Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖာနန်ဒက်စ်၏ အနီကတ်ပြစ်ဒဏ်ကို ပရီးမီးယားလိဂ်က ပြန်လည်ပယ်ဖျက်ပေး
မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို ပရီးမီးယားလိဂ်ဘက်က ပြန်လည် ပယ်ဖျက်ပေးသွားပါတယ်။
စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒက်စ်က စပါးကစားသမား မက်ဒီဆန်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသ ထုတ်ပယ်ခဲ့တာပါ။
အဆိုပါ အနီကတ်ပြစ်ဒဏ်ကို မန်ယူအသင်းက အယူခံတင်သွင်းခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ဘက်က ပြန်လည်စစ်ဆေးပြီးနောက် ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကြောင့် မူလက မန်ယူအသင်းရဲ့ ပွဲစဉ် ၃ ပွဲလွဲချော်မဲ့ ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ပွဲစဉ်တွေကို ပါဝင်ကစားခွင့် ပြန်လည်ရရှိလာခဲ့ပါတယ်။
မက်ဒီဆန်အပေါ် ဖျက်ထုတ်မှုဟာ အဝါကတ်သာဖြစ်သင့်ပြီး အနီကတ် လုံးဝမဖြစ်သင့်ကြောင်းလည်း စပါးနဲ့ပွဲအပြီးမှာ ဖာနန်ဒက်စ်က ဝေဖန်ခဲ့ပါသေးတယ်။
မန်ယူအသင်းဟာ စပါးနဲ့ပွဲမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် အထုတ်ခံရလို့ ၁၀ ယောက်နဲ့ ကစားခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
DVB
မချစ်တော့ဘူးဆိုရင်
အဆက်သွယ်နည်းခြင်းနဲ့ ပြတယ်။
မလိုအပ်တော့ဘူးဆိုရင်
တိတ်ဆိတ်နေခြင်းနဲ့ ပြတယ်။
စွန့်ပစ်ချင်လာပြီဆိုရင်
မအားလပ်ခြင်းအကြောင်းတွေနဲ့ ပြတယ်။
ရှေ့မဆက်ချင်တော့ဘူးဆိုရင်
စကားနည်းသွားခြင်းနဲ့..ပြတယ်။
ပြကို..ပြလာတယ်။
ကြုံနေသူတိုင်း သိတယ်။
လွဲချင်လာတဲ့အခါ ပြတယ်။
#ရဲသူလွင် (အင်ပင်မြို့)
ဘယ်အချိန်ပဲကြည့်ကြည့်
တိမ်တွေဟာ အရမ်းကိုလှတယ်
ကျွန်တော်နှစ်သက်တဲ့တိမ်တွေက
ကျွန်တော်တွေ့ခဲ့ရတဲ့ ပုံစံအတိုင်း တစ်သမတ်တည်း
ရှိနေမှာမဟုတ်တာကိုလည်း ကျွန်တော်သိတယ်
တိမ်တွေက ပုံစံဘယ်လိုပဲပြောင်းလဲပြောင်းလဲ
ကျွန်တော့်အတွက် လှနေဦးမှာပါပဲ
ကျွန်တော်ပြောချင်တာ တိမ်တွေအကြောင်းမဟုတ်ပါဘူး ။
@mix’zzz