25 ပတ် - ဘာသာပြန်ပါ။

ဗိုင်းရပ်စ်ကြောင့် ပဲရစ်မာစတာပြိုင်ပွဲမှ ဆင်နာ နုတ်ထွက်
-------------------------
ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ အစာအိမ်ဗိုင်းရပ်စ်ကြောင့် ကျင်းပနေတဲ့ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲ ကနေ နုတ်ထွက်လိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆင်နာဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆော်ဒီမှာ ကျင်းပခဲ့တဲ့ နာမည်ကျော် တင်းနစ်သမား ၆ ယောက် ပါဝင်တဲ့ တင်းနစ်သရုပ်ပြပွဲမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲအဆင့်မှာ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ပဲရစ်မာစတာပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပေမယ့် ပထမ အဆင့်ပွဲစဉ် ကစား ဖို့ ရက်ပိုင်းအလိုမှာပဲ ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဆင်နာရဲ့ နေရာမှာ ပြင်သစ် တင်းနစ်သမား အာသာ ကာဇော့ဇ်ကို အစားထိုးလိုက်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ကမ္ဘာ့အဆင့်-၄ ဆားဘီးယား တင်းနစ် သမား ဂျိုကိုဗစ်က ပြိုင်ပွဲကနေ နုတ်ထွက်ထားခဲ့လို့ ပဲရစ်မာစတာပြိုင်ပွဲအနေနဲ့ နောက်ထပ် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ကို ထပ်မံဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲကို အောက်တို ဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

image
25 ပတ် - ဘာသာပြန်ပါ။

I may be angry sometimes but I still love you. ❤️

image
25 ပတ် - ဘာသာပြန်ပါ။

မင်းကို တန်ဖိုးမထားသူကို စွန့်လွှတ်ဖို့ ကြိုးစားပါ....
မင်းဆုံးရှုံးလိုက်ရမှာက တန်ဖိုးမဲ့တဲ့သူပါ....
သူဆုံးရှုံးလိုက်ရမှာက တန်ဖိုးရှိတဲ့သူပါ....
မင်းအတွက် အရှုံးမရှိပါဘူး ...
စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ပါ

🤍🍂
#ᗩᒪoᑎᗴ

image
25 ပတ် - ဘာသာပြန်ပါ။

အမှန်အတိုင်း ဝန်ခံကြေးလို့ ပြောရင် ..
စကားတွေ စွံ့အသွားရော …
အခုလောလောဆယ်မှာ
အမှန်အတိုင်း ဝန်ခံရရင်
စိတ်အခြေအနေကော
အရာရာကော
ဘာတစ်ခုမှ အဆင်မပြေနေဘူးရယ်
ငါ …
စိတ်ကျရောဂါများ ရှိနေပြီလားဆိုပြီး
အကြိမ်ကြိမ်တွေးမိတဲ့ အရေအတွက်တွေရယ် …
လူတွေနဲ့ ဝေးရာကို ပြေးနေမိတဲ့အချိန်တွေရယ်
လိုက် တွက်ကြည့်နေမိတယ် …
အိပ်လိုက်ရင်
သက်သာသွားမှာဆိုပြီး
အိပ်ပေမယ့်
ညနက် သန်းခေါင်တွေကျရင်
ကြောင်တောင်တောင်နဲ့
နိုးထလာပြီး …
လူတွေ ပြေးလွှားလှုပ်ရှားသံကြားရင်
ကျွန်တော်က အိပ်ယာထဲပဲ
ခွေနေချင်မိတော့တာ …
ကျွန်တော့်ကို
အမှန်အတိုင်း ဝန်ခံနော်ဆိုတဲ့
စကားနဲ့
အစမချီတာကောင်းမယ်
လူတွေ ပျော်နေအောင်
ဟန်ဆောင်ပြုံးတတ်ပေမယ့်
တကယ် ငိုချမိရင်
တိတ်ဖို့ ခက်သွားလိမ့်မယ်
သိမ်းထားမိတဲ့
အနာတရတွေ
စိတ်ဒဏ်ရာတွေကို
တဖွဖွကြည့်ရင်း
ကျွန်တော် ပျော်နေပါတယ်ဆိုတဲ့စကားကိုပဲ
ယုံ….ပါ ။
#ကျေးကို

image
25 ပတ် - ဘာသာပြန်ပါ။

ငါကလူတစ်ယောက်ကို ငါမှားတယ်လို့
ခံစားနေရရင်သာ ပြန်တောင်းပန်ပြီး
ပြန်ခေါ်ဖို့ ဝန်မလေးတာ---"

အဲ့လိုမဟုတ်ဘဲ ငါ့ကို သူ့သဘောနဲ့သူ အဆက်အသွယ်ဖြတ်သွားတာဆိုရင် ဘယ်လိုအကြောင်းမျိုးနဲ့မှ နည်းနည်းလေးတောင် ပြန်မပတ်သတ်ချင်တော့ဘူး---"

လူဆိုတာ ကိုယ့်အကြောင်းတွေနဲ့ကိုယ်ပဲ။ အဲ့တော့ တစ်ဖက်သတ်ကြီး ခံစားချက်တွေကို လိုက်အလျှော့ပေးဖို့အထိတော့ ငါ့မှာတာဝန်မရှိဘူး‌ ငါ့ပုံစံကို သဘောမကျရင် မပေါင်းနဲ့ပေါ့---"

- Thuz

image
25 ပတ် - ဘာသာပြန်ပါ။

ငိုစရာတွေများလာတော့
ရယ်ပဲ ရယ်နေမိတော့တယ်။

ဘဝဟာရပ်လို့မရတဲ့"ရထားတစ်စင်း"
အတိတ်ဆီပြန်လှည့်လို့မရသလို
အနာဂါတ်ဆီရောက်ဖို့
ခုန်ကျော်လို့လည်းမရ။

ပစ္စုပ္ပန်မှာ မပျော်လည်းနေရ
ပျော်လည်းနေရ
အခိုးအငွေ့လိုလွယ်လွယ်နဲ့
ပျောက်ကွယ်သွားရင်လည်းကောင်းသား။

အင်း.....မသေရဲသေး သရွေ့တော့
အသက်ရှင်ဖို့ကြိုးစားရမှာပဲ
မဟုတ်လား။

#ခမ်း

image
25 ပတ် - ဘာသာပြန်ပါ။

ပဲပြားချဉ်စပ် ချက်နည်း 🥘

(တစ်ခါလောက် သားသတ်လွတ် ခံတွင်းတွေ့ ချဉ်စပ်လေး ချက်စားလိုက်ပါဦးနော်) 👇👇

ပါဝင်ပစ္စည်းများ

ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့်အရွယ်တုံးပါ)
ကြက်သွန်နီ - ၃ လုံး( ပုံမှန်အရွယ်)
ကြက်သွန်ဖြူ - ၇ တက်(နုပ်နုပ်စဉ်းပါ)
ခရမ်းချဉ်သီး - ၂ လုံး( ခပ်နုပ်နုပ်စဉ်းပါ)
ပန်းငရုတ်ပွ - ၁ လုံး( လက်မအရွယ်မျှ လှီးပါ)
ဂျုံမှုန်. - အနည်းငယ်
ငရုတ်သီးစိမ်း - ၆ တောင့်( အစပ်ကြိုက်ပါက ထပ်ထည့်ပါ )
ပဲငံပြာရည် - အနည်းငယ် (ဇွန်းနဲ့ချိန်ထည့်ပါ)
ပာင်းခတ်မှုန်. - အနည်းငယ်
ငရုတ်ဆီ - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီးထောင်းထားပါ)
ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီး/ညှပ် ထားပါ)

🔺ဆီကို ပဲပြားမြုပ်အောင် ထည့်ပြီး အပူပေးထားပါ

🔺ပဲပြားတုံးလေးတွေကိုဂျုံမှုန်.အနည်းငယ်ဖြူးပြီးဆီပူပူမှာ ကြော်ပြီး အဝါရောင်သန်းချိန်မှာ..ဆယ်ယူဆီစစ်ထားပါ။

🔺ဒယ်အိုးကို အပူပေးပြီး လှီးထားတဲ့ ကြက်သွန်နီ / ဖြူတို.ကိုဆီသတ်ပြီးအနံ့မွှေးလာလျှင်လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွသီး ၊ ငရုတ်သီးစိမ်းတို.ထည့်ပါ။

‌🔺အ‌ပေါ်ကအနှစ်ရပြီးဆိုလျှင် ကျက်ရုံမျှ‌ ကြော်ထားတဲ့ ပဲပြားတို့ကို ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.၊ ငရုတ်ဆီတို.ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်း မွှေပေးပါ ။
ထို.နောက်..သံပုရာရည်အနည်းငယ်ညှစ်ပြီးငရုတ်ကောင်းမှုန်.ထည့်ပါ။

🔺နောက်ဆုံးကျက်ခါနီးရင် ကြက်သွန်မြိတ်လေး/ နံနံပင် လေး ထည့်လိုက်ရင်...မွှေပျံ.ပြီး ချဉ်စပ်လေးနဲ့စားကောင်းတဲ့ ပဲပြားချဉ်စပ် ဟင်းလေးရပါပြီ....။

image
25 ပတ် - ဘာသာပြန်ပါ။

30 - 10 - 2024 ( အပိတ်ဈေး )
အကယ်ဒမီ မီးလင်းရွှေစျေး

ပြင်ပစျေးနှုန်း ✅
မီးလင်း - 6490000 Ks
၁၅`ရည် - 6100000 Ks

YGEA စျေးနှုန်း ✅
မီးလင်း - 5660000 Ks
၁၅' ရည် - 5320000 Ks

ဝိုင်းဈေး ✅
အရောင်း - 6460000 Ks
အဝယ် - 6450000 Ks

image
25 ပတ် - ဘာသာပြန်ပါ။

လူ​တွေက ​ပြောင်းလဲသွားရင် သိပ်သိသာတယ်
ဘာပဲစားစား မ​ခေါ်​​ကျွေး​တော့ဘူး 😄

image
25 ပတ် - ဘာသာပြန်ပါ။

လူ​တွေက ​ပြောင်းလဲသွားရင် သိပ်သိသာတယ်
ဘာပဲစားစား မ​ခေါ်​​ကျွေး​တော့ဘူး 😄

image