1 y - Translate

ဝါသနာပဲပါတာ ပါရမီကပါမနေဘူး 😔

image
Sofia added new photos to Funny
1 y - Translate

ဝါသနာပဲပါတာ ပါရမီကပါမနေဘူး 😔

image
thann pay changed his profile picture
1 y

image
1 y - Translate

အမြင်အာရုံချို့တဲ့ပေမဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကြောင့် တိရစ္ဆာန်ကုဆေးကျောင်း တက်ခွင့်ရခဲ့သူ

အမြင်အာရုံ ချို့တဲ့ပေမဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူတစ်ဦးဟာ တက္ကဆက်နည်းပညာတက္ကသိုလ် တိရစ္ဆာန်ကုဆေးကျောင်းကို တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဖိန့်စနက်ဟာ အမြင်အာရုံ ၁၀ ရာခိုင်နှုန်းအောက်သာ မြင်ရပြီး ညာဘက်မျက်လုံးကပဲ လှုပ်ရှားမှုပုံရိပ်တွေကို ခပ်ဝါးဝါး မြင်ရတာပါ။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေကို ချစ်တဲ့ ဖိန့်စနက်ဟာ တိရစ္ဆာန်ကုဆရာဝန်ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့ပြီး တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့တာပါ။

သူဟာ အတွေ့အကြုံရစေဖို့အတွက် ဒေသန္တရ တိရစ္ဆာန်ကုဆေးရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အမြင်အာရုံ ချို့တဲ့သူအတွက် အခက်အခဲတွေ များလွန်းပေမဲ့ ဖိန့်စနက်က လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ လမ်းပြခွေးလေးနဲ့အတူ နေ့စဉ်နေ့တိုင်း တိရစ္ဆာန်ကုဆေးရုံကို သွားပြီး အတွေ့အကြုံယူခဲ့ပါတယ်။

'' ကိုယ့်အတွက် တစ်ခုတည်းသော ကန့်သတ်တားဆီးမှုက ငါ မလုပ်နိုင်ဘူးဆိုတဲ့ အတွေးပဲလို့'' လို့ ဖိန့်စနက်က ဆိုပါတယ်။ ဖိန့်စနက်ဟာ လာမယ့်သြဂုတ်လကျရင် တက္ကဆက်နည်းပညာတက္ကသိုလ် တိရစ္ဆာန်ကုဆေးကျောင်းမှာ တက်ရောက်ခွင့်ရတော့မှာဖြစ်ပြီး တိရစ္ဆာန်ကု ဆရာဝန်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည် ဖော်ခွင့်ရတော့မှာပါ။

'' ရည်မှန်းချက်၊ အိပ်မက်တွေရှိတယ်ဆိုရင် ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်အခြေအနေဆိုတာတွေကို မေ့ထားလိုက်ပါ။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ဒီဖြစ်ရပ်က ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နေသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ မျှော်လင့်ပါတယ်'' လို့ ဖိန့်စနက်က ဆိုပါတယ်။

Ref:Legally Blind Woman Accepted Into Texas Tech School Of Veterinary Medicine

image
1 y - Translate

ခေါင်းကြီးတို့ ကြည့်လုပ်ကြနော်
စင်ကာပူက လူတစ်ယောက် သူ့နာမည်က Liu Kuei Liang တဲ့။ သူက "Diao Hua" ကလပ်မှာ ၂၀၂၂ တုန်းက မိန်းကလေးအဆိုတော်တွေကို ပန်းကုံးတွေ ဆုချရင်း အကြွေးတင်နေတာ ကြာပြီ။
ကြာတော့ အကြွေးကိုရှင်းဖို့ Liu ဟာ သူ့အမေပိုင်တဲ့ ကားနှစ်စီးဖြစ်တဲ့ Rolls Royce Dawn 6.6 V12 နဲ့ Mini Cooper SE တစ်စီးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်။
၁.၈.၂၀၂၂ မှာ Liu ဟာ Autoart Singapore ကားရောင်းဝယ်ရေးက
အေးဂျင့်တစ်‌ယောက်နဲ့ဆက်ပြီး Rolls Royce ကို S$ 700,000 (US$ 519,40 နဲ့ Mini Cooper ကို S$ 130,000 နဲ့ ရောင်းဖို့ သဘောတူလိုက်တယ်။ စာချုပ်ကို Autoart က ပြင်ဆင်ပြီး WhatsApp နဲ့ Liu ဆီ ပို့လိုက်တယ်။
Liu က သူ့အမေ ထိုင်ဝမ်ရောက်နေလို့ ပြန်လာရင် အမေ့လက်မှတ်ယူပေးမယ်လို့ ပြောခဲ့တယ်။
နောက်တော့ အမေ့လက်မှတ်ကို တရုတ်စာလုံးတွေနဲ့ အတုလုပ်ပြီး Autoart အေးဂျင့်ဆီ ပြန်ပို့လိုက်တယ်။
Autoart ရဲ့ တခြားအေးဂျင့်တစ်ယောက်က ကားရောင်းတာအတည်ပြုဖို့ Liu အမေ ဖုန်းနံပါတ်တောင်းတော့ Liu က သူအကူအညီတောင်းထားတဲ့ ထိုင်ဝမ်အခြေစိုက် သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ပေးခဲ့တယ်။ အဲဒီသူငယ်ချင်းက လိမ်ပေးတော့ Autoart လည်း ယုံသွားတယ်။ ဒီတော့ Rolls Royce အတွက် ကြိုငွေ S$ 100,000 နဲ့ Mini Cooper အတွက် S$ 50,000 ပေးလိုက်တယ်။
ဒါပေမယ့် အမေဖြစ်သူ သိသွားတော့ စိတ်တိုတိုနဲ့ ရဲကို တိုင်လိုက်တယ်။ ဒါနဲ့ လက်မှတ်အတုလုပ်မှုနဲ့ Liu ဟာ ထောင်နှစ်လ အချခံလိုက်ရတယ်။
......
Liu မိခင်က သားကို လိုတဲ့အချိန် ကားသုံးခွင့်ပေးခဲ့တယ်လို့ ပြောတယ်။ အခုတော့ သူမဘာသာ ပြန်ရွေးယူခဲ့ရပြီး စင်္ကပူဒေါ်လာ တစ်သိန်းခွဲနဲ့ အတိုးတွေပါ ပေးလိုက်ရသေးတယ်။ Rolls Royce ကိုတော့ ၂၀၂၃ ခုနှစ် ဧပြီလက စင်ကာပူဒေါ်လာ ၁ သန်းနဲ့ ရောင်းချခဲ့ပြီ ဆိုတယ်။
သားအမိချင်း ပြန်သင့်မြတ်သွားပြီလို့လည်း ဆိုတယ်။ Liu က ထောင်ဒဏ်ကို အယူခံဝင်ဖို့ ကြိုးစားနေရတယ်။
ထိုင်ဝမ်က လိမ်ပြောပေးတဲ့ သူငယ်ချင်းတော့ ဘာဖြစ်မှန်းမသိ .. ကလပ်က စင်္ကာပူ ကြယ်စင်တို့ လမင်းတို့ကတော့ အေးဆေး …။

image
1 y - Translate

နေကတော့ပူချက်🔆🔆

image
1 y - Translate

" ဘိုနူချီနဲ့ ချီလီနီ ခံစစ်အတွဲဟာ ဟားဗတ် တက္ကသိုလ်မှာ ဗဟိုခံစစ်ကို ဘယ်လို ကစားရလဲ ဆိုတဲ့ ဘောလုံး သင်ခန်းစာ ပို့ချတဲ့အလုပ်ကို လုပ်လို့ ရပါတယ်။
သူတို့ဟာ တကယ့်ကို အရည်အသွေး ပြည့်ဝ သူတွေပါ။
ကျွန်တော် ပြောတဲ့ အရည်အသွေး ဆိုတာက ထိုးထွင်းညဏ်ရှိတာ တခုထဲကို ရည်ညွှန်းတာတော့ မဟုတ်ကပါဘူး။
သူတို့ ဘိုနူချီ-ချီလီနီ ခံစစ်အတွဲ ကစားတာကို ကြည့်ရတာ အရမ်းကို ဆွဲဆောင်မှုကောင်းပြီး လှပလွန်းတယ်ဗျာ "
...
(မော်ရင်ဟို)

image
1 y - Translate

အင်ကြင်းပန်း🌸

လွမ်းစရာ ငယ်ဘဝရဲ့ ကျောင်းပိတ်ချိန်နွေရာသီ ♥️
.
.
.
.
.
.
.

Chaw Su(ဓာတ်ပုံ)

image
1 y - Translate

သဘောကျရတဲ့ စိတ်လေးဟာ
အေးချမ်းရတယ်..
သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ချင်ဖြစ်မယ် ။
ပန်းလေးတစ်ပွင့် ဒါမှမဟုတ်
သက်ရှိလေးတစ်ဦးလည်း ဖြစ်ချင်ဖြစ်နေမယ်

ကိုယ်သဘောကျရတဲ့ အရာလေးဆီက
ဘာမျှော်လင့်ချက်မှမပါပဲ သူ့ရဲ့ဖြစ်တည်မူလေးကအစ
လိုက်ပြီးသဘောကျနေရတယ်ဆိုတာ
ရိုးရှင်းတဲ့ အဖြူရောင်ငြိတွယ်မူလေးပါပဲ



The soul that I like makes me peaceful.
It might be a song, a flower or
a human being for me.

It's a simple and pure attachment that comes from the existence of him who is the item without any aspect that I love about him.

image
1 y - Translate

ခရီးလည်းသွားချင်တယ် ။
Budget လည်း save ဖြစ်ချင်တယ် ။
အခုလို ခေတ်ပျက်ကြီးထဲမှာလည်း
မနေချင်တော့တဲ့သူ‌တွေအတွက်
သတင်းကောင်းလေးရှိပါတယ် ။ 🤗🤗

နောက်လ ၈ ရက်နေ့မှာ နေကြတ်မယ်လို့သတင်းကြားပါတယ် ။ 🌞
နေကြတ်ကြတ် / လကြတ်ကြတ် ဘာလုပ်ရမလဲဆိုတာ 🌗
K Drama fan တွေဆိုရင် ကောင်းကောင်းသိကြမှာပါ ။

အဲ့ဒါကဘာလဲဆိုရင် နေကြတ်တဲ့‌နေ့မှာ ရေကန်ထဲကိုခုန်ချရင်း time travel လုပ်ဖို့ပါပဲ ။

နည်းလမ်းလေးကတော့လွယ်ပါတယ် ။
တစ်ခုချင်းဆီ ဖတ်ပေးပါနော် ။

၁။ နေကြတ်တဲ့အချိန်မှာ ကွက်တိရေကန်ထဲကို ခုန်ချဖို့ပါပဲ။
မျက်လုံးမှိတ်ထားရပါမယ် ။ ရေကူးတတ်လို့မရပါဘူး ။

၂။ အိမ်ရှေ့က စည်ပိုင်းကြီး ၊ ရေချိုးခန်းထဲက အုတ်ကန် ၊
bath-tub စတာ တွေထဲတော့မရပါဘူး ။

၃။ ကံကောင်းချင်တဲ့အခါ ဒီဘက် ခေတ်ကပစ္စည်းတွေပါ
ဟိုဘက်ခေတ်ကိုယူသွားလို့ရတာမို့ ကိုယ် ဟိုဘက်ခေတ်ကို
ဘာပစ္စည်းယူသွားချင်လဲ တစ်ခါတည်းကျောပိုးအိတ် ဒါမှမဟုတ် luggage ထဲထည့်ထားပါ ။
( ဥပမာ အသင့်စားဘူးခေါက်ဆွဲ ၊ Skin Care ဖို့ ပစ္စည်းအချို့ ၊ power bank ၊
မုန့်ကြွပ် ၊ ဓာတ်မီး ၊ ဖုန်း ၊ သမိုင်းဖတ်စာအုပ် ၊ အကြွေစေ့များ ..... )

၄။ မိမိပတ်ဝန်းကျင် အနီးအနားမှာ ရေများများရှိတဲ့ နေရာ
ဘယ်မှာရှိလဲ သေချာရှာပါ ။ သန့်ရောသန့်ရဲ့လားစစ်ပါ ။
ရေမသန့်မှာ allergic ထမှာ စိုးရင် အနီးအနားမှာ ရှိတဲ့
ရေကူးကန် သို့မဟုတ် hotel တစ်ခုက ရေကူးကန်ဆီသွားပါ ။ ( ရေတွင်းရှိလဲအဆင်ပြေပါတယ် )

၅။ ကိုယ်က ရေကူးကန်ထဲခုန်ချပေမယ့်လည်း ဟိုဘက် ခေတ်ရောက်သွားတဲ့အခါ
နန်းတော်ထဲက ရေကန် ၊ ဆောင်ကြာမြိုင်ထဲက ရေကန် ၊ ဘုရင့်ညီလာခံထဲကရေကန်လေး ၊ မင်းသားတွေရေချိုးနေကြရေကန် ၊
တောထဲ က ရေကန် အစရှိသဖြင့် ဘယ်နေရာကို ရောက်မယ်ဆိုတာ ခန့်မှန်းလို့မရတာမို့
သံလိုက်အိမ်မြှောင်နဲ့ ( ပု ပင်း အင်း တောင် ညောင် ကုန်းဘောင် ) စတဲ့ ခေတ်‌ ခြောက်ခေတ်က မြေပုံကို အိတ်ထဲ သေချာထည့်သွားပါ ။

၆။ ကံမကောင်းချင်တဲ့အခါ ဒီဘက် ခေတ်မှာ ကိုယ်က
ယောင်္ကျား လေး ဖြစ်နေပေမယ့် ဟိုဘက် ရောက်တဲ့အခါ မိန်းကလေးဖြစ်နိုင်တာမို့ စိတ်ကို သေချာပြင်ဆင်သွားဖို့တော့လိုပါလိမ့်မယ် ။
( ရာသီလာခြင်း ၊ ကိုယ်ဝန် ဆောင်ရခြင်း ၊ ရုတ်တရက် မိဖုရားဘဝသို့ ရောက် သွားခြင်း )

၇။ တစ်ခုတော့ သတိထားစေချင်ပါတယ် ။
ဟိုရောက်တဲ့အခါ ဒီဘက် ခေတ် စကား တွေ သုံးလို့မရပါဘူး ။
" မှန်လှပါ မင်းကြီးဘုရား ၊ ကျွန်တော်မျိုးမ ၊ ငွေအဿပြာ ၊ နောင်ကြီး ၊ ရောင်းရင်း ၊ ငါကိုယ်တော်မြတ် ၊ တော်ကောက် ၊ ရည်ငံ " အစရှိသဖြင့်
ဟိုခေတ်အသုံးအနှုန်းတွေကို မြင်တွေ့ကြားနေ အသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့် မသွားခင် အချိန်လေးမှာ သေချာလေး လေ့ကျင့်သွားစေချင်ပါတယ် ။

၈။ ဟိုဘက် ခေတ်ရောက်သွားပါပြီရဲ့ ဒီဘက် ခေတ်ကို ဘယ်လိုသတင်းပြန်ပို့ရမလဲဆိုသူတွေအတွက်
သတင်းပို့နည်း လေး ပြောချင်ပါတယ် ။ အဲ့ဒါကတော့ သမိုင်းကို ပြောင်းပစ်တဲ့နည်းပါ ။

ဖုန်းတွေ အင်တာနက်တွေ မရှိတာမို့ ဟိုဘက် ခေတ်ကသတင်းတွေကို
ဒီဘက်ခေတ်ကို အချိန် နှင့် တပြေးညီပို့လို့မရပေမယ့်
ဟိုဘက်ခေတ်မှာ လုပ်သမျှက ဒီဘက်‌ခေတ်ရဲ့ သမိုင်းစာအုပ်တွေဆီမှာ အချိန် နဲ့
တပြေးညီ ပြောင်းပြောင်းသွားမှာမို့

ကိုယ် အကယ်၍ သီပေါမင်း နဲ့ လက်ထပ်ပြီး
စုဖုရားလတ်နေရာကို ဝင်ယူလိုက်တဲ့အခါ သမိုင်းဖတ်စာအုပ်‌ တွေထဲမှာ

သီပေါမင်း + စုဖုရားလတ် မဟုတ် တော့ပဲ

သီပေါမင်း + ကိုယ့်နာမည် ဖြစ်သွားမှာပါ ။
( အဲ့ကျရင် ဓာတ်ပုံ လေး ဘာ လေးရိုက်တဲ့အခါမှာ သေချာ လေး ရိုက်ခဲ့ပါ ဦးနော် ။
ပြုံးပြုံးလေးနဲ့ လှလှလေး ။ ပြီးရင် ကိုလိုနီ နယ်ချဲ့တွေကိုလည်း နိုင်ငံထဲ ပေးမဝင်ပါနဲ့ ။ သီပေါမင်း အပေါ်လည်းကောင်း ပေးပါဦး ။

🫰ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်၌ power bank တစ်လုံး ပေါ်ပေါက်ခဲ့ တို့

🫰အင်းဝခေတ်တွင် I Phone 14 Pro Max အား တွေ့ရှိ တို့

🫰တောင်ငူခေတ်က မြစ်ကမ်းဘေးတွင် တွေ့ရှိခဲ့ရသော SPEED ဘူးခွံ တို့

🫰ပုဂံခေတ်ထဲ တွေ့ရှိခဲ့ရသော "Premier Coffee ထုပ် " တို့

🫰ပင်းယခေတ်တွင် စစ်သူကြီးတစ်ဦးဝတ်ခဲ့သော "SISBURMA" အင်္ကျီ တို့

🫰ညောင်ရမ်းခေတ်ထဲက ပြည်သူများအကြားတွင် တောင်တွင်းရှင်ငြိမ်းမယ်၏ အိုင်ချင်းများနှင့်အတူ ခေတ်စားခဲ့သော

" လိပ်ပြာ လေးလို အနားမှာ ဝဲ ဆွဲဆောင်လွန်းတဲ့မင်းရဲ့ ..... " ဆိုတဲ့တေးသီချင်းတစ်ပုဒ် ဆိုပြီး
သမိုင်းစာအုပ်ထဲမှာ ပါလာနိုင်ပါတယ် ။

၉။ ခေတ်တွေ အများကြီးပဲ ။ ဘယ်ခေတ်ကို ဘယ်လို သွားရမှန်းလဲမသိဘူးဆ်ိုတဲ့သူတွေ မပူပါနဲ့
မိမိသွားချင်တဲ့ ခေတ်ကို အာရုံပြုပါ ။ စိတ်ထဲကနေရည်မှန်းပါ ။ မင်းတုန်းမင်းရှိတဲ့ခေတ်ကိုသွားချင်ရင်
မင်းတုန်းမင်း ၊ စုဖုရားလတ် တို့ကို မျက်လုံးထဲမြင်ယောင်ပါ ။
သူတို့သည် ဘယ်ခေတ်ထဲမှာရှိနေတာလဲ ကုန်း‌ဘောင်‌ခေတ်လား ညောင်ရမ်းခေတ်လား သေချာ research လုပ်ပါ ။
အဲ့ခေတ် အ‌‌ခြေအနေကို စိတ်ကူးထဲက နေ ပုံဖော်ပါ ။ ပြီးရင် နေကြတ်တဲ့အချိန်မှာ မိမိ ယူသွားမယ့်အိတ်ကိုဆွဲပြီး ရေကန်ထဲကို လှလှလေး ခုန်ချနိုင်ပါပြီ ။

၁၀။ ဟိုဘက်ခေတ်မှာ နေရတာပျင်းလာလို့ ဒီ‌‌ဘက်ခေတ်ကို ပြန်လာချင်တဲ့အခါ ဟိုဘက်‌ခေတ် ရဲ့
နေ ဒါမှမဟုတ် လကြတ်တဲ့ နေ့ ရောက်ရင် ဒီဘက် ခေတ် 2024 ကို အာရုံပြုပြီး ကိုယ်ယူလာတဲ့ luggage 🧳 နဲ့ အတူ ရေကန်ထဲခုန်ချပါ ။
အဆင်ပြေကြပါစေ ။ ကိုယ့် luggage ကြီး ဟိုဘက်ခေတ်မှာ ထားမခဲ့ပါနဲ့ ။ သမိုင်းတွေ ပြောင်းပြန်ဖြစ်ကုန်ပါလိမ့်မယ် ။

Note - မြန်မာနိုင်ငံမှာခုန်ချရင် ဂျိုဆွန်းခေတ်
မရောက်သွားပါဘူးနော်။ မင်းတုန်းမင်းခေတ်ပဲရောက်မှာပါ။
ဂျိုဆွန်းခေတ်ရောက်ချင်ရင် ကိုရီးယားကိုသွားပြီး ခုန်ချပါ။ အဆင်ပြေကြပါစေ ။ 😚🥹

image