှောက်ရှိ ကျားဖြန့်ဂိုဏ်းများကို စုံစမ်းစစ်ဆေးရန်နှင့် တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထိုညှိနှိုင်းဆောင်ရွက်ရေးစင်တာကို စတင်လည်ပတ် သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်တွင် ထိုင်းနှင့်တရုတ် လုံခြုံရေးအရာရှိများအကြား အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေး လှုပ်ရှားမှုများအနက် ထိုင်းစစ်တပ်၏ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာအာဏာပိုင်များအကြား နေပြည်တော်တွင် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်မှုလည်း ပါဝင်ခဲ့သည်။

“ဒီကိစ္စက ထိုင်းတစ်နိုင်ငံတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ မြန်မာနဲ့ တရုတ် နိုင်ငံတွေကလည်း ကူညီရမယ့် ကိစ္စဖြစ်ပါတယ်”ဟု ထိုင်းလက်ထောက်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်။

Source: CAN

ပုံ - ပေတုန်တန်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

အသင်းကြီးတွေရဲ့ပစ်မှတ် ဒူရန်ကို ဗီလာပြောင်းရွှေ့ကြေး သတ်မှတ်

ဇန်နဝါရီ ၂၆

အက်စတွန်ဗီလာအသင်းဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကိုလံဘီယာတိုက်စစ်မှူး ဒူရန်ကို ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒူရန်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် အခုအပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူနိုင်ဖို့ ဝက်စ်ဟမ်း၊ ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စား နေတာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒူရမ်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို အက်စတွန်ဗီလာ အသင်းက ပယ်ချထားပါတယ်။

အယ်လ်နာဆာအသင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒူရန်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကလည်း ဒူရန်ကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကတော့ ဒူရန်ကို ဆက်ပြီး ထိန်းထားချင်နေပေမယ့် ရောင်းချရမယ်ဆိုရင်လည်း အနည်းဆုံး ပေါင် ၈၅ သန်း လိုချင်နေတယ်လို့ talkSPORT က ဖော်ပြထားခဲ့တာပါ။

ဒူရန်ဟာ အက်စတွန်ဗီလာအသင်းမှာ ဒုတိယဦးစားပေး တိုက်စစ်မှူး ဖြစ်ပေမယ့် ဒီရာသီအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ထပ်ပြီးယှဉ်ပြိုင်နိုင်ဖို့ နည်းပြအူနှိုင်းအမ်မရီက သူ့ကို မဆုံးရှုံးချင်ဘူးလို့ သိရပါတယ်။

ဒူရန်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင်ကစားထားပေမယ့် ၇ ပွဲသာ ပွဲထွက် လူစာရင်းပါဝင်ခဲ့ရပြီး ၁၂ ဂိုး သွင်းယူထားကာ ပျှမ်းမျှ ၈၅ မိနစ်တိုင်း ဂိုးသွင်းယူထားနိုင်တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒူရန်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။

ဒူရန်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၇၇ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

#ဘောလုံးသတင်းစုံ

image

လာမယ့် မတ်လအတွင်းမှာ လွိုင်ကော်မြို့က တက္ကသိုလ်တွေ ပြန်ဖွင့်မယ်

ဇန်နဝါရီ ၂၆

ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်တွေ သိပ္ပံကျောင်းတွေကို မတ်လမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဆောင်နေပြီး စာသင်ဆောင်တွေ၊ အိပ်ဆောင်တွေ၊ စားရိပ်သာတွေနဲ့ ဆရာဆရာမဝန်ထမ်းအိမ်ရာတွေကို လိုအပ်တာတွေကို အမြန်ဆုံးပြုပြင်နေတယ်လို့ သိရပါတယ်။

ကနဦးအနေနဲ့ ပညာရေး ဒီဂရီကောလိပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်အပါအဝင် ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ နစကက စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မတ်လအတွင်းမှာ မဖြစ်ဖြစ်အောင် ဖွင့်ရမှာဖြစ်လို့ အခုက ပြင်ဆင်မှုတွေ လုပ်နေတာ၊ ပြင်ဆင်မှုတွေကတော့ ပြီးခါနီးနေပြီ။ လုံခြုံရေး၊ ကျောင်းယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် စီစဉ်တာတွေပဲ ကျန်တော့မှာ။ တခြားတက္ကသိုလ်မှာ သွားတက်နေတဲ့ ကလေးတွေ၊ ကျောင်းနားထားတဲ့ ကလေးတွေကို လွိုင်ကော်မှာပဲ ပြန်တက်ဖို့အတွက်လည်း ကျောင်းသားမိဘတွေကို အကြောင်းကြားတာတွေ လုပ်နေပါပြီ”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

လွိုင်ကော်မြို့က တက္ကသိုလ်တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး ကာလကတည်းက ပိတ်ထားရတာဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဝန်ထမ်းတွေ ပိတ်မိတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ကရင်နီပြည်နယ်နေ့တုန်းက နစကလက်အောက်ခံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေက လွိုင်ကော်မြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အမြန်ဆုံး ပြင်ဆင်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Local

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
23 w - Translate

CBM pumps US$20M into financial market on 24 Jan

The Central Bank of Myanmar (CBM) sold US$20 million on 24 January.
CBM injected 800,000 yuan on 21 January, 1.91 million baht on 20 January, $150,000 and 1.14 million yuan on 17 January, one million baht on 16 January, over $25.35 million and 369,000 yuan on 15 January and over $1,600 and 556,000 baht on 14 January into the financial market.
CBM announced on 13 January to sell $25 million to fuel oil importers soon after selling 600,000 yuan on that day.
CBM injected $3.9 million on 11 January, 714,000 yuan on 10 January, $2.2 million on 9 January, $256,000 on 8 January again after sales of over $2.15 million on 7 January, $25 million and 2.8 million baht on 6 January, 510,000 yuan on 3 January, $25 million, over 670,000 yuan and 2.45 million baht on 2 January into the financial market.
Therefore, CBM injected over $54 million, 1.3 million yuan and 5.3 million baht within ten days.
CBM pumped $144 million, 321 million baht and over 12 million yuan in December 2024, over $59 million, over 280 million baht and 8.78 million yuan in November and over $91 million, over 610 million baht and 9.8 million yuan in October into the financial market.
CBM aims to curb the instability in the foreign exchange market and the currency devaluation. According to CBM’s notification on 15 March, it has been joining with law enforcement agencies to combat and prosecute those who attempt to manipulate the currency market under the existing laws. CBM allowed authorized dealers (private banks) to operate online foreign exchange trading freely as per the market rate depending on supply and demand, starting from 5 December 2023. — NN/KK

image

Bro is slow!

23 w - Translate

အောမေလေးတို့ဆိုသည်မှာ.....

image
23 w - Translate

GTAV
Military flight robbery

23 w - Translate

မန္တလေးသား စစ်စစ်တွေတောင်မှ
မသိကြတဲ့ တပြဆိုတာ
____________________
"မန္တလေး တစ်ပြ"
မန္တလေးသူ မန္တလေးသားတွေက မြေပြင်ပေါ်က ခရီးအကြာအေဝးကို ပြောတဲ့အခါဖြစ်ဖြစ်၊ လမ်းညွှန်တဲ့အခါ ဖြစ်ဖြစ်
၁ ပြ၊ ၂ ပြ၊ ၃ ပြ.... စသဖြင့် ပြောတတ်ကြတယ်။
မန္တလေးနဲ့ စိမ်းတဲ့သူတွေက အဲ့ဒီ တစ်ပြနှစ်ပြတွေကို ဘာပြောမှန်း မသိကြဘူး။
တချို့က ကြားဖူးနားဝနဲ့ နားလည်မှုလွဲကြတယ်...
မန္တလေး တစ်ပြဆိုတာ မရေမရာကြီးလိုလို၊ အတိုင်းအဆမဲ့နေသလိုလို၊ အရမ်းကြီး ဝေးနေသလိုလို။
မသိသေးသူတွေ သိသွားအောင် ကျနော်ဖတ်မှတ်သိရှိခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချပါမယ်။
(မွားတာရွိ ပြင်ပေးပါ)
မန္တလေး ၁ ပြ ဟာ တာ ၅၀ ရှိပါတယ်။
အတိအက်ကို တာ ၅၀ ရွိတာပါ။
ရှေးမြန်မာအတိုင်းအတာအရ 'တာ ၅၀' ပါ။
၁ တာ မွာ ၇ တောင် ရှိပါတယ်။
မြန်မာအတိုင်းအတာ ၁ တောင်ဟာ အင်္ဂလိပ်အတိုင်းအတာ ၁၉လက်မခန့် နဲ့ ညီမျှပါတယ်။ (တချို့က ၁၈လက်မလို့ ယူကြတယ်)
ဆိုတော့...
တာ ၅၀ = အတောင် ၃၅၀ = ၆၆၅၀ လက်မ = ၅၅၄.၁ ပေ
၁ ပြ = ၅၅၄ ပေ ပေါ့ (အနီးစပ္ဆုံး)
အဲ့ဒီ တစ်ပြကို တာ ၅၀ က ဘယ္က လာတာလဲ?
မြို့ရိုးကနေ လာတာပါ။
မန္တလေးနန်းမြို့ရိုးဟာ လေးထောင့်စပ်စပ်ပုံသဏ္႑န် ရှိပါတယ်။
မြိ်ု့ရိုးကို ပစ္စင် ပြအိုး သူရဲခို သူရဲပြေး ရင်းတား စတာတွေနဲ့ ဖွဲစည်း တည်ဆောက်ထားကြတယ်။
မြို့ရိုးတစ်ဖက်ဟာ 'တာ၆၀၀' ရှည်ပါတယ်။
တာ ၅၀ တိုင်းမှာ ပြအိုးတစ်ခု ရှိပါတယ်။
အဲ့ဒီ ပြအိုးနဲ့ တည့်တည့်ကို ဦးတိုက်ပြီး မန္တလေးလမ်းတွေကို ဖောက်ထားတာပါ။
(Google map မွာ ကြည့်ရင် သိပါမယ်)
ဒါကြောင့်...
တစ်ပြဟာ တစ်လမ်း ပါ။
မြို့ရိုးပေါ်က တစ်ပြနဲ့တစ်ပြ အကြာအေဝးဟာ တစ်လမ်းနဲ့တစ်လမ်း အကွာအဝေးပဲပေါ့။
တစ်လမ်းနှစ်လမ်းမပြောဘူး တစ်ပြနှစ်ပြပဲ ပြောတာ မန္တလေးသား။ (အတူတူကိုး)
မြို့ရိုးတစ်ဖက်မှာ ၁၂ လမ်း ( ၁၂ပြ) ရှိပါတယ်။
မြို့ရိုးနဲ့ ကျုံးကြားက တာ ၂၀၊ ကျုံးအကျယ်က တာ ၂၀ နဲ့ လမ်းဘေး ပလက်ဖောင်း ဘာညာသာရကာက ၁၀တာ လောက် ရှိတော့ မြို့ရိုးကနေ နောက်ထပ် တာ၅၀ အကြာမွာ လမ်းတစ်လမ်း ယူထားတယ်။
အဲ့သဟာကြောင့်...
ကျုံးတစ်ဖက်စီဟာ ၁၄ လမ်း (၁၄ပြ) ရှိပါတယ်။
မြောက်ဖက်ကျုံးလမ်းဟာ လမ်းနံပတ် ၁၂ပါ
တောင်ဖက်ကျုံးဟာ လမ်းနံပတ် ၂၆ ပါ
၁၄ လမ်း ရှိတယ်။
အရှေ့ကျုံးလမ်းဟာ လမ်းနံပတ် ၆၆ ပါ
အနောက်ကျုံးလမ်းဟာ လမ်းနံပတ် ၈၀ ပါ
၁၄လမ်း ရှိပါတယ်။
(တချို့ထင်သလို ကျုံးတစ်ဖက်ဟာ ၂ မိုင် မရွိပါ။
၁မိုင်ခွဲခန့်သာ ရှိပါမယ်။)
မန္တလေးသားတွေက...
တစ်လမ်း နှစ်လမ်း သုံးလမ်းလို့ မပြောဘဲ တစ်ပြ နှစ်ပြ သုံးပြ စသဖြင့် ပြောကြတယ်။
လမ်း နဲ့ ပြ အခေါ် အတူတူပါပဲ။
(မြို့ထဲပိုင်း ပြောတာပါ၊ မြို့သစ်တွေ စက်မှုဇုန်တွေထဲမတော့ လမ်းနံမည်တွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေလိုက်တာများ ချီးပုံ ကြက်ယက်ထားတဲ့ အတိုင်းပဲ၊ ပန်းနံမယ်တွေ၊ ရာဇဝင်ထဲက အဘေတြရဲ့ နာမယ်တွေနဲ့ ဘယ်လမ်းဟာ ဘယ်နားရှိမှန်း မန်းလေးသားတွေကို မသိတော့တာ၊ ဇာတ္ပ်က္တယ္ဆိုတာ ဒါမျိုးကို ခေါ်တာလေ)
ချုပ်ပြီးပြောရရင်...
မန္တလေး ၁ ပြ ဟာ တချို့လူတွေထင်သလို မေရမရာ မတိမက် ဗရမ်းဗတာ မဟုတ်ပါဘူး။
၁ပြ = တစ်လမ်း = တာ ၅၀ = ပေ ၅၅၀ခန့်

image
23 w - Translate

26 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,500
USD Sell - MMK 4,600
EUR Buy - MMK 4,661
EUR Sell - MMK 4,788
SGD Buy - MMK 3,280
SGD Sell - MMK 3,380
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 28.65
JPY Sell - MMK 29.45
MYR Buy - MMK 1,014
MYR Sell - MMK 1,042
CNY Buy - MMK 614
CNY Sell - MMK 631

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,080,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,470,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
23 w - Translate

India extends free pigeon pea import policy to March 2026

India’s Ministry of Commerce and Industry stated that India extended the duty-free import policy of pigeon pea (tur) to 31 March 2026.
This move benefits Myanmar’s pulse growers and exporters. Also, it has a significant impact on pulse exports.
Myanmar’s pigeon pea output is estimated at 300,000 tonnes. This year, pigeon pea’s yield is expected to rise.
Myanmar shipped 1.5 million tonnes of pulses exports from April to December 2024 of the current financial year 2024-2025, including 200,000 tonnes of pigeon peas, Myanmar Pulses, Beans, Maize, and Sesame Seeds Merchants Association said.
Myanmar mainly exports black gram, green gram and pigeon peas to foreign markets. Of them, black gram and pigeon peas are primarily shipped to India, while green gram is exported to China and Europe.
India has growing demand and consumption requirements for black grams and pigeon peas. According to a Memorandum of Understanding between Myanmar and India signed on 18 June 2021, India will import 250,000 tonnes of black grams and 100,000 tonnes of pigeon peas (tur) from Myanmar for five consecutive years from 2021-2022 financial year to 2025-2026 FY. This G-to-G pact will not affect the pulses’ annual quota set by India. Myanmar’s exporters are also entitled to deliver the pulses to India under that yearly quota.
The Myanmar Pulses, Beans, Maize and Sesame Seeds Merchants Association stated that black grams, which India primarily purchases, are commonly found only in Myanmar, whereas pigeon peas, green grams and chickpeas are grown in African countries and Australia. — NN/KK

image