သူငယ်ချင်းနင်
သချာ်နဲ့ကျောင်းပြီးထားတာဆို😂😂

image

ပေါ်တူဂီဒုတိယတန်းကလပ်ကို ဗီနီစီးယက်စ် ဝယ်ယူမှုအပြီးသတ်

ဖေဖော်ဝါရီ ၁၉

ဘရာဇီးလ်နဲ့ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ပေါ်တူဂီဒုတိယတန်း ကလပ်ကို ဝယ်ယူမှု အပြီးသတ်ကာ ရီးရယ်လ်အသင်းဖော် ဘတ်ပီရဲ့ ခြေရာအတိုင်း လိုက်နင်းခဲ့ပါတယ်။

ဗီနီစီးယက်စ် အပါအဝင် ဘရာဇီးလ်နဲ့ စပိန်ရင်းနှီးမြှုပ်နှံသူ အစုအဖွဲ့ဟာ ပိုင်ရှင်ဟောင်း ရီကာဒိုဆီကနေ သူ့ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး ပေါ်တူဂီဒုတိယတန်းကလပ် အယ်လ်ဗာကာအသင်းကို လွှဲပြောင်းရယူမှု အပြီးသတ် ခဲ့တာပါ။

Record က အယ်လ်ဗာကာအသင်းဟာ ပိုင်ရှင်အသစ်တွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ CEO အဖြစ် တာဝန်ယူနေတဲ့ အော်နီလက်စ်ဟာ ၂၀၂၄-၂၅ ရာသီ အကုန်ထိ အယ်လ်ဗာကာ အသင်းကို စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာပါ။

အယ်လ်ဗာကာအသင်းက ရီကာဒိုဟာ သူ့ရဲ့ရှယ်ယာတွေကို စပိန်နဲ့ ဘရာဇီးလ် ရင်းနှီးမြှုပ်နှံသူ အုပ်စုထံ ရောင်းချခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ဗီနီစီးယက်စ်ဟာ လက်ရှိ ရီးရယ်လ်အသင်း ကစားသမားတွေထဲမှာ ဥရောပကလပ်တွေရဲ့ ရှယ်ယာကို ဝယ်ယူခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ဘတ်ပီဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ယူရိုသန်း ၂၀ နဲ့ ဝယ်ယူမှု ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ပိုင်ရှင်အစုအဖွဲ့ထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အတွက် ရီးရယ်လ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ရီးရယ်လ်အသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source: Goal

ပုံ - ဗီနီစီးယက်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

မြဝတီက တရားမဝင်စီးပွားရေးကို တိုက်ဖျက်ဖို့ ထိုင်းလုပ်ငန်းရှင် ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉

မြန်မာနိုင်ငံ မြဝတီမြို့ရှိ တရားမဝင် စီးပွားရေးလုပ်ငန်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ရန် တာ့ခ်(Tak’s)ပြည်နယ်၊ မဲဆောက် (Mae Sot ) ခရိုင်ရှိ ကုန်တင်/ကုန်ချ ဆိပ်ကမ်းတစ်ခုကို တာဝန်ယူ လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။

အမှတ် ၃၄ ကုန်ကူးဆိပ်ကမ်းကို တာဝန်ယူ လုပ်ကိုင်နေသည့် Hayaek Group ၏ မန်နေဂျင်းဒါရိုက်တာ အူဒွမ် ဆွတ်ဆော့ (Udom Suksod) က ကရင်လူမျိုး ဖောက်သည်များသည် မြဝတီမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ၎င်း၏ ကုမ္ပဏီထံမှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများသည် မြဝတီတွင် ဟိုတယ်များနှင့် ဝန်ထမ်းများ ထားရှိရန် အဆောင်များ ဆောက်လုပ်ရန်အတွက် ကရင်လူမျိုးများထံမှ မြေများငှားရမ်းခဲ့သည်ဟု ယူဆရကြောင်း အူဒွန်က ပြောသည်။

၎င်း၏ တရုတ်ဖောက်သူများသည် ဘန်ကောက်မြို့တော်တွင် ကုမ္ပဏီများ ဖွင့်လှစ်ထားပြီး ဥပဒေနှင့်အညီ စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း အူဒွန်က ပြောသည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့အတွင်းရှိ စီးပွားရေးလုပ်ငန်းများအနက် တရားမဝင် စီးပွားရေးလုပ်ငန်းများသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် မြဝတီမြို့ရှိ တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်နေသည့် နေရာဒေသများကိုသာ လျှပ်စစ် ဓာတ်အားနှင့် အင်တာနက် ဖြတ်တောက်ရန်၊ မြဝတီတစ်မြို့လုံးကို ဖြတ်တောက်ခြင်းမပြုရန် ၎င်းက အကြံ ပြုခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းအစိုးရ အနေဖြင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကို မထိခိုက်စေသည့် စီမံကိန်းများကို လုပ်ဆောင်ရန်၊ ထိုင်း-မြန်မာ နယ်စပ်မှဖြတ်ပြီး ကုန်သွယ်နေသည့် ထုတ်ကုန် စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းသည် တရုတ်ကုမ္ပဏီများ ထံမှ ထုတ်ကုန်များဖြစ်ကြောင်း ၎င်းက ဆိုသည်။

Source: The Nation

ပုံ - ထိုင်းအတိုက်အခံအမတ်နဲ့ လုပ်ငန်းရှင် အူဒွမ်ဆွတ်ဆော့ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ဗန်းမော်မှာ စစ်ရှောင်နေအိမ်တွေ ဖောက်ထွင်းခံရမှု ဆိုးရွားနေ

ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်၊ဗန်းမော်မြို့က စစ်ဘေးရှောင်နေသူတွေရဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခံရမှုဆိုးရွာနေပြီး ဖောက်ထွင်းလုယက်သူတွေက အိမ်ရှင်ပြန်လာရင် ခြိမ်းခြောက်မှုတွေအထိ ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။

ဗန်းမော်မြို့က အိမ်စောင့်မရှိတဲ့ နေအိမ်တွေကို အဓိကဖောက်ထွင်းပြီးနေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ကုန်တင်ကားကြီးတွေနဲ့သယ်ယူနေကြတာဖြစ်ကြောင်း ၊ ပစ္စည်းတွေဖောက်ထွင်းရယူနေချိန် အိမ်ပိုင်ရှင်ပြန်လာချိန်နဲ့ကြုံပါက အိမ်ထဲအဝင်မခံတဲ့အပြင် နောက်တကြိမ်အိမ်ပြန်မလာဖို့ပါ ခြိမ်းခြောက်မှုတွေရှိလာနေတာဖြစ်တယ်လို့သိရပါတယ်။

"သူတို့ကအုပ်စုလိုက်ကိုယူနေကြတာ။ကားကိုဖင်ထိုးပြီးရှိသမျှရေခဲသေတ္တာ၊ ကျွန်းကုလားထိုင်တွေ၊တပ်ထားတဲ့ကျွန်းတံခါးကအစဖြုတ်ခိုးနေကြတာပါ။ကျွန်တော့မိတ်ဆွေ အိမ်ကိုခဏပြန်ကြည့်တာ သူ့အိမ်ကို ကားဖင်ထိုးပြီးပစ္စည်းသယ်နေတာတွေလို့ သွားတော့ သူ့ကိုတောင်ပြန်မေးတယ်ဘယ်ကလဲ ဘယ်သူလဲမေးလို့အိမ်ရှင်ပါပြောတော့ နောက်တခါပြန်မလာနဲ့ သတ်ပစ်မယ်ဆိုပြီးပြောလိုက်တယ်။ ကိုယ့်အိမ်ဖောက်ခံနေရတာမြင်ရင်လည်း ငြိမ်နေရတဲ့ဘဝပါ။အိမ်စောင့်ပါမနေခိုင်းလို့ထွက်ရတဲ့ရပ်ကွက်တွေမှာ တော်တော်ဆိုးနေတာပါ။"လို့ ဗန်းမော်စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။

ဖောက်ထွင်းမှုဆိုးရွားနေတာက ရိုးကြီးရပ်ကွက်မှာ ဖြစ်ပွားနေတာဖြစ်ကြောင်း၊ဟန်းတဲ ဘက်မှာလည်း ဖောက်ထွင်းမှုတွေဖြစ်နေပြီး ကျန်တဲ့လူစောင့် မရှိတဲ့ရပ်ကွက်ကနေအိမ်တွေမှာလည်း ပစ္စည်းတွေဖောက်ထွင်းမှုဖြစ်ပွားနေတယ်လို့သိရပါတယ်။

လက်ရှိ ဗန်းမော် မြို့ပေါ်မှာ ရပ်ကွက်တခုနဲ့တခုပင် သွားလာရ မလွယ်ကူတော့သလို ဗန်းမော်မြို့ထဲကို ပြင်ပကနေဝင်ရောက်ဖို့ ခက်ခဲနေချိန်မှာ မြို့ထဲရှိ စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့သိရပါတယ်။

" ရိုးကြီးရပ်ကွက်ဆို သွားဖို့တောင်မလွယ်တော့ဘူး။ ကျန်တဲ့ရပ်ကွက်တွေလည်းတခုနဲ့တခုသွားဖို့ ခက်တယ်။သူတို့ကလူမရှိတဲ့အိမ်ကို အဓိကထားခိုးနေတာ။ဘေးအိမ်မှာလူရှိလည်း ပစ္စည်းယူတာပဲ ဘေးအိမ်ကိုဂရုမစိုက်ဘူး။ ပေါ်တင်ကို အေးအေးဆေးဆေးကိုယူနေကြတာ။ တနေရာနဲ့တနေရာသွားလာဖို့မလွယ်ချိန် ကားကြီးနဲ့ပစ္စည်းတွေကို လိုက်ခိုးနေတာ စဥ်းစားစရာပါဗျာ။ စစ်ရှောင်ရတဲ့ဒုက္ခအပြင် အိမ်ကပစ္စည်းတွေပါ ဖောက်ခံနေရတယ်။တပူပေါ်တပူဆင့်ဒုက္ခရောက်နေရတယ် " လို့ ဗန်းမော်စစ်ရှောင်ကပြောပါတယ်။

ဗန်းမော်မြို့မှာ လက်ရှိ အချိန်ထိတိုက်ပွဲပြင်းထန်းနေဆဲဖြစ်တာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကလည်း နေအိမ်ဖောက်ထွင်းပြီးပစ္စည်းခိုးယူနေသူတွေကို ထိရောက်တဲ့အရေးယူမှု ဖမ်းဆီးမှုတွေမရှိတဲ့အတွက် နေအိမ် ဖောက်ထွင်းတဲ့သူတွေက အုပ်စုလိုက် ခိုးယူနေကြတာဖြစ်တယ်လို့သိရပါတယ်။

ဗန်းမော်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နစကရဲ့အုပ်ချုပ်ရေးယန္တရားလည်းရပ်တန့်သွားပြီး မြို့ခံအားလုံးနီးပါးကတော့ မန္တလေး နဲ့ရွှေကူမြို့တွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

imageimage

ဂင်ချားနား

image
20 w - Translate

ℂ𝕙𝕚𝕣𝕦𝕥𝕙𝕒 (2007)ဘိုင်ရာဘာရဲ့ပထမဦးဆုံးကား
ဒီဇာတ်ကားကတော့ ဘိုင်ရာဘာမင်းသားရယ်လို့
လူသိမ်ားတဲ့ ရန်ချရမ်းရဲ့ မင်းသားအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ကားဖြစ်ပြီး မင်းသမီးကတော့ ဘောလိဝုဒ် မင်းသမီးချောNeha Sharmaပဲ ဖြစ်ပါတယ်။
ချရမ်းဆိုတာ ငယ်စဉ်ကတည်းက ထောင်နန်းစံဘ၀ကို ရောက်ခဲ့ရသူပါ။ဖခင်ကြီးက မတ်တူးဘိုင်ဆိုတဲ့ ဂန်းစတားကြီးသတ်တာကို ခံရပြီး ၊မိခင်က ဆေးရုံတင်ထားရတဲ့အချိန်မှာ မိခင်အတွက် ခွဲစိပ်ဖို့ငွေကြေး မတတ်နိုင်တာကြောင့် ၊ လူသတ်မှကျူးလွန်ခဲ့တဲ့ တစ်ခြား သူဌေးသားကောင်လေးတစ်ယောက် အစား ထောင်ထဲကို ကိုယ်စား၀င်ပေးခဲ့သူပါ။
ဒါမှလည်း လူသတ်မှုကျူးလွန်တဲ့ ကောင်လေးအဖေက သူ့အမေအတွက် ဆေးရုံစရိတ် ထုတ်ပေးမှာကိုး။ထောင်ထဲမှာ နေပြီး ၁၂ နှစ်ကြာလာတော့
မင်းသမီးလေးနဲ့အမှတ်မထင် တွေ့ပြီပေါ့။
မြင်မြင်ချင်း ချစ်မိသွားသူဆိုတော့သူချစ်တဲ့ သူဌေးသမီးလေးနောက်ကို တကောက်ကောက်လိုက်ပြီး တိတ္တခိုး ကြည့်နေတတ်သူပါ
ဒီလိုနဲ့ သူ့အသက်မွေး၀မ်းကျောင်းအတွက်
ဘန်ကောက်ကို ချရမ်းတစ်ယောက် ထွက်လာခဲ့ရပါတယ်။တကယ်တော့ အသက်မွေး၀မ်းကျောင်းဖို့ဆိုတာ အပေါ်ယံအလုပ်သာ ဖြစ်ပြီး ၊ဖခင်ကို သတ်သွားခဲ့တဲ့ မတ်တူးဘိုင်ကို လာရှာတာသာ ဖြစ်ပါတယ်။
ရန်ချရမ်းရဲ့ ပွဲဦးထွက်ဇာတ်ကားဆိုပေမယ့်
အတော်ကြီး ကြည့်လို့ကောင်းပါတယ်။
အသတ်အပုတ်တွေရယ် ၊ တစ်ခန်းတစ်လေမှာ
ထည့်ပေးတတ်တဲ့ ဟာသတွေရယ် ၊ မင်းသားမင်းသမီး တွေ့ဆုံကြပုံ ၊ သူတို့နှစ်ဦးကြားက ဆက်ဆံရေးအကြောင်းတွေကြောင့် သဘောကျစရာပါ။

image

???

ရှူးရှူးရှဲရှဲ ရခိုင်သင်္ဘောသီးထောင်းနည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးတလုံး
မန်ကျည်းသီးစိမ်း
ကြက်သွန်ဖြူ
ငရုတ်ကောင်း
ငပိ
ငရုတ်ခြောက် မဟုရင် အစိမ်းကြိုက်တာထည့်
ထောင်းအာပူရွက်မထည့်လဲရသည်
အစပ်နိုင်သလောက်ထည့်ထောင်းပါ
သင်္ဘောသီးကို လေးထောင့်ပေါက်လေးတွေပေါက်ပေး
ထောင်းထားငရုတ်ဆုံထဲအကုန်ထည့်ထောင်း
အချိုမှုန့်ဆား ချိန်ထည့်
သံပုရာသီး မထည့်လဲရပါတယ် မန်ကျည်းသီးရဲ့အချဥ်နဲ့မို့ထည့်လဲရမထည့်လဲရ
ပုံတွေကြည့်သွားပီး ထောင်းစားကြည့်ပ

image

ရှူးရှူးရှဲရှဲ ရခိုင်သင်္ဘောသီးထောင်းနည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးတလုံး
မန်ကျည်းသီးစိမ်း
ကြက်သွန်ဖြူ
ငရုတ်ကောင်း
ငပိ
ငရုတ်ခြောက် မဟုရင် အစိမ်းကြိုက်တာထည့်
ထောင်းအာပူရွက်မထည့်လဲရသည်
အစပ်နိုင်သလောက်ထည့်ထောင်းပါ
သင်္ဘောသီးကို လေးထောင့်ပေါက်လေးတွေပေါက်ပေး
ထောင်းထားငရုတ်ဆုံထဲအကုန်ထည့်ထောင်း
အချိုမှုန့်ဆား ချိန်ထည့်
သံပုရာသီး မထည့်လဲရပါတယ် မန်ကျည်းသီးရဲ့အချဥ်နဲ့မို့ထည့်လဲရမထည့်လဲရ
ပုံတွေကြည့်သွားပီး ထောင်းစားကြည့်ပ

image

ရှူးရှူးရှဲရှဲ ရခိုင်သင်္ဘောသီးထောင်းနည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးတလုံး
မန်ကျည်းသီးစိမ်း
ကြက်သွန်ဖြူ
ငရုတ်ကောင်း
ငပိ
ငရုတ်ခြောက် မဟုရင် အစိမ်းကြိုက်တာထည့်
ထောင်းအာပူရွက်မထည့်လဲရသည်
အစပ်နိုင်သလောက်ထည့်ထောင်းပါ
သင်္ဘောသီးကို လေးထောင့်ပေါက်လေးတွေပေါက်ပေး
ထောင်းထားငရုတ်ဆုံထဲအကုန်ထည့်ထောင်း
အချိုမှုန့်ဆား ချိန်ထည့်
သံပုရာသီး မထည့်လဲရပါတယ် မန်ကျည်းသီးရဲ့အချဥ်နဲ့မို့ထည့်လဲရမထည့်လဲရ
ပုံတွေကြည့်သွားပီး ထောင်းစားကြည့်ပ

image