11 w - Translate

ဂျပန်နိုင်ငံ​​၏စွမ်းအင်နည်းပညာသစ်
ဂျပန်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်ဖန်တီးထုတ်လုပ်မှုအတွက် ခေတ်ရှေ့ပြေးသောနေရာတစ်ခုကိုရောက်ရှိလာခဲ့ပြီး၊ Naru ရေလက်ကြားတွင် များပြားသော လှိုင်းလုံးများမှ စွမ်းအင်ထုတ်လုပ်နိုင်ရန်တာဗိုင်ကြီးတစ်စင်းဖြစ်သည့် AR1100 ကို ပထမဦးဆုံး တပ်ဆင်လိုက်သည်။

ဤတာဗိုင်ကို Proteus Marine Renewables က ထုတ်လုပ်ထားပြီး၊ သမုဒ္ဒရာရေစီးကြောင်းမှ ၁.၁ မက်ဂါဝပ် စွမ်းအင်ထိထုတ်နိုင်သည်။၎င်းသည် Goto ကျွန်းစုကို သန့်ရှင်းစွာထုတ်လုပ်နိုင်သောစွမ်းအင်ဖြင့်ထောက်ပံ့နိုင်ရန်ရည်ရွယ်ထားသည်။ယခုစီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုအောင်မြင်မှုအပေါ် အခြေခံပြီး တည်ဆောက်ခြင်းဖြစ်သည်။

AR1100 တာဗိုင်၏ ထူးခြားချက်မှာ ၎င်း၏ စက်တံများကို အချိန်နှင့်တပြေးညီ ချိန်ညှိနိုင်ပြီး လျှပ်စစ်ကွန်ယက်နှင့် ချောမွေ့စွာ ချိတ်ဆက်နိုင်ခြင်းဖြစ်သည်။ဤအရာကြောင့် လေမရှိချိန်၊ နေရောင်မရှိချိန်များတွင်တောင် တည်ငြိမ်ပြီးကာဗွန်နည်းသည့် စွမ်းအင်ကို ထုတ်နိုင်သည်။

ယခုတွင် Proteus သည် မက်ဂါဝပ်အရွယ်အစားရှိသော လှိုင်းစီးတာဗိုင်များကို ဂျပန်နှင့် အင်္ဂလန်နှစ်နိုင်ငံလုံးတွင် လုပ်ကိုင်နေသော ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့သည်။ ထို့ပြင် သူတို့သည် စကော့တလန်၊ ပြင်သစ်၊ နှင့် အမေရိကန်တို့တွင်လည်း ယခုကဲ့သို့စီမံကိန်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုတပ်ဆင်မှုကဂျပန်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင်အပေါ် အလေးပေးနေကြောင်း ဖော်ပြပြီးကမ္ဘာအနှံအပြားရှိ သမုဒ္ဒရာအခြေပြု စွမ်းအင်ဖွံ့ဖြိုးမှုအတွက်ပြောင်းလဲလာအချက်တစ်ခုဖြစ်လာနိုင်သည်။

image
11 w - Translate

ငိုမယ်ဆို ငိုစရာတွေဟာ
မဆန့်မပြဲပဲ
ငါတို့ဘဝတွေမှာ....
ငါတို့ရဲ့ ပက်ပက်စက်စက်
ဘဝတွေမှာ....။
#အောင်ချိမ့်

11 w - Translate

ဆာလီဘာရဲ့ အမှားကနေ မာတေးတား ဘောလုံးရသွားပြီးတော့ ကန်သွင်းလိုက်တာကို ရာယာတယောက် ဘာမှမတတ်နိုင်တော့ဘူး ဖြစ်သွားတာပါ။ လိုက်မမီမှန်းသိတဲ့နောက် ဘောလုံးသွားရာနောက်ကိုပဲ လိုက်ကြည့်လိုက်ရပါတယ်။
မာတေးတား ကန်သွင်းတာလည်း တော်တော်လေးကောင်းပါတယ်။ ရာယာက ရှေ့ထွက်နေပြီး နေရာယူပုံလည်း လွဲနေတာကို အခွင့်ကောင်းယူပြီး ကန်သွင်းလိုက်တာပါ။ ကန်ချက်ကတိကျခဲ့သလို ဆုံးဖြတ်ချက်ကလည်း မှန်ကန်ခဲ့ပါတယ်။
ဒါမျိုးအမှားသာ ပီအက်စ်ဂျီနဲ့ပွဲမှာ လုပ်မိရင် အာဆင်နယ်တို့ အကြီးကြီးနားကားမှာပါ။ ဒီလိုပွဲမျိုးမှာမို့ ကံကောင်းသွားပါတယ်။ ဆာလီဘာကလည်း သူ့အဆင့်အတန်းနဲ့ မဖြစ်သင့်တဲ့ အမှားကို လုပ်မိခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် သူ့အနေအထားနဲ့ ပြန်နှိုင်းဆမယ်ဆိုရင် မဖြစ်သင့်တဲ့ အမှားမျိုးပါ။

image

😁

image
11 w - Translate

အင်တာမီလန်ရဲ့ ဖလား ၃လုံးအိပ်မက်ကို အေစီတို့ ဖျက်ဆီးပေးလိုက်ပါတယ်။ စူပါဖလားပွဲတုန်းကလည်း အနိုင်ယူခဲ့သလို ကိုပါအီတာလီယာမှာလည်း ထပ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားခဲ့ပါပြီ။ ပထမအကျော့က ၁-၁ ဖြစ်ခဲ့ပေမယ့် ညက ဒုတိယအကျော့မှာ ၃-၀ နဲ့ အေစီက ဂိုးပြတ်သိပ်လိုက်တာပါ။
ဒီရာသီ အေစီနဲ့ ၅ကြိမ်တွေ့ရာမှာ တကြိမ်မှ အင်တာတို့မနိုင်ခဲ့ပါဘူး။ ရာသီကုန်ရင် အေစီနဲ့လမ်းခွဲမယ့် နည်းပြကွန်ဆီကာအိုကလည်း အင်တာနဲ့တွေ့တိုင်း အသာစီးရအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ အီတလီစူပါဖလားကိုပါ သူက ယူပေးထားတာပါ။
တရာသီအတွင်း ဖလား ၃လုံးအိပ်မက်ကို တကျော့ပြန်မက်နေတဲ့ အင်တာတို့ မြို့ခံပြိုင်ဘက်ကြောင့် ဖလားတလုံးလက်လွှတ်လိုက်ရပါတယ်။ ဆီမြွန်နီအင်ဇာဂီရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ခံစစ်ဟာ အေစီနဲ့တွေ့ရင် အလဲလဲအကွဲကွဲတွေကို ဖြစ်နေခဲ့ရပါတယ်။

image
11 w - Translate

ခဏခဏ
လဲရာက ပြန်ပြန်ထခဲ့ပါတယ်
အဲ့ဒီအရာကို
ကျွန်တော်ရမယ်ထင်ပြီး
ယခုထိ မရခဲ့ပါဘူး
#အောင်ချိမ့်

image
11 w - Translate

CapCut ကလုန်းဆိိုပြီး အမည်တပ်ခံရပြန်တဲ့ Meta ရဲ့ Edits
၁ လပိုင်းအစ TikTok ပိတ်တဲ့ကိစ္စတွေဖြစ်တုန်းက ဆက်စပ် App တွေပါပိတ်တော့ CaopCut ပါ ဘန်းခံထိတာ။ အဲ့အချိန် Meta ကနေ video editng app တစ်မျိုးဖြစ်တဲ့ Edits ဆိုတဲ့ App တစ်ခုကို ရုတ်တရက်ထမိတ်ဆက်ခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ Capcut ရဲ့ ပြိုင်ဘက်ရယ်လို့တောင် ဆိုခဲ့ကြတာ။ အခု CapCut Clone ဆိုပြီး ခေါ်နေကြပြီ။


သူ့နာမည်မှာပါသလို ဒီ App က Instagram ကနေ ထုတ်ထားတာလို့ ပြောရင်ပိုမှန်လိမ့်မယ်။ IG account ရှိရင် Sing in ဝင်ပြီး တန်းသုံးရုံပါပဲ။ လုပ်ဆောင်ပုံက CapCut နဲ့ အကုန်နီးပါးတူတယ်လို့ ဆိုထားကြတယ်။ Editing Tools တွေ တော်တော်စုံပြီး Ai နဲ့ပတ်သတ်တာတွေလည်း လုပ်လို့ရတယ်လို့ ဖော်ပြထားတယ်။
အခု အဲဒီ Edits ဆိုတဲ့ App ကို iOS မှာရော Android မှာရော Download လုပ်ပြီး သုံးလို့ရပြီလို့ဆိုတယ်။ စစမိတ်ဆက်တုန်းကတော့ မတ်လ 31 လို့ပြောခဲ့တာဆိုတော့ နည်းနည်းတော့ နောက်ကျသွားတယ်လို့ ဆိုရမှာပဲ။ ထားပါတော့။ ဒီ App ကို Edits, an Instagram app ဆိုပြီး ရိုက်ရှာလို့ရတယ်။ App Store , Play Store တွေမှာ အကုန်ရနေပြီ။

image
11 w - Translate

ကိုယ်က သစ္စာသမား
လက်ဖက်ရည် နှစ်ခွက်သောက်ချင်သောက်မယ်
ရည်းစားနှစ်ယောက်မထားဘူး။
#ဘယ်လာခင်

11 w - Translate

နှစ်တွေအကြာကြီးနေမှ ပြန်စုံတဲ့ သူငယ်ချင်း ၃ ယောက် အရမ်းနာမည်ကြီးတဲ့ ပါတီတစ်ခုကို သွားဖို ကြိုစားကြတဲ့အခါ

The Night Before
2015 ‧ Comedy/Drama ‧ 1h 41m

ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ
အတွက်  ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ
တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။
Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ်
မခံဖို အကြံပေးချင်ပါတယ်။
(Warning: ညစ်ညမ်းဟာသတစ်ချို ပါဝင်တာမို မိသားစုနဲ့အတူ မကြည့်ရှု
သင့်တဲ့ ဇာတ်ဝင်ခန်းတချို ပါဝင်ပါတယ်)

ခရစ်၊ အီသန်နဲ့ အိုင်ဆက်တိုဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း
သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ်
ကာလမှာ ဆုံးရှုးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တိုလည်း အီသန့်ကို
အတတ်နိုင်ဆုံး ကူညီပေးဖိုအတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ
ပါတယ်။ ဒီလိုနဲ့ပဲ သူတိုသုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု
ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ဆိုတဲ့
အရမ်းမိုက်တဲ့ ပါတီတစ်ခုအကြောင်းကို အီသန် သိလိုက်ရပါတယ်။ သူတို
သုံးယောက်လုံးလည်း အရမ်းသွားချင်ကြပေမယ့် နေရာကို ရှာမတွေ့ခဲ့ပါဘူး။
နှစ်တိုင်းခရစ္စမတ်အချိန်မှာ အဲပါတီကိုလိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့လို
လက်လျှော့ခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ နှစ်တွေကြာညောင်းလာပြီး သူငယ်ချင်းသုံးယောက် ကိုယ့်လမ်းကိုယ်
လျှောက်ရင်း ခရစ္စမတ်ကို အတူမဆင်နွှဖြစ်ကြတော့ပါဘူး။ အီသန်လည်း
သူတိုသူငယ်ချင်းသုံးယောက်အနေနဲ့ ဒီနှစ်ခရစ္စမတ်ကိုတော့ နောက်ဆုံးအနေနဲ့
ဆင်နွှဖိုလုပ်ပါတော့တယ်။ ခရစ္စမတ်အကြိုညမှာ သူငယ်ချင်းသုံးယောက်
ဘယ်လိုတွေ ကဲကြမလဲ၊ ဘယ်လိုအလွဲတွေ ဖြစ်နေကြမလဲဆိုတာကိုတော့
ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါတော့။

နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Seth Rogen, Joseph Gordon-Levitt နဲ့
Anthony Mackie တို သုံးယောက်ရဲ့ အတိုင်အဖောက်ညီညီ သရုပ်ဆောင်
ချက်တွေကြောင့် ကြည့်ရှုလို‌ကောင်းသလို။ ဟာသတွေဟာလည်း အရမ်းကို
ရယ်ရတာမို ဘာသာပြန်ရင်းနဲ့ကို ပါးစပ်မစိရပါဘူး။ မထင်ထားတဲ့ နာမည်ကြီး
တွေလည်း Cameo ပါဝင်ခဲ့ပါတယ်။

image
11 w - Translate

Miss Universe Pathein & Mogok 2025
Khin Lin Latt Yoon & Yan Yan
Senior Comeback Queen နဲ့ New face Queen
👸
ဘယ်သူက MUM 2025 မှာ highest placement ရသွားမလဲ 💫👑🇲🇲

image