image
23 w - Translate

Programmer တွေအတွက် အကောင်းဆုံး အဖော်တစ်ယောက်ဖြစ်လာတဲ့ Deepseek V3
ခုတလော AI လောကမှာ စိတ်ဝင်စားစရာကောင်းတဲ့ AI မော်ဒယ်အသစ်လေးတစ်ခု ထွက်လာပါတယ်။ DeepSeek V3 လို့ခေါ်ပါတယ်။ ဒီ AI က ဘာတွေလုပ်နိုင်လဲ၊ ဘယ်လောက်တော်လဲဆိုတာ အကုန်ပြောပြပေးပါ့မယ်နော်။
DeepSeek V3 က ဘာကြောင့်ထူးခြားနေတာလဲ?
ပထမဆုံးအနေနဲ့ DeepSeek V3 က open-source ပါ။ ဆိုလိုတာက ကိုယ့်ဘာသာ download လုပ်ပြီး သုံးလို့ရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း အခမဲ့သုံးခွင့်ရှိတယ်လို့ ပြောလို့ရပါတယ်။
သူ့ရဲ့ အားသာချက်တွေကတော့ -
သင်္ချာပုစ္ဆာတွေ ဖြေရှင်းတာ တော်တယ်
ChatGPT တို့ Claude တို့ထက်တောင် ပိုကောင်းတဲ့ရလဒ်တွေ ပြနိုင်ခဲ့တယ်
ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို အဆင့်ဆင့် ရှင်းပြနိုင်တယ်
Programming ကုဒ်ရေးတာ အရမ်းတော်တယ်
ကုဒ်တွေကို သေသေချာချာရေးပေးနိုင်တယ်
Bug တွေကို မြန်မြန်ဆန်ဆန် ရှာပေးနိုင်တယ်
ကုဒ်တွေကို ပိုကောင်းအောင် ပြင်ဆင်ပေးနိုင်တယ်
အထွေထွေ ဗဟုသုတပိုင်းမှာလည်း ကောင်းတယ်
စာမေးပွဲတွေမှာ GPT-4 ထက်တောင် အမှတ်ပိုရခဲ့တယ်
မေးခွန်းတွေကို နားလည်လွယ်အောင် ရှင်းပြနိုင်တယ်
အခြား AI တွေနဲ့ယှဉ်ရင် ဘယ်လိုနေလဲ?
ChatGPT နဲ့ယှဉ်ရင်
သင်္ချာနဲ့ programming မှာ DeepSeek က ပိုသာတယ်
ဒါပေမယ့် စကားပြောတဲ့အခါ ChatGPT က ပိုပြီး လူဆန်သေးတယ်
Claude 3.5 Sonnet နဲ့ယှဉ်ရင်
အများစုမှာ DeepSeek က ပိုကောင်းတယ်
ဘာသာစကားပေါင်းစုံ ပြောဆိုနိုင်တဲ့ အပိုင်းမှာ အားသာတယ်
Gemini 2.0 နဲ့ယှဉ်ရင်
DeepSeek က နယ်ပယ်တိုင်းမှာ လွှမ်းမိုးထားတယ်လို့ ပြောလို့ရတယ်
အထူးသဖြင့် programming နဲ့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ သိသိသာသာ ပိုကောင်းတယ်
API ကလည်း စျေးအရမ်းကိုသက်သာတာပါခင်ဗျာ။
coding ပိုင်းမှာ claude3.5 sonnet ထက် ကို performance ပိုကောင်းတဲ့ ဒီ aI model က 1Million token ကိုမှ
input $0.014 / 1M tokens
cache $0.14 / 1M tokens
output $0.28/1M tokens
ဆိုတော့ မဟားတရားကို စျေးသက်သာတာပါ။
ကျွန်တော် vscode မှာ ai ကိုသုံးပြီး Flutter နဲ့ full stack fitness app တစ်ခုရေးတာ အရင်လတုန်းက claude 3.5 sonnet နဲ့ရေးတာ 58$ တောင်ကုန်ခဲ့ပါတယ်။
အခု deepseek နဲ့ဆို 2$ အောက်ပဲ ကုန်ကျမှာပါ။
မြန်တာကလည်း အတော်ကိုမြန်တာ HTML,CSS,JS နဲ့ webpage တစ်ခုကို ငါးမိနစ်အတွင်း လူအကူအညီလုံးဝမပါပဲ ရေးနိုင်တယ်။
DeepSeek V3 က တကယ့်ကို အားကောင်းတဲ့ AI တစ်ခုပါခင်ဗျာ။ အရင် AI တွေထက် တော်တာတွေအများကြီးရှိသလို၊ အခမဲ့သုံးလို့ရတဲ့အတွက် developer တွေအတွက် အရမ်းအသုံးဝင်မယ့် tool တစ်ခုဖြစ်လာမှာ သေချာပါတယ်။
ဒါပေမယ့် သတိထားရမှာက AI တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ AI ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ DeepSeek V3 က သင်္ချာနဲ့ programming ပိုင်းမှာ အထူးခြားဆုံးဖြစ်တဲ့အတွက် ဒီနယ်ပယ်တွေနဲ့ပတ်သက်ရင် DeepSeek V3 ကို ရွေးချယ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။

image
23 w - Translate

One မှာ ဒုတိယအကြိမ် ရှုံးပွဲနှင့် ကြုံခဲ့ရတဲ့ ရိုးရာ လက်ဝှေ့ကျော် သန့်ဇင်

ယနေ့ ဇန်နဝါရီ (၂၄) ရက် ညပိုင်းမှာ One Championship က စီစဉ်ကျင်းပသည့် One -170 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ သန့်ဇင်သည် ပြိုင်ဘက် မွေထိုင်းဖိုက်တာအား ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

One - 170 ၏ ဒုတိယမြောက် တွဲဆိုင်းအနေဖြင့် မြန်မာဖိုက်တာသန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီယန်လက်တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်၏ ပထမအချီတွင် မြန်မာဖိုက်တာ သန့်ဇင်က ခြေကန်ချက်များ လက်သီးချက်များဖြင့် ပြိုင်ဘက်ကို အသာစီးဖြင့် ဖိအားပေးနိုင်ခဲ့သော်လည်း ဒုတိယအချီတွင် ပြိုင်ဘက်မွေထိုင်းဖိုက်တာက သန့်ဇင်အား အားပြင်းသည့်လက်သီးထိုးချက်များဖြင့် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ပြိုင်ဘက်၏ ထိုးချက်များကြောင့် အမှတ်စဉ် (၂)ကြိမ် အရေခံရပြီး နောက်တစ်ကြိမ် ထပ်အလဲတွင် ဒိုင်က ပြိုင်ဘက်အား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ယခုပွဲ အပါအဝင် One တွင် (၄)ပွဲကစားထားပြီး (၂)ပွဲနိုင် (၂)ပွဲရှုံးနိမ့်ထားသည်။

image
23 w - Translate

ပူတင်နှင့် ထရမ့်တို့အကြား ဖြစ်နိုင်ခြေရှိသော ညှိနှိုင်းဆွေးနွေးမှုများကို ကုလသမဂ္ဂ ထောက်ခံ

ကုလသမဂ္ဂသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဖြစ်နိုင်ခြေရှိသော ညှိနှိုင်းဆွေးနွေးမှုများကို ထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့သည် အမေရိကန်နှင့် ရုရှားဖက်ဒရေးရှင်းတို့အကြား ဆွေးနွေးမှုအားလုံးကို အားပေးပါသည်။ ၎င်းတို့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ပါသည်" ဟု သူက ပြောကြားခဲ့သည်။
ယခင်နေ့က ထရမ့်က ပူတင်နှင့် ချက်ချင်းတွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သူသည် မည်သည့်အချိန်တွင်မဆို ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်က မော်စကိုသည် ယူကရိန်းနှင့်ပတ်သက်သော သဘောတူညီချက်တစ်ခု လက်ခံရန်ကို ငြင်းဆိုပါက ရုရှားအပေါ် ပိုမိုတင်းကျပ်သော ဒဏ်ခတ်မှုများ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်မှ ပူတင်ကလည်း ရုရှားသည် ဝါရှင်တန်နှင့် ဆက်သွယ်မှုများကို မည်သည့်အခါကမျှမှ ရှောင်ရှားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ပူတင်နှင့် ထရမ့်တို့သည် ဇူလိုင် ၂၃၊ ၂၀၂၀ တွင် နောက်ဆုံးအကြိမ် ဖုန်းဖြင့် စကားပြောခဲ့ကြသည်။

image

ထိုင်းဖိုက်တာကို အမှတ်နဲ့ ရှုံးတဲ့အပေါ် စိုးလင်းဦး တုံ့ပြန်ချက်

#လိုအပ်လျှင်save
အုန်းနို့ခေါက်ဆွဲချက်နည်း .........

အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
အုန်းနို့နှစ် – ၁၆၀ ဂရမ်
ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
ဆား – စားပွဲတင်ဇွန်း တဝက်
ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲကပ်ကြော် – ၁၀ခု
မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။

၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။

၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

credit_to_owner_with_respect

image

image
23 w - Translate

Russian IT, electronic expos welcome Myanmar business delegates

Myanmar business delegates have been invited to participate in the 27th Expo Electronica 2025, co-located with Expo CIFRA 2025 in Moscow, Russia, on 15-17 April 2025.
It is the largest international exhibition of electronics in Russia and Eurasian European Union states, attracting many exhibitors and visitors and bringing together developers, manufacturers, distributors, and end users of electronic components, service organizations, and other industry representatives interested in promoting and purchasing relevant products.
The expo is aimed to host over 800 exhibitors from 20 foreign countries and 70 areas of Russia and 23,000 visitors. Russia will participate in the expo with 400 booths.
Expo CIFRA is a platform for specialists related to information technology. Suppliers of software and hardware, automation systems, software developers, solution providers in the field of information technology security, manufacturers of computer systems, equipment for navigation, communication, landing, surveillance and automation of air traffic control and many others will showcase their products, services and solutions.
Myanmar business delegates can enquire about further information through Rimma Mangusheva’s email Rimma.Mangusheva@ite.group and +7 9691927545, and register through the Myanmar Trade Promotion Organization at 067 408622 and email event.td.myantrade@gmail.com. — NN/KK

image
23 w - Translate

Black Cab (2024)

ဒီတစ်ခေါက်ကတော့ Black Cab ဆိုတဲ့ ၂၀၂၄ ထွက် Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ရန်ဖြစ်ထားခါစ စုံတွဲတစ်တွဲဟာ ညစာစားပြီး တက္ကစီ နဲ့ ပြန်ရင်း

တက္ကစီ ဆရာ ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတာနဲ့ စ ထားပါတယ်။

စုံတွဲထဲက ကောင်မလေးဟာ ကိုယ်ဝန်သည် ဖြစ်နေပြီး သူတက္ကစီထဲ မဝင်ခင်မှာလည်း ကားနောက်ခန်းမှာ

မိန်းမတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။

တက္ကစီသမားဟာ သူတို့ကို ဖမ်းခေါ်လာပြီး မေဘယ်ဟေး ဆိုတဲ့ နေရာကို သူတို့ကို ခေါ်သွားပါတယ်။

တက္ကစီသမားရဲ့ အကြံကဘာလဲ?

ကားနောက်ခန်းမှာ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိန်းမ ကရောဘယ်သူလဲ?

သူတို့ကိုမှ ဘာလို့ ပြန်ပေးဆွဲရတာလဲ?

ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပါ။
#horror

image
23 w - Translate

မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Jungler လို့ ပြောလိုက်ပြီဆိုတာနဲ့ ချန်လှပ်ထားခဲ့လို့ မရတဲ့ လူငယ်ကစားသမားလေး Niko
အသက်ငယ်ပေမယ့် Retri Skill က အရမ်းကိုမှ ကြောက်ဖို့ကောင်းပြီး Jungler Role ကို ပိုင်နိုင်စွာ ကစားနိုင်သူတစ်ယောက်
Niko ဟာ Burmese Ghouls အသင်းမှာ M4 Myanmar Qualifier ကနေ M5 World Championship ပြိုင်ပွဲအထိ Jungler Role ကို ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်က Niko ဟာ အတွေ့အကြုံနည်းသေးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဝါရင့် ကစားသမား ACE, Kenn, Fayyan အစရှိတဲ့ ကစားသမားတွေနဲ့ အပြိုင် Retri ယှဉ်ပေါက်ကာ Objective အရယူနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။
Niko ရဲ့ Retri Skill ဟာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုရင် သူ့ဘက်က Teammate တွေ ကျနေတယ်ဆိုရင်တောင် သူ မသေသေးရင် တစ်ဖက်အသင်းက Objective ကို ရဲရဲမလုပ်ရဲအောင် လုပ်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာ ရှိပါတယ်။
ဒါပေမယ့် ထုံးစမ်းအတိုင်း အတွေ့အကြုံမရှိ လူငယ်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် တစ်ကယ့်တစ်ကယ် World Championship ပြိုင်ပွဲဖြစ်တဲ့ M5 ယှဉ်ပြိုင်ချိန်မှာတော့ Niko ဟာ Local မှာနဲ့မတူပဲ စွမ်းဆောင်ရည်ကျဆင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ ပရိတ်သတ်တွေရဲ့ ဝေဖန်ပြောဆိုဒဏ်တွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရပါတယ်။
M5 ပြိုင်ပွဲအပြီးမှာတော့ Burmese Ghouls အသင်းဟာ ဖိလစ်ပိုင်ကစားသမားတစ်ချို့ကို ခေါ်ယူကာ အသင်းကို ပြင်ဆင်မှုတစ်ချို့ ပြုလုပ်ခဲ့ပါတယ်။ ဒီထဲမှာ Jungler ကစားသမားတစ်ယောက်ဖြစ်တဲ့ Saxa ကိုလည်း ခေါ်ယူခဲ့တာကြောင့် Niko အနေနဲ့ Mid Laner အဖြစ် ပွဲထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အမြင်မှာတော့ Saxa ရောက်လာလို့ Niko အနေနဲ့ Mid Laner အဖြစ် ဆင်းဆော့လိုက်ရတာမဟုတ်ပဲ သူ့ကိုယ်တိုင် Mid Lane ဆော့ချင်လို့လို့ ထင်ပါတယ်။
International မှာဆိုရင်လည်း Jungler ကနေ Mid Lane ကို ဆင်းကစားပြီး အောင်မြင်နေကြတဲ့ Celiboy တို့၊ Sanz တို့လည်း ရှိနေကြတာပဲလေ.....
လက်ရှိအချိန်မှာတော့ Niko ဟာ Young Legion မှာ ရှိနေတာဖြစ်ပြီး Niko Young Legion ကို ရောက်မယ်ဆိုတုန်းကလည်း ပရိတ်သတ်တွေအနေနဲ့ Niko ကို Jungler Role မျှော်လင့်ခဲ့ကြပေမယ့် Mid Laner အဖြစ်ပဲ Young Legion အတွက် ပွဲထွက်ခဲ့ပါတယ်။
ဒါ့အပြင် Niko ဟာ Mythic Seal ကို ရောက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကလည်း ထွက်နေပါသေးတယ်။
Official ပြိုင်ပွဲ Qualifier ​တော်တော်များများမှာ ဒုတိယလူအဖြစ်နဲ့သာ ရပ်တည်နိုင်ခဲ့တဲ့ Mythic Seal အနေနဲ့ ပြီးခဲ့တဲ့ M6 အပြီးမှာ အသင်းရဲ့ ကစားသမားအားလုံးကို ထုတ်ပယ်ခဲ့ပြီး ဝါရင့် Player Rubydd, Kenn, Justin, Zippy တို့ကိုသာ ချန်လှပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိ Mythic Seal ရဲ့ Role လိုအပ်ချက်ဟာ Roamer ဖြစ်တယ်ဆိုပေမယ့် Kenn အနေနဲ့ တစ်ချို့ပြိုင်ပွဲတွေမှာလည်း Narukii ကို ဉီးစားပေးပြီး ကစားစေခဲ့တာကို မြင်ခဲ့ရသေးတာကြောင့် Mythic Seal Niko ဆိုတာ ဖြစ်နိုင်ချေရှိပါသေးတယ်။ နောက်ပြီး Justin ရဲ့ အရိုက်အရာကို ဆက်ခံမယ့် Mid Lane Player လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

image