23 w - Translate

“You never saw a bluejay get stuck for a word. He is a vocabularized geyser.” – Mark Twain⁣

One of the loudest and most colorful birds found in eastern landscapes, the Blue Jay is unmistakable. Besides their raucous jay jay calls, they release a variety of sounds and can even do a remarkable imitation of the scream of a Red-shouldered Hawk. (Comes in handy at parties.) One theory is that the mimicry serves as a warning to other jays about lurking hawks. Another is that jays are trying to fool other species into thinking there are hawks nearby. Another is that they hear hawk screams are in high demand in Hollywood, often standing in for bald eagles and other birds of prey. Where's my agent?

How would you describe the sound of a Blue Jay? ⁣

Image: Bird is the word. Close-up of Blue Jay with a bit of ice and snow on beak at Shenandoah National Park, Virginia. NPS⁣

image
U Hla Soe changed his profile cover
23 w

image

မတ်ဒ်ထိုင်ဂျ်ဒီလက်ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကစားရတာဟာ ကစားခဲ့ဖူးတဲ့အသင်းတိုင်းထက်ပိုပြီးဖိအားများတယ်လို့ ထုတ်ဖော်ဝန်ခံပြောဆိုလိုက်ပါတယ်။

နယ်သာလန်ခံစစ်ကစားသမားဟာ အေဂျက်၊ဂျုဗင်တပ်အသင်းနဲ့ဘိုင်ယန်မြူးနစ်တို့လို ဥရောပကလပ်အသင်းကြီးတွေမှာပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကာလမှာတော့ အိုးထရက်ဖို့ဒ်ကွင်းဆီပြောင်းရွှေ့လာခဲ့ပါတယ်။

လက်ရှိမှာတော့ ကာယကံရှင်အနေနဲ့ သရဲနီအသင်းအတွက် ပွဲပေါင်း ၂၈ ပွဲပါဝင်ကစားခဲ့ရာမှာ စွမ်းဆောင်ရည်ပိုင်းအရသိပ်ကောင်းကောင်းမကစားနိုင်ခဲ့တာကြောင့် ဒီလက်ဒ်ကိုယ်တိုင်အနေနဲ့ ဝေဖန်မှုခံနေရတာဖြစ်ပါတယ်။
ကျနော်ကစားခဲ့ဖူးတဲ့ကလပ်အသင်းတိုင်းမှာလည်းမြင့်မားတဲ့ဖိအားတွေရှိခဲ့တယ်လို့ကျနော်ထင်ပါတယ်။ဒါပေမဲ့ မန်ယူအသင်းမှာတော့ ဖိအားကအမြင့်ဆုံးပါပဲ့။

ဒီနှစ်ငါတို့ကစားတဲ့ပုံစံအရ ဒီဟာမလုံဘူးဆိုတာငါတို့သိရပြီး ဖိအားတွေကလည်းပိုများလာခဲ့ပါတယ်။တဖြေးဖြေးဖိအားများလာတာပဲ့ရှိပြီး မင်းအနေနဲ့ ဒီလိုမျိုးခံစားကြည့်လို့ရပါတယ်လို့ အသက် ၂၅ နှစ်အရွယ်နောက်ခံကစားသမားကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

မန္တလေးမြို့ပေါ် အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သူ တရားခံ ၆ ဦးအား သက်သေခံဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းမိ

ဇန်နဝါရီ ၂၆

ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ထပ်မံကျူးလွန်ထားသည့် ပြစ်မှုများရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား အုပ်စုဖွဲ့၍ ဆိုင်ကယ်များ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်သည့် ဖမ်းဆီးရမိတရားခံ မင်းထက်၊ ချမ်းမြေ့အောင်(ခ)ငချမ်း၊ အောင်ရဲငြိမ်း(ခ)ဖိုးငယ်၊ သန့်စင်(ခ)အောင်သန်းဦး(ခ) အောင်ကျော်၊ အောင်ကိုမင်း၊ အောင်သူရကျော်(ခ)ကိုချစ်တို့ ၆ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဇော်ထက်(ခ)ဝက်စုတ်နှင့် ကုလားကြီး တို့ ၂ ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ရပ်ရွာ များအတွင်း အလားတူ ဒုစရိုက်မှုများမဖြစ်ပွားစေရေးနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက် မှုသတင်းများအား တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ သတင်းပေးပို့နိုင် ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image

မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ မြောက်ကိုရီးယားစမ်းသပ်ပြန်

ပြုံးယမ်း၊ ဇန်နဝါရီ ၂၆

မြောက်ကိုရီးယားဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ဒါဟာ အရေးကြီးတဲ့ လက်နက်စမ်းသပ်မှုဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။ ရေအောက်ကနေ မြေပြင်ပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀၀ ထိခရီးရောက်ခဲ့ပြီး ပစ်မှတ်တွေကို မထိမှန်ခင် ၇၅၀၇ စက္ကန့်နဲ့ ၇၅၁၁ စက္ကန့် ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ထိပါးနေသရွေ့ ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့လည်း နိုင်ငံပိုင် သတင်းဌာနက သီးခြားထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို ကြီးထွားလာစေတယ်လို့ စွပ်စွဲထားပါတယ်။

ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာ ကင်ဂျုံအန်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတသက်တမ်းအတွင်းမှာလည်း ကင်ဂျုံအန်နဲ့ ထပ်မံဆက်သွယ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့ စစ်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာဖို့ အားထုတ်ကြိုးပမ်းသွားမယ်လို့ အခိုင်အမာဆိုထားပါတယ်။ လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်နေပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

နေတွေပြင်းပြီး အစားသောက်ခံတွင်းသိပ်မတွေ့လို့
စားကောင်းနိုးနိုးနဲ့ အိမ်မှာ ဒီလိုလေးချက်စားဖြစ်ပါတယ်

ဆိတ်သားခြောက်ကို မချက်ခင်ညကတည်းက ရေစိမ်ထားပါတယ်

မနက်ရောက်တော့ ဆိတ်သားခြောက်ကို ရေနွေးဆူဆူထဲ ၃ မိနစ်လောက်ထည့်ပြုတ်ပြီး ပြန်ဆယ် အအေးခံ အတုံးလှီးထားပါတယ်

ကြက်သွန်နီဖြူဂျင်းငရုတ်ပုခြောက်ဆနွင်းအကုန်ရောထောင်းပါတယ်

ငရုတ်စပ်စပ်လေးစားချင်လို့ ပီနံသီးအနည်းငယ်ကို
ညက်နေအောင်ကြိတ်ထားပါတယ်

ဆီဆူရင်ထည့် ထောင်းထားတာ ဆီသတ်
ခရမ်းချဥ်သီးတစ်လုံးလောက်ပါးပါးလှီးထည့်မွှေပါတယ်
ပီနံသီးကြိတ်ထားတာထည့်ပါတယ်
အနှစ်လေးနဲ့နယ်စားချင်လို့ အနှစ်ကျရုံအတွက်ဘဲဆိုတော့ ခရမ်းချဥ်သီးအများကြီးမထည့်ပါဘူးနော်

ပျော့အိပြီဆို ဆိတ်သားခြောက်တုံး သကြားနည်းနည်း ဆားနည်းနည်းထည့်ပြီး ရေထည့်ကာ အနှစ်ထွက် အခမ်းချက်ပါတယ်ရှင်

နောက်ဆုံး ပျဥ်းတော်သိမ်းရွက်လေးထည့်လိုက်ပါ ရပါပြီ

ဆိတ်သားကြိုက်သူမို့ စားရတာခံတွင်းတွေ့ပြီး ကိုယ့်အတွက်တော့ တကယ်စားမြိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ခဲ့ပါတယ် 😌

image
23 w - Translate

အေးပါ အေးအေးဖြူရယ်🙄

image
23 w - Translate

နင်ဖုန်းအားမရှိတဲ့အချိန် ဘာလုပ်နေလဲ*
Me :

image
23 w - Translate

စားရမှာလား ဆေးခန်းပို့ပေးရမှာလား

image
23 w - Translate

🏋️အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချရန်နည်းလမ်း (၁၁) ချက်

၁။အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။

၂။ အချိုရည်တွေ မသောက်ပါနဲ့

၃။အစာမစားခင် ရေသောက်ပါ။

၄။ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ။
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်

၅။အမျှင်ဓာတ်များများစားပါ။အသီးအနှံ/အသီးအရွက်များ။

၆။ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ။Green Tea ကြိုက်ရင်သောက်လို့ရပါတယ်

၇။အစားအစာကို ဖြည်းဖြည်းချင်း‌ ကျေညက်အောင်ဝါးစားပါ။

၈။အိပ်ရေးဝဝအိပ်ပါ

၉။သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။

၁၀။လေ့ကျင့်ခန်း တစ်နေ့နာရီဝက်ခန့်ပြုလုပ်ပါ။

၁၁။ အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။

image