#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့် ဒေါ်နယ်ထရန့်အစိုးရ ရုပ်သိမ်းဖွယ်ရှိ
ဟားဗတ်တက္ကသိုလ်ရရှိခံစားနေသော အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လက်ရွေးစင် အမေရိကန် တက္ကသိုလ်ကြီးများကို ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်လကလည်း ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားပြီးဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် ဟားဗတ်တက္ကသိုလ်၏ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ထိုလုပ်ဆောင်ချက်မျိုးသည်သာ ဟားဗတ်တက္ကသိုလ်နှင့်ထိုက်တန်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါခြိမ်းခြောက်မှုသည် အမေရိကန်အခွန်ဥပဒေများကို တရားမဝင်အလွဲသုံးစားမှုပြုလုပ်ရာ ရောက်မည်ဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် တာဝန်ရှိသူများက ဝေဖန်ထားသည်။
ဟားဗတ်တက္ကသိုလ်သည် အိုင်ဗီလိဂ်တက္ကသိုလ်အတွက် သုတေသန ရန်ပုံငွေချပေးမည့်အစီအစဉ်ကို ဒေါ်နယ်ထရန့်အစိုးရက ရပ်တန့်ထားမှုနှင့်ပတ်သက်၍ ထရန့်အစိုးရအဖွဲ့ကို တရားစွဲဆိုထားပြီးဖြစ်သည်။
ဟားဗတ်တက္ကသိုလ်အပါအဝင် အမေရိကန်တက္ကသိုလ်အများစုသည် ဖက်ဒရယ်ဝင်ငွေခွန်ပေးဆောင်ရမှုမှ ကင်းလွတ်ခွင့်ရထားသည်။
