34 w - Translate

ဒီနေ့ ဝမ်းနည်းနေခဲ့ရင်...

တချို့ရက်တွေမှာ အကြောင်းပြချက်တွေ ရေရေရာရာမရှိပဲ ကြေကွဲနေတတ်တာလေ ။ ဘယ်သူ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေ မရှိဘူး ပြီးတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကလဲ ရေရေရာရာ ရှိမနေခဲ့ဘူး ။

များသောအားဖြင့် အလုပ်မရှိတဲ့ရက်တွေမှာ ရာသီဥတုအေးတဲ့ ရက်တွေမှာ ပိုပြီး ဖြစ်တတ်တယ်လေ။ ဒီနေ့ ဝမ်းနည်းနေခဲ့ရင် တစ်နေရာတည်းမှာ အကြာကြီးထိုင်မနေတာက အကောင်းဆုံးပါပဲ... ငြိမ်သက်နေခြင်းတွေ တိတ်ဆိတ်နေခြင်းတွေက ဝမ်းနည်းနေမိတဲ့စိတ်ကို ငိုချင်လာအောင် လက်တို့နေသလိုပါပဲ ။

ကော်ဖီကြိုက်တတ်တဲ့ မင်းအတွက်ဆိုရင်တော့ ဒီနေ့အဖို့လေးမှာ သီချင်းအေးအေးလေးနားထောင်ပြီး ကော်ဖီကို အချိန်ဆွဲသောက်နေရမယ့် ရာသီဥတုမျိုးမဟုတ်ဘူးလေ ။ မင်းက အတွေးလွန်တတ်တယ် တစ်ခုခုကို စပြီးတွေးလိုက်တာနဲ့ မရပ်တော့တာမျိုးပေါ့ ။

ဒီနေ့မှာ... မရှိရှိတဲ့ အလုပ်လေးရှာလုပ်စေချင်တယ်... ထွေထွေထူးထူး လုပ်စရာရှိမနေတဲ့ ကိုယ့်အခန်းပဲ ဖြစ်ဖြစ် ရှင်းပေါ့ ။ ဒီနေ့က ပြတင်းပေါက်ဘေး ထိုင်ငေးနေရင် အချိန်တွေ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ် စိတ်တွေ ညိုးမှန်းမသိ ညိုးသွားလိမ့်မယ် ။

ဒီနေ့တော့... ကိုယ့်ကိုယ် နားမလည်တဲ့သူကို နားလည်ပါဆိုတဲ့ စကားတွေ ပြောမနေတော့ပဲ ကိုယ့်ကို ချစ်တဲ့သူ ခင်တဲ့သူ အနားနေတာပဲ ကောင်းပါတယ် မကိုင်ချင်တဲ့ဖုန်းကို ခေါ်ဖို့ ကြိုးစားနေရတာထက်စာရင် မခေါ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မျှော်နေတဲ့ဖုန်းတွေကို ခေါ်ပါ ။

ဘာမှမဟုတ်ပဲ ဝမ်းနည်းနေတယ်ဆိုတာ တကယ်တမ်းကျတော့ သိမ်ငယ်ခြင်းတစ်မျိုးပဲတဲ့... မသိမ်ငယ်နဲ့ ပြီးတော့ မပျော့ညံ့နဲ့ ဘယ်အရပ်ပဲ ရောက်ရောက် ဒီစကားလေးကို မှတ်ထားပါ ။ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါ ။ ဘယ်သူမှ မယုံချင်နေပါစေ ငါယုံကြည်တယ် ။ ဘယ်သူမှ မရှိရင်နေပါစေ ငါ ရှိနေပေးမယ် ။

ဒီနေ့ ဝမ်းနည်းနေခဲ့ရင်လေ... သီချင်းဆွေးဆွေးတွေ နားမထောင်နဲ့... တစ်နေရာတည်းကို အကြာကြီး ငေးမနေနဲ့ ပြီးတော့... ကိုယ့်ကို ဂရုမစိုက်တဲ့ လူအနားမှာထက်စာရင် ကိုယ့်ကို ဂရုစိုက်တဲ့ လူအနားမှာ နေပါ ။

#ကျေးကို
(သတိရခြင်းဖြင့်)

image
34 w - Translate

အခုနောက်ပိုင်း "ချစ်တယ်"ဆိုတဲ့
စကားတွေထက် "တန်ဖိုးထားတယ်"ဆိုတဲ့ စကားလုံးလေးတွေကို ပိုပြီး သဘောကျလာမိတယ်။

"တန်ဖိုးထားတယ်"ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို
နားလည်တဲ့ ရပ်ဝန်းလေးမှာပဲ ရှင်သန်ချင်မိတယ်။

တန်ဖိုးထားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွေ၊လေးစားမှုတွေနဲ့အတူ ထာဝရမြတ်နိုးသွားမယ်ဆိုတဲ့ အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိတယ်ကျမိတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာ "ချစ်ပေးဖို့"ထက် "တန်ဖိုးထားပေးဖို့" ပိုပြီး တောင်းဆိုမိတယ်။

🍂🤍

image
34 w - Translate

ဟီးဟီး

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image
34 w - Translate

Somewhere in Switzerland.🇨🇭✨

image