15 w - Translate

ငလျင်ဘေးသင့် ဒေသများကို လှူဒါန်းမှူများ ပြုလုပ်သွားမည်လို့ Apple CEO ပြော
ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပြည်သူများအတွက် Apple ကုမ္ပဏီမှ စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် Apple ကုမ္ပဏီသည် မြေပြင်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Apple ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအား အားပေးစကားဆိုထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

image
15 w - Translate

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်
ရန်ကုန်၊ မတ် ၃၁
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား SMART အဖွဲ့က သတင်းထုတ်ပြန်သည်။
မလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအထူးအဖွဲ့ (SMART) သည် မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိပြီး (၂၄) နာရီအတွင်း စစ်ကိုင်းသို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု ကြေညာထားသည်။
မလေးရှားအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (Nadma )မှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ကနဦးအကဲဖြတ်အဖွဲ့သည် နည်းပညာပံ့ပိုးကူညီမှုနှင့် လုပ်ငန်းခွင်လိုအပ်ချက် အကဲဖြတ်မှုများဆောင်ရွက်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး မတ်လ ၃၀ ရက်နေ့တွင် အဖွဲ့ဝင် ၄၀ ပါဝင်သော ဒုတိယအဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့ငလျင်ဘေးကို စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီကယ်ဆယ်ပေးနေပြီဖြစ်သည်။

imageimage
15 w - Translate

အစ္စကို- " ဘက်တစ် အနေနဲ့ အွန်လိုင်းကနေ ရံပုံငွေရှာပြီး အန်တိုနီကို အပြီးသတ် ခေါ်သင့်တယ်.."

အသင်းမှာ အငှားလာကစားရင်း ခြေစွမ်းပြနေတဲ့ အန်တိုနီကို အပြီးသတ်ခေါ်ချင်ပေမယ့် ဘက်ဂျက်မရှိတာကြောင့် ဘက်တစ်ဟာ ခေါ်နိုင်မှာ မဟုတ်လို့ ခုလို ဟာသ စကား ဆိုလိုက်တာ ဖြစ်ပါတယ် ။

image
15 w - Translate

သွင်းဂိုး ၂ဂိုး ၊ Motm ဆု နဲ့ ဒေါက်တာ
နောက်ဆုံးတော့ ရပ်ရှ်ဖို့ဒ် ပြန်လာနိုင်ခဲ့ပြီ 💪

image
15 w - Translate

မနေ့ည လီဂါနက်နဲ့ ပွဲမတိုင်ခင် ၁ မိနစ် ငြိမ်သက်မှုဟာ မြန်မာ နဲ့ ထိုင်းနိုင်ငံက ငလျင်ဘေးအတွက် ရည်ရွယ်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းက ဖော်ပြသွားခဲ့ပါတယ် ။
ဒီပွဲမှာ ရီးရဲလ် က ၃ဂိုး ၂ဂိုးနဲ့ အနိုင်ကစားရင်း ဆုဖလားအတွက် ဘာစီလိုနာ ကို ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ် ။

image

မြန်မာပြည်သူ ၊ မြန်မာပြည်သားအားလုံး သဘာဝဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးလွတ်ကင်းကြပါစေ။ ကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေ၊ရန်သူမျိုးငါးပါးဘေးမှလည်းလွတ်ကင်းနိုင်ကြပါစေ။

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image

လမကုန်သေးပဲလစာကုန်သွားသောနှစ်ယောက်အကြည့်ချင်းဆုံနေပုံ

image