7 w - Translate

Tri-angle (2009)

တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက် သူငယ်ချင်းတစ်ချိုနဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်က သူတိုကို လိုက်လံသတ်ဖြတ်ခြင်းကို ခံရတဲ့အခါ ဘလာဘလာဘလာ။ ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလိုပဲ ထင်မိကြမှာပါလေ။ ဒါပေမယ့် လုံးဝမဟုတ်ပါဘူး။ ကြည့်ဖူးသမျှ လူသတ်ကားတွေလို မဟုတ်ပဲ လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ (ဥပမာ— ကိုယ့်သူငယ်ချင်းတွေကိုပဲ ကြိမ်ဖန်များစွာ သတ်နေရတဲ့ ဖြစ်ရပ်မျိုး)။ ငရဲကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့ ပုံစံမျိုးလို ပြောလိုရပါတယ်။ ကြည့်ပြီးသွားရင်တောင်မှ အတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ။ လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ။ ဒီဇာတ်ကားကတော့ October 2009 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ်။ ထိုက်တန်တဲ့ plot twist ကြိုက်သူအတွက် ဒီကားက တော်တော်သင့်တော်ပါတယ်။

image