32 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ တရုတ်ယွမ် ၁ ဒသမ ၈ သန်းနီးပါး ထပ်မံထုတ်ရောင်း

နိုဝင်ဘာ ၂၇

ဗဟိုဘဏ်မှ တရုတ်ယွမ် ၁ ဒသမ ၇၉၀ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း တရုတ်ယွမ် ၁၄ သန်းခန့် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ သွင်းကုန်များ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ယင်းနိုင်ငံများနှင့် ငွေပေးချေမှု ပိုမိုအဆင်ပြေစေရန် ယွမ်-ကျပ်၊ ဘတ်-ကျပ်များ တိုက်ရိုက်ပေးချေနိုင်အောင် ခွင့်ပြုပေးခဲ့ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ယခုနိုဝင်ဘာ ၄ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၈ ရက်၊ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် တရုတ်ယွမ်များ ထုတ်ရောင်းပေးခဲ့ပြီး အဆိုပါ ခြောက်ကြိမ်အတွင်း စုစုပေါင်းတရုတ်ယွမ် ၁၃ ဒသမ ၇၅ သန်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော်နှင့် ထိုင်းဘတ် ၃၃၈ ဒသမ ၂၉၇ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ပြီးခဲ့သည့်လေးလအတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အထိ ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၅ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးခဲ့သည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယခုနိုဝင်ဘာလအတွင်း နိုင်ငံခြားငွေဈေးနှုန်းများ အကျဘက်သို့ ဦးတည်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၄၄၈၀ ကျပ်၊ တစ်ယွမ် ၆၂၁ ကျပ်၊ တစ်ဘတ် ၁၂၉ ကျပ်ဖြင့် အနည်းငယ်ကျဆင်းခဲ့သည်။

#centralnewsnaypyitaw

image

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှု ကန် သမ္မတကြိုဆို

နိုဝင်ဘာ ၂၇

အစ္စရေးလ်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတို့ကြား အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ကြိုဆိုလိုက်ပါတယ်။

" ဒေသစံတော်ချိန် မနက်ဖြန် မနက် ၄ နာရီမှာ လက်ဘနွန် - အစ္စရေးလ် နယ်စပ်တလျှောက် တိုက်ခိုက်မှုတွေ အဆုံးသတ် သွားပါလိမ့်မယ်။ တိုက်ခိုက်မှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်" လို့ အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။

လက်ဘနွန်က ဟက်ဇ်ဘိုလာတို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်တို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အစ္စရေးလ်ဘက်က အတည်ပြုလိုက်တာပါ။

အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သတင်းကောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ Biden က ပြောဆိုလိုက်ပြီး ၁၃ လကျော်ကြာ တိုက်ပွဲတွေ ရပ်ဆိုင်းမှုဟာဆိုရင် ဂါဇာက စစ်ပွဲတွေ အဆုံးသတ်နိုင်ရေး အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် ရရှိဖို့အတွက် လာမယ့် ရက်တွေ အတွင်း အမေရိကန်က နောက်ထပ် တွန်းအားပေး ဆောင်ရွက်မယ့်အကြောင်းလည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ တချိန်တည်းမှာပဲ အင်္ဂါနေ့က လက်ဘနွန် နိုင်ငံတဝန်းကို အစ္စရေးလ် စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး ၂၄ ဦး သေဆုံးရပါတယ်။

📷 အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာတို့ကြားတိုင်းပွဲအတွင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တနေရာကို နိုဝင်ဘာ ၂၅ ရက်နေ့က အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင့်ရတဲ့ မီးခိုးလုံးကြီး။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image
32 ပတ် - ဘာသာပြန်ပါ။

ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ်သိန်းရာချီ လိမ်လည်ရယူသည့် တရားခံ (၅) ဦးအား ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကျပ်(၃၁၆) သိန်းအား အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား (၅) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်များအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အမြန်လမ်းမကြီး (Zero) မိုင် တိုးဂိတ်၌ မကွေးတိုင်း ဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်ပေါ်မှ ဖုန်းဖြင့် ဆက်သွယ်၍ ငွေကြေးလိမ်လည်မှုကျူးလွန်သူများဖြစ်ကြသည့် သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင် (၂၃) နှစ်၊ စိုးရာဇာဟိန်း (ခ) အောင်ထိုက်(ခ)လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ်တို့ (၂)ဦးနှင့် မသင်္ကာတရားခံများ ဖြစ်ကြသည့် ဘိုဘိုထွန်း (၂၀) နှစ်၊ အောင်ဇာနည်ဖြိုး (၂၀) နှစ်၊ စိုးသီဟ (ခ) ဖြိုးသီဟဇော် (၃၂) နှစ်တို့ (၅) ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅) ခု၊ KBZ Bank MPU ကတ် (၁) ခု၊ AYA Bank MPU ကတ် (၁) ခု၊ YOMA Bank MPU ကတ် (၁) ခု၊ ငွေ (၂၈၀,၀၀၀) ကျပ်၊ စိန်လက်စွပ် (၁) ကွင်း၊ ရွှေဖြင့် ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိတရားခံ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း ထိုသို့လုပ်ကိုင်နေစဉ် ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်နေစဉ် အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့ကာ စိုးရာဇာဟိန်း (ခ) အောင်ထိုက် (ခ) လင်းမြတ်စံ (ခ) ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ (ခ) ဖြိုးသီဟဇော်တို့နှင့်အတူနေထိုင်ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင် လွင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်များအား ပြုပြင်အသုံးပြု၍ KBZ Pay နှင့် Wave Pay အကောင့်များ ဖွင့်လှစ်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၎င်း၏လက်ကိုင်ဖုန်းအမှတ် ၀၉ ၄၄၇၈၃၆၉၇၈ ဖြင့် လိုက်လံဆက်သွယ်၍ တစ်ဖက်ဖုန်းလက်ခံဖြေကြားသူ၏ သူငယ်ချင်းအဖြစ် အယောင်ဆောင်ပြီး ၎င်းမှာ ကားတိုက်ခံရ၍ ဆေးရုံရောက်နေကြောင်း အရေးပေါ်ခွဲစိတ်ခန်းဝင်ရမည်ဖြစ်၍ ငွေလိုနေသဖြင့် ငွေလွှဲပေးရန် စသည့်ဖြင့် ယုံကြည်အောင်လိမ်လည်ပြောဆိုကာ ရရှိသည့် ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ စက်တင်ဘာ လအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ် (၅၀) သိန်း၊ ဦးတင်အောင်အဖြစ် အယောင် ဆောင်၍ ငွေကျပ် (၅၀) သိန်း၊ ဦးမိုးရွှေအဖြစ်အယောင်ဆောင်၍ ငွေကျပ် (၅၀) သိန်းနှင့် အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ အောက်တိုဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ပထမအကြိမ်ငွေကျပ် (၃၀) သိန်း၊ ဒုတိယအကြိမ် ငွေကျပ် (၂၀) သိန်းတို့အား လည်း ကောင်း၊ နိုဝင်ဘာလအတွင်း ဦးသောင်းဌေးအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၇၇)သိန်းနှင့် ဗိုလ်ချုပ်ဇင်ယော် အဖြစ် အယောင်ဆောင်၍ ငွေကျပ် (၂၅) သိန်းတို့အားလည်းကောင်း စုစုပေါင်း (၉) ကြိမ် ရရှိငွေကျပ် (၃၁၆) သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင်အမည်ဖြင့် ဖွင့်လှစ် ထားသည့် Wave Pay အကောင့်များသို့ လွှဲပြောင်းလက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အယောင်ဆောင်ပြောဆိုကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်ပါ တရားခံ (၅) ဦးအား စမ်းချောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
32 ပတ် - ဘာသာပြန်ပါ။

အရက်ကိုမုန်းပြီပေါ့

image
32 ပတ် - ဘာသာပြန်ပါ။

YGN palm oil wholesale reference rate climbs this week

The wholesale reference rate of palm oil for the Yangon market rose to K7,280 per viss for the week ending 1 December from K7,015 per viss registered last week ending 25 November, according to the Supervisory Committee on edible oil import and distribution.
The figures showed a sharp increase of K265 per viss this week compared to last week.
The Supervisory Committee on Edible Oil Import and Distribution under the Ministry of Commerce has been closely observing the FOB prices in Malaysia and Indonesia, adding transport costs, tariffs and banking services to decide the wholesale market reference rate for edible oil weekly.
Despite the reference price, the market price is way too high.
To control overcharging, the Consumer Affairs Department under the Ministry of Commerce informed the consumers of lodging the complaints for overcharging through the call centre hotline in late August. The department urges consumers not to buy palm oil at high prices.
The Committee notified that any person who is involved in price gouging and oil storage to attempt market manipulation will face legal action under the Essential Goods and Services Law.
The department is working together with the Myanmar Oil Dealers’ Association and the cooking oil importing companies to offer affordable rates of imported palm oil for consumers.
The complaints for overcharging can be lodged over hotline 1535 of the call centre of the Consumers Affairs Department or sent to the Facebook page of the department and the region and state departments concerned.
The domestic consumption of palm oil is estimated at one million tonnes per year. The local palm oil production is just about 400,000 tonnes. About 700,000 tonnes of palm oil are yearly imported through Malaysia and Indonesia to meet domestic demands. — NN/KK

image
32 ပတ် - ဘာသာပြန်ပါ။

ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘယ်နောက်ခံလူ ၁ ဦး ခေါ်ယူရန် မန်ယူနည်းပြသစ်အာမိုရင်ဆန္ဒရှိ

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူတယောက် ခေါ်ယူဖို့ မန်ယူနည်းပြသစ် အာမိုရင်က ဆန္ဒရှိနေပါတယ်။

ပေါ်တူဂီနည်းပြဟာ အစ်ဆွစ်နဲ့ ပထမဆုံးပွဲစဉ်မှာ ညာနောက်ခံလူ ဒါလော့ကို ဘယ်တောင်ပံမှာအ သုံးပြုသွားခဲ့ပြီး ပုံမှန်ကစားနေကျနေရာမဟုတ်တာကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

မန်ယူအသင်းမှာ ဘယ်နောက်ခံလူ လုခ်ရှောနဲ့ မာလာစီယာတို့က ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ကစားနိုင်ခြင်း မရှိသေးလို့ ဘယ်နောက်ခံလူတယောက်ကို ခေါ်ယူဖို့က နည်းပြအာမိုရင်အတွက် ဦးစားပေးပစ်မှတ်ဖြစ်လာတယ်လို့ သိရပါတယ်။

သတင်းတွေအရ စပို့တင်းမှာလက်တွဲခဲ့ဖူးတဲ့ ပီအက်စ်ဂျီနောက်ခံလူ နူနိုမန်ဒက်စ်ကိုခေါ်ယူဖို့ နည်းပြအာမိုရင်က မန်ယူအသင်းဘုတ်အဖွဲ့ထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
DVB
Photo-Reuters

image
32 ပတ် - ဘာသာပြန်ပါ။

27 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,380
USD Sell - MMK 4,480
EUR Buy - MMK 4,605
EUR Sell - MMK 4,725
SGD Buy - MMK 3,300
SGD Sell - MMK 3,370
THB Buy - MMK 126.58
THB Sell - MMK 129.87
JPY Buy - MMK 28.73
JPY Sell - MMK 29.48
MYR Buy - MMK 983
MYR Sell - MMK 1,010
CNY Buy - MMK 605
CNY Sell - MMK 621

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,760,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,120,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
32 ပတ် - ဘာသာပြန်ပါ။

Optimus Prime 🤣

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၇ ရက်

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၁၁၃၄ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၃ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၈ ကျပ်
ဝယ်ဈေး - ၂၈.၇၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၆ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
JB Gold သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
32 ပတ်

image