32 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ် ဂိုးပြတ်နိုင်ပြီး မန်စီးတီး သရေကျသည့် ချန်ပီယံလိဂ်ပွဲစဉ်များ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၂၆ ရက် ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က အဝေးကွင်းမှာ စပို့တင်းလစ္စဘွန်းကို ၅ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး မန်စီးတီးက အိမ်ကွင်းမှာ ဖီယင်နုနဲ့ ၃ ဂိုးစီ သရေကျသွားပါတယ်။

အာဆင်နယ်က ပထမပိုင်းမှာတင် မာတင်နယ်လီ၊ ဟာဗက်ဇ်၊ မာဂါ‌ဟေ့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဆာကာနဲ့ ထရော့ဆာ့ဒ်တို့က တဂိုးစီ ထပ်သွင်းခဲ့ပါတယ်။

စပို့တင်းအတွက် ချေပဂိုးတဂိုးကိုတော့ ဒုတိယပိုင်း ၄၇ မိနစ်မှာ အင်နာစီယိုက သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဟာလန်း ၂ ဂိုးသွင်း၊ ဂန်ဒိုဂန် ၁ ဂိုးသွင်းပြီး ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန် ၇၅ မိနစ်၊ ၈၂ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး ၃ ဂိုးစီ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ကျန်ပွဲစဉ်တွေမှာတော့ အေစီမီလန်က ဆလိုဗန်ကို ၃ ဂိုး ၂ ဂိုး၊ အက်သလက်တီကိုက စပါတာပရပ်ဂ်ကို ၆ ဂိုး ဂိုးမရှိ၊ ဘာစီလိုနာက ဘရက်စ်ကို ၃ ဂိုး ဂိုးမရှိ၊ လေဗာကူဆင်က ဆောလ်ဇ်ဘာ့ဂ်ကို ၅ ဂိုး ဂိုးမရှိ၊ ဘိုင်ယန်က ပီအက်စ်ဂျီကို ၁ ဂိုး ဂိုးမရှိ၊ အင်တာက လိုက်ပ်ဇစ်ကို ၁ ဂိုး ဂိုးမရှိ၊ အတ္တလန္တာက ယန်းဘွိုင်းစ်ကို ၆ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရသွားပါတယ်။

လက်ရှိမှာတော့ အမှတ်ပေးဇယား အုပ်စုထိပ်ဆုံးမှာ အင်တာမီလန်က ၅ ပွဲကစား ၁၃ မှတ်နဲ့ ဦးဆောင်နေပြီး သူ့အောက်မှာ ဘာစီလိုနာက ၅ ပွဲကစား ၁၂ မှတ်၊ လီဗာပူးက ၄ ပွဲကစား ၁၂ မှတ်၊ အတ္တလန္တာက ၅ ပွဲကစား ၁၁ မှတ်၊ လေဗာကူဆင်က ၅ ပွဲကစား ၁၀ မှတ်နဲ့ အသီးသီး ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဇဗက်ဒါနဲ့ စတုဂတ်၊ စတန်းဂရပ်ဇ်နဲ့ ဂျီရိုနာ၊ မိုနာကိုနဲ့ ဘင်ဖီကာ၊ အက်စ်တွန်ဗီလာနဲ့ ဂျူဗင်တပ်၊ ဘိုလော့ဂ်နာနဲဲ့ လိုင်လီ၊ ဆဲလ်တစ်နဲ့ ကလပ်ဘရုဂ်၊ ဒိုင်နမိုဇာဂရက်နဲ့ ဒေါ့မွန်၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဗွီနဲ့ ရှက်တာဒိုးနက်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
DVB
Photos : Reuters

image

imageimage

image

image

image

image

image
image
image
image
32 ပတ် - ဘာသာပြန်ပါ။

Just friendပဲလုပ်တော့မယ် ရည်းစားမထားတော့ပူး
ဪ အောမေလေးတို့ရယ်

32 ပတ် - ဘာသာပြန်ပါ။

တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ စတင်ဖယ်ရှား

နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်းများ စတင်ဖယ်ရှားခြင်းကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက တာလော့၊ မယ်ခေါင်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ ခေတ္တ စစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်း ပိုင်ရှင်များအား တွေ့ဆုံအသိပေး အကြောင်းကြားကာ စက်ယန္တရားများနှင့် သက်ဆိုင်ရာ အဆောက်အအုံ ပိုင်ရှင်များဖြင့် စတင်ဖယ်ရှားခဲ့သည်။

ယခုနှစ် စံချိန်တင် ရေကြီးမှုကြောင့် မယ်ဆိုင်ချောင်း အောက်ခြေမျက်နှာပြင်မှာ မြင့်တက်ကာ ချောင်းဘေးရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် အဆိုပါ နေအိမ်များ ပြန်လည်ဆောက်လုပ်ခြင်း မပြုလုပ်ပါရန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် ထိုင်းနိုင်ငံဘက်သို့ ကျူးကျော် အဆောက်အအုံ ဆောက်လုပ်ထားရှိမှုနှင့် တာချီလိတ်-မိုင်းဆတ်သွား လမ်းတစ်လျှောက် မယ်ဆိုင်ချောင်းဘေး ကျူးကျော်ဆောက်လုပ်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အောက်တိုဘာ ၂၂ ရက်တွင် အောင်မြတ်ခန်းမ၌ နေအိမ်ပိုင်ရှင်များအား တွေ့ဆုံ၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မယ်ဆိုင်-မယ်ဟောက် ချောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်မှ ကျူးကျော်ဆောက်လုပ်ထားသည့် RC တစ်ထပ်၊ နှစ်ထပ် အဆောက်အအုံ၊ သစ်သားအိမ်၊ ဂိုဒေါင်ပေါင်း ၈ ခု၊ အဆောက်အအုံ နောက်ဘက်ပိုင်း ၅ ခု၊ အုတ်တံတိုင်းနှင့် အုတ်နံရံ ၁၆ ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း ၄ ခု စုစုပေါင်း ၃၃ ခုရှိကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၅ ခုရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

မူဆယ် နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံအာဏာပိုင် ထောက်ခံချက်ပါမှ ပစ္စည်းသယ်ခွင့်ရမည်

နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူဂိတ်မှာ ဒီဇင်ဘာလ ၁ ရက် နေ့ကစပြီး ကုန်ပစ္စည်းတွေကို နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ထောက်ခံချက်ပါမှ သယ်ယူခွင့်ပြုမယ်လို့ မူဆယ်နယ်စပ် ဒေသအာဏာပိုင်တွေက နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ဆိုင်ကယ်နဲ့ ပစ္စည်းသယ်မဲ့သူတွေအနေနဲ့ ဌာနဆိုင်ရာတွေရဲ့ ထောက်ခံစာပြသရမှာဖြစ်တယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“အခုလေးပဲ စာထွက်လာတယ်။ ကန့်သတ်ချက်တွေနဲ့ ပစ္စည်းသယ်ခွင့် ပေးမယ်ဆိုတာမျိုး ပါတယ်ပေါ့နော်။ ဆိုင်ကယ်သမားလည်း တစ်ပိုင်တစ်နိုင်ပဲရမယ်။ ပိုတင်လို့ မရဘူး။ ကိုယ့်အိမ်အတွက်ဆိုတာ ဟုတ်မှန်ကြောင်း ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက်ပါရမယ်”

အခုအခြေအနေအရ ဆင်ဖြူဂိတ်မှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ တစ်နိုင်တစ်ပိုင် သယ်ယူခွင့်ရှိပြီး နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ ထောက်ခံချက် မလိုသေးဘူးလို့ ဆိုပါတယ်။

မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီအာဏာပိုင်တွေနဲ့ တရုတ်ဘက်က အာဏာပိုင်တွေ ပူးတွဲအသိပေးချက်ထဲမှာတော့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်းတင်တဲ့ ဆိုင်ကယ်နဲ့ ကားသမားတွေဟာ နှစ်နိုင်ငံ အာဏာပိုင်တွေရဲ့ ထောက်ခံချက် ပါရမှာဖြစ်ပြီး မူဆယ်မြို့အတွင်းမှာပဲ အသုံးပြုဖို့ အသီးအနှံ့နဲ့ သားငါးတွေကို ခွင့်ပြုမယ်လို့ဆိုပါတယ်။

စက်ဘီး၊ လက်တွန်းလှည်း၊ အိမ်စီးကားတွေနဲ့ ပစ္စည်းတင်တာကို ခွင့်ပြုမှာ မဟုတ်သလို အေးခဲသားတွေနဲ့ အိမ်သုံးပစ္စည်တွေကိုလည်း သယ်ယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေ ရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ မူဆယ်နယ်စပ်ဂိတ် သုံးခုအပါအဝင် တရုတ်နယ် စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ခွင့်တွေကို ကန့်သတ်ထားပါတယ်၊

ဒါပေမဲ့ မူဆယ်မြို့နယ်အတွင်းက ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကနေ ဒေသထွက်ကုန် ပြောင်းနဲ့ ကြံ တင်ပို့ခွင့်ကို နိုဝင်ဘာလ တတိယပတ်ထဲမှာပဲ တရုတ်ဘက်က ပြန်ဖွင့်ထားပါတယ်။

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်ပေါက်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

Credit - Radio Free Asia

#သတင်းဟင်းလေးအိုးကြီး

image