မ‌လေးတွင် အလုပ်အကိုင်များကို ပွဲစားများမှ လက်ဝါးကြီးအုပ်ထားဟု ပြော

နိုဝင်ဘာ ၅၊ ရန်ကုန်။

မ‌လေးရှားရှိ အလုပ်အကိုင်အများစုကို မြန်မာပွဲစားများမှ လက်ဝါးကြီးအုပ်၍ ချုပ်ကိုင်ထားကြကြောင်း မလေးရှား ရှိ မြန်မာပရဟိတ အသင်းအဖွဲ့များက ပြောသည်။

ထို့အပြင် ယခုလက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာပွဲစားများမှာ ယခင်ကထက် ပို၍ များပြားလာနေကာ ကား အကြို/အပို့ ဝန်ဆောင်မှုပေးသည့် သူများသာမက အခြားမြန်မာများပါ ပွဲစားအဖြစ် လုပ်ကိုင်လာနေကြကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။

၎င်းက “အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတယ်။ ရှိတဲ့အလုပ်တွေကိုလည်း ပွဲစားတွေက ကိုင်တယ်။ ပွဲစား တွေက လူတိုင်းက ပွဲစားဖြစ်နေတယ်။ ဒီစက်ရုံမှာလုပ်တဲ့လူ သူ့မှာ စက်ရုံထဲမှာ အလုပ်ရှိရင် ပွဲစားကောက် လုပ် တယ်။ နောက် လူရှာပေးတဲ့လူကို တစ်ဝက်၊ လက်ခံတဲ့လူက တစ်ဝက် အဲဒီလိုပဲမျှစားနေကြတယ်။ အခုဆို မြန်မာ ပြည်က အကြွေးတွေနဲ့ တက်လာတယ်။ ဒီရောက်တော့ ပွဲစားခ ထပ်ပေးတယ်။ နောက်ထပ်ပြီးတော့ ပွဲစားတွေက လိမ်တာတစ်မျိုး။ အလုပ်တွေ မောင်းထုတ်တာက တစ်မျိုး။ မိန်းကလေးဆိုလည်း တချို့ဆို ရောင်းစားခံတွေ ထိတယ် အိမ်ဖော်အလုပ်တွေကို ထည့်ပေးတယ်။ တစ်နှစ်စာ ၆၀၀၀၊ ၅၀၀၀ ရင်းဂစ်တွေ ယူသွားကြတယ်။ လုပ်တဲ့ လူမှာ အိမ်ရှင်ကောင်း၊ မကောင်း နားမလည်ဘူး။ ပွဲစားလုပ်တာက လူဟောင်းနဲ့ မလေးရှားမှာ ၄၊ ၅ နှစ် ရောက်တဲ့ သမားတွေများတယ်” ဟု ပြောသည်။

ပွဲစားလုပ်ကြသော်လည်း ကောင်းသည့်ပွဲစားများ ရှိသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ပွဲစား အများအပြား လည်းရှိကြောင်း မလေးရှားရှိ မြန်မာပရဟိတအသင်းအဖွဲ့များမှ ပြောသည်။

၎င်းတို့အား ပွဲစားခပေး၍ အလုပ်ရှာခိုင်းသည့်အခါတွင် လုပ်ငန်းခွင်၌ အဆင်မပြေသဖြင့် အခြားအလုပ်သို့ ပြောင်းချင်ပါက ပွဲစားခ ထပ်မံပေးရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အလုပ်အကိုင် ရှားပါးလွန်းသဖြင့် အလုပ်အကိုင် မရှိသူများအတွက် ပရဟိတအသင်းများမှ အလုပ်ရှင်သူဌေးများ နှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးသော်လည်း အလုပ်ရှင်သူဌေးများ လိုချင်သည့်အချိန်တိုင်း မသွားရောက် နိုင်သောကြောင့် ပွဲစားများဖြင့်သာ လုပ်ကိုင်ကြကြောင်း ရတနာစက္ကနာရေး ကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကိုအောင်က ပြောသည်။

၎င်းက “ပွဲစားတွေကလည်း ပွဲစားသပ်သပ်ရယ် မဟုတ်တော့ဘူး။ ကားသမားကလည်း ပွဲစားလုပ်သလိုလုပ်၊ သူကိုယ်တိုင် အလုပ်ရှာပြီးတော့ သူကိုယ်တိုင် ကားနဲ့ခေါ်သွားတယ်။ ဟိုမှာ အလုပ် လုပ်ကောင်းတာ၊ မကောင်း တာက သူ့ကိစ္စမဟုတ်ဘူး။ သူတို့အချင်းချင်း မိန်းကလေး၊ ယောကျာ်းလေးတွေကို ‌ခေါ်ပြီးတော့ အလုပ်တွေ သွင်းပေးတယ်။ ဒီစက်ရုံက မကောင်းလို့ လူတွေ ထွက်တယ်ဆိုတာလည်း သိတယ်။ သို့သော် သူတို့တွေက ဆရာတော်ဟောသလိုပဲ အမြတ်ရဖို့ပဲ စဉ်းစားတယ်။ ကိုယ့်လူမျိုးတွေ ကောင်းစားဖို့မှ မစဉ်းစားတာ။ ကားခလည်း ယူတယ်။ ပွဲခလည်း ယူတယ်ဆိုတော့ လူတစ်ယောက်ကို အနည်းဆုံး ၆၀၀ ကနေ ၈၀၀ အထိ ယူတယ်။ အလုပ်က ၃၊ ၄ ရက်နဲ့မကောင်းလို့ သူ့ဆီ နောက်အလုပ်ရှာပါဆိုလည်း နောက်တစ်ခါ ထပ်ပြီးတော့ ပွဲစားခ တောင်းတယ် ဆိုတော့ ယုတ်မာကြတယ်”ဟု ပြောသည်။

လက်ရှိ မလေးရှားတွင် အဖမ်းအဆီးများမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းထက် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှု ကြောင့် ဖမ်းဆီးခြင်းမှာ ပို၍ များပြားနေကြောင်းလည်း သိရသည်။

ထို့အပြင် ဆလန်ဂေါပြည်နယ်ရှိ နေရာ ၃ ခုတွင် အော်ပရာစီ စတင်မည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ပြောဆိုထားသဖြင့် ထိုဒေသများရှိ တရားမဝင် မြန်မာများ သတိပြုနေထိုင်ကြရန်လည်း မလေးရှားရှိ မြန်မာ ပရဟိတ အသင်းအဖွဲ့များမှ အကြံပြုသည်။

ပုံ - ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဥ်

#centralnewsnaypyitaw

image

ကြံတစ်တန်ကို ၂ သိန်းကျပ်ဖြင့် မြဘုရင် သကြားစက်ရုံက ဈေးဖွင့်

နိုဝင်ဘာ ၅

၂၀၂၄ - ၂၀၂၅ ကြံရာသီတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်ရှိ သကြားစက်ရုံတစ်ခုဖြစ်သည့် မြဘုရင် သကြားစက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက်ဈေး ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်လာကြောင်း သိရသည်။

တခြားစက်ရုံများက ဈေးတန်းဖွင့်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ မြဘုရင် သကြားစက်ရုံက ကြံတစ်တန် ၂ သိန်းကျပ် ပေးလာသည့်အပေါ် တခြားစက်ရုံများက သူ၏ ဈေးနှုူန်းနီးပါး ၁ သိန်း ၇ သောင်းကျပ်ခန့် ပေးလာနိုင် သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောသည်။

“စက်တစ်လုံးတည်းပဲ တရားဝင်ကြေညာသေးတာပါ။ မြဘုရင်က တောင်လေးလုံး သကြားစက်။ နှစ်တိုင်းကတော့ သူက များပါတယ်။ တခြားစက်ရုံတွေက သူ့လောက် မပေးတာတောင်မှ သူ့ နီးနီးပေါ့၊ ၁ သိန်း ၇ သောင်းတို့ ပေးလာနိုင်တာပေါ့၊ ပေးဖို့ များပါတယ်။ အခြေခံကတော့ အနိမ့်ဆုံး ၁ သိန်းခွဲပေါ့နော်။ အဲဒီထက် မြင့်ရင် ၁ သိန်း ၇ သောင်းပေါ့။ ၁ သိန်း ၇ သောင်းလောက် ပေးနိုင်ရင်တော့ တောင်သူအတွက် မဆိုးဘူးပေါ့” ဟု ပြောသည်။

မြဘုရင် သကြားစက်ရုံသည် တခြားသော သကြားစက်များထက် နှစ်စဉ်နှစ်တိုင်း ဈေးနှုန်း ပိုပေးလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကြံတစ်တန်ဈေးနှုန်း ၁ သိန်း ၂ သောင်းနှင့် ၁ သိန်း ၃ သောင်းဝန်းကျင်တွင် ရှိသော်လည်း မြဘုရင်သကြားစက်ရုံက ၁ သိန်း ၅ သောင်းဖြင့် ဝယ်ယူခဲ့သည်ကို တွေ့ရသည်။

ယခုနှစ်တွင် တောင်သူအများစုက ကြံတစ်တန်ဈေးနှုန်းကို ၁ သိန်း ၇ သောင်း ရရှိရန် တောင်းဆိုနေချိန်တွင် မြဘုရင်သကြားစက်ရုံက ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

မြဘုရင်သကြားစက်တည်ရှိရာ ရွှေညောင်မြို့နယ်အနီးတစ်ဝိုက်တွင် အသေးစားသကြားစက်ရုံ အများအပြား ရှိနေခြင်းကြောင့် ကြံလိုအပ်ချက် ဖြစ်ပေါ်နေသည့်အတွက် ဈေးတိုးပေး၍ ဝယ်ရခြင်း ဖြစ်သည်ဟု ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။

“အဲဒီဘက်က ကြံကလည်း နည်းနည်း လုဝယ်ရတာလည်း ရှိတယ်။ တချို့က စက်သေးသေးလေးတွေရော၊ အဲဒီ စက်တွေ၊ ဘာတွေ ရှိတော့ ကြံက သိပ်မပေါတော့ ဈေးပိုပေးဝယ်ရတာ။ သူက ၁ ရက်ကို တန်ချိန် ၂ ထောင်နီးပါး လောက် ကြိတ်နိုင်တယ် သူ့စက်ရုံက။ သူကတော့ ကျနော်တို့ အင်းစောင်းပေါ့၊ အင်းပတ်ပတ်လည်က စိုက်တဲ့ကြံ တွေ သူ့ဆီမှာ ရောက်တယ်။ ရပ်စောက်ဘက်က ကြံတွေ ရောက်တယ်။ နောက်ပြီး တချို့ဟာတွေကျတော့ ဟိုပုံး ကနေလည်း လာတယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းဝေးတယ်၊ အများဆုံးကတော့ အင်းစောင်းက ကြံတွေ များပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်က စက်ရုံအရောက်စျေး ကြံတစ်တန်ကို ၂၀၀၀၀၀ ကျပ်အဖြစ် စျေးဖွင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်ထက် ၅ သောင်းကျပ်တိုးမြင့်လာသည်။

အဆိုပါ ကြံတစ်တန်ကို ၂ သိန်း ကျပ်ဆိုသည့် နှုန်းထားသည် စက်ရုံအရောက်ပို့ဆောင်ရခြင်းဖြစ်ပြီး ကားခ၊ အလုပ်သမားခအပါများကို တွက်ချက်လိုက်မည်ဆိုပါက ကြံစိုက်တောင်သူအတွက် ကြံတစ်တန်ရောင်းပြီး ကျန်ငွေ သည် ၁ သိန်း ၅ သောင်းကျပ် ဝန်းကျင်သာ ကျန်ရှိမည် ဖြစ်သည်။

ပုံ - ကြံစက်ရုံ မြင်ကွင်း

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image
24 w - Translate

Facebook အသုံးပြုသူများ၏ အချက်အလက်များကို တရားမဝင် စုဆောင်းမှုအတွက် တောင်ကိုရီးယားအစိုးရမှ မက်တာအား ဒေါ်လာ ၁၅ သန်းကို ဒဏ်ရိုက်ခဲ့သည်။

Facebook အသုံးပြုသူများ၏ နိုင်ငံရေးအမြင်နှင့် လိင်စိတ်ခံယူမှုဆိုင်ရာ ဒေတာများအပါအဝင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများထံမှ အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို တရားမဝင်စုဆောင်းမှုအတွက် ဆိုရှယ်မီဒီယာကုမ္ပဏီ Meta ဝမ် 21.6 ဘီလီယံ (ဒေါ်လာ 15 သန်း) ဒဏ်ရိုက်ခဲ့သည်။

image
24 w - Translate

😢

image

ဒီနေ့မနက် ကြက်သားကြာဇံချက်
ကြက်သားအသားရောအရိုး
ပါတုံးထားတာကိုသန့်စင်ရေဆေးပြီးအိုးတလုံးမှာရေမြုပ်အောင်ထည့်ပြီးချင်း
ထူထူသုံးပြာလှီးထည့်
ကြက်သွန်ဖြူအလုံးလိုက်
ရေဆေးပြီးထည့်ကာဆား
အချိုမှုန့်နဲနဲထည့်ပြီး ၁ နာရီ
လောက်ပြုတ်ပါ ရေလိုရင်
ရေထပ်ထည့်ပါ ကြက်သား
ကျက်သည့်အခါဆယ်ယူပြီး
အသားကိုအမျှင်ခွာပြီးအိုး
ထဲပြန်ထည့်ပါ
ကြွက်နားရွက်မှိုနှင့်ငုံဥကိုပြုတ်
ပြီးငုံဥကိုခွာထားပါ
ကြွက်နားရွက်မှိုကိုရေဆေး
သန့်စင်ပြီးအရွယ်တော်ဖဲ့ထား
ပါ မုန်လာဥနီကိုအခွံသင်ရေဆေးပြီးအဝိုင်းပြားလှီးပါ
မုန်ညှင်းထုပ်ကိုခွာပြီးရေဆေး
သန့်စင်ကအလျှားလိုက်အလယ်ကလှီးပြီးလက်တဆစ်
ခန့်စီလှီးထားပါ
ကြက်သွန်နီဥသေးတွေကိုအခွံ
ခွာထားပါ
ပန်းခြောက်ကိုရေဆေးပြီးထိပ်အမာကိုဖြတ်ပြီးထုံးထားပါ
ပဲပြားခြောက်ကိုရေဆေးပြီး
ညှပ်ထားပါ
ပဲကြာဇံကိုရေစိမ်ပြီးညှပ်ထားပါ
ကြက်သားပြုတ်ရည်အိုးကို
ဆူလာအောင်တည်ပြီးအသီးအရွက်နှင့်တခြားပါဝင်ပစ္စည်း
အားလုံးကိုထည့်ပါ ရွှေလှေငံ
ပြာရည်နှင့်အချိုမှုန့်ထည့်ပါ
အရည်ကိုအဖတ်နှင့်မျှအောင်
ထည့်ပြီးတည်ထားပါ
အသီးအရွက်ကြာဇံတို့ကျက်ပြီး
အနေတော်ဆိုအိုးတလုံးမှာ
ဆီထည့်ပြီးချင်းကြက်သွန်ဖြူ
ထောင်းထားတာကိုငရုတ်သီး
အစိမ်းမှုန့်ထည့်ပြီးမွှေးလာ
အောင်ဆီသတ်ပါပြီးရင်ကြာ
ဇံချက်အိုးထဲလောင်းထည့်ပြီးမွှေပေးပါ ငုံဥထည့်ပါ
အရသာမြည်းကြည့်ပါအနေ
တော်ဆိုငရုတ်ကောင်းမှုန့်
ဖြူးပေးပြီးရင်ကြာဇံချက်
ရပါပြီ
သံပုသီးနှင့်နံနံပင်ကိုလှီးပြီး
ပန်းကန်ထဲထည့်ပါ
ငရုတ်သီးအကျက်မှုန့်ကို
ပန်းကန်ထဲထည့်ပါ
ကြာဇံချက်နှင့်စားသုံးလို့
ရပါပြီ
စားကောင်းကြပါစေ

image
24 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၅-၁၁-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိ ငြိမ်သက်နေဆဲပါပဲ…

image
24 w - Translate

AI humm?🙄

image
24 w - Translate

Date in nature, simple but memorable.🌿✨️🥰

image
24 w - Translate

Date in nature, simple but memorable.🌿✨️🥰

image
24 w - Translate

Date in nature, simple but memorable.🌿✨️🥰

image