Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘန်ကောက်မြို့ရဲ့ ၂၄နာရီ တစ်ညလုံပြေးဆွဲတဲ့ buscar လိုင်နံပါတ်များ
ဘန်ကောက်မြို့ထဲက လူစည်းကာတဲ့ night market, shopping mall,market စတဲ့ နေရာ ဘက်တွေရောက်ပြီ ညဘက်တွေရော ၂၄နာရီ ပြေးဆွဲတဲ့ bus car လိုင် နံပါတ် တွေနဲ့ နံပါတ် တစ်ခုခြင်ရဲ့ ပြေးဆွဲရောက်ရှိတဲ့ လမ်းနေရာ အသေးစိတ်ကိုပါ စုစည်းပေးလိုက်တာပါ ညနက် ဘက်ထိ လိုင်ကား စီးရတဲ့သူတွေ အဆင်ပြေအောင်ပါ ၂၄နာရီလုံ ပြေးဆွဲတဲ့ buscar လိုင်(၂၉ )လိုင်ရဲ့ နံပါတ်တွေကတော့
(2/3/4/7/22/23/25/26/27/29/34/39/46/54/59/60/63/71/73/76/77/80/82/84/97/134/145/203/206) တို့ဘဲဖြစ်ပါတယ် ဒီကားလိုင်တွေက တစ်ညလုံပြေးဆွဲပါတယ်
#knowledge
💎 ကြက် ပဲငါးပိ 💎
********************
အသားလွှာပီး သကြား,အချိုမှုန့်, ဆား( အနဲငယ် ) နဲ့နယ်ပါ။
အိုးထဲထည့်ပီး မီးအေးအေးနဲ့ အသားမှ ရေများခမ်းတဲ့အထိလှော်ပါ။
မနူးသေးရင်တော့ ရေအနည်းငယ်ထပ်ထည့် လှော်ပေးပါ။
အိုးထဲကို ပဲငါးပိဆီ အနဲငယ်ထည့်ပါ။
ခရမ်းချဉ်သီးကွင်း,ကြက်သွန်နီကွင်း,ငရုတ်သီးစိမ်း ခွဲခြမ်းထည့်ပီး
မီးအေးအေးနဲ့ ကြက်သွန်နီကွင်းလေးတွေပျော့တဲ့အထိ မွှေပေးပီးရင်
အသား,အချိုမှုန့်( နဲနဲ ) ထည့်ပီး အားလုံးရောမွှေပေးပါ။
ခဏကြာရင် ရပါပြီ။
______________________________________________________
နံနံပင်တို့စား,ငရုတ်ပွကြော် ကိုက်စားနဲ့ အရမ်း ထမင်းမြိန်ပါတယ်။
ထိုင်ဝမ်မုန်ညှင်း ပြုတ်ပီး တို့စားလဲ အရမ်းကောင်းပါတယ်။
ကျမ မီးအေးအေးနဲ့ပဲ စိတ်ရှည်ရှည်ချက်တာ ရေမထည့်ရပါဘူး။
ဆီကတော့ ပဲငါးပိဗူးမှာပါတဲ့ ဆီအနည်းငယ်နဲ့ ချက်တာပါ။
#credit ပဲခူး ဒေါ်ထွေးရီ
သူ့ရဲ့မြန်မာနာမည်က ဆန်းဆန်းလေး။ ခင်လေးဆတ်ဆတ်တုန်တဲ့။ ခွာပြာလို့လည်းခေါ်ကြတယ်။
ဘိုလိုဆိုရင်တော့ Purple Wreath, Blue Bird Vineပေါ့။ ခရမ်းရောင်နွယ်ပင်တွေဖြစ်ပြီးတော့ အိမ်တွေမှာစိုက်ရင် အင်မတန်ကိုလှပါတယ်။ ကျနော်က မန္တလေးကမို့ ဒီပန်းတွေကို ခဏခဏမြင်ဖူးတယ်။ မျိုးစေ့တွေလည်း အလွယ်တကူဝယ်လို့ ရပါတယ်။
သူ့ရဲ့အဓိပ္ပါယ်က မျှော်လင့်ချက်တဲ့။
ဘာကြောင့်လဲဆိုတော့ ဒီပုံပြင်လေးကြောင့်ပေါ့။
တောင်အမေရိကမှာရှိတဲ့ ရွာလေးတစ်ရွာမှာ ခွာပြာတွေကို သဘောကျတဲ့ မိန်းကလေးတစ်ယောက်နေထိုင်တယ်။ အဲဒီမိန်းကလေးက အမြဲနေမကောင်းနေတာဆိုပေမယ့် ခွာပြာတွေကို မြင်တဲ့အခါမှာတော့ အားအင်တွေပြည့်ဝလာသလို ခံစားရတယ်တဲ့။
တစ်နေ့ကျတော့ သူတို့ရွာကြီးမှာ မုန်တိုင်းတစ်ခုတိုက်တော့ အိမ်တွေအကုန်ပါကုန်တာပေါ့။ ဒါပေမယ့် ကောင်မလေးကတော့ ခွာပြာပင်ကို ဖက်ထားရင်းအသက်ရှင်သန်ကျန်ရစ်ခဲ့တယ်တဲ့။
ဒါကြောင့် မုန်တိုင်းပြီးသွားတဲ့အခါ ခွာပြာပန်းပင်တွေကိုကြည့်ရင်း ရွာသားတွေက သူတို့ဘဝကို လက်မလျှော့ဘဲ ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့။
ဒါ့အပြင် ခြောက်သွေ့တဲ့နေရာမှာတောင် ရှင်သန်နိုင်တာမို့ “အခက်အခဲကိုသည်းခံနိုင်စွမ်း” ဆိုတဲ့ အဓိပ္ပါယ်လည်းရှိတယ်။ တစ်ယောက်ယောက်ကို ပေးတဲ့အခါမှာတော့ “မင်းနောက်မှာ ငါရှိတယ်”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးကြသတဲ့။

ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလား
အားကစားသမားတွေက အရောင်အသွေးနဲ့ ပတ်သက်ပြီး အစွဲရှိကြတယ်။ အများအားဖြင့် Muhammad Ali က ဘောင်းဘီဖြူပဲ ဝတ်လေ့ရှိတယ်။ Ricky Hatton လည်း မိုးပြာရောင်ပါတဲ့ ဘောင်းဘီပဲ ဝတ်တာပါ။ Mike Tyson က ဘောင်းဘီနက်ပဲ သဘောကျတယ်။ ထပ်မေးစရာရှိတာက ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလား။
ဘောက်ဆင်စည်းမျဉ်းထဲမှာ ကစားသမားတွေက ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်မရှိဘူးလို့ တားမြစ်မထားပါဘူး။ ဒါပေမယ့် ဝိတ်ချိန်တဲ့နေ့မှာ အားကစားကော်မရှင်က ခွင့်ပြုပေးတဲ့ အသုံးအဆောင်တွေကိုပဲ ဝတ်ဆင်ရမယ်လို့ ပြဌာန်းထားတယ်။ အားကစားကော်မရှင် ခွင့်မပြုရင် ဝတ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
၁၉၈၆ ခုနှစ်မှာ Mike Tyson က WBC Heavyweight Champion ဖြစ်တဲ့ Trevor Berbick ကို စိန်ခေါ်တယ်။ ထူးခြားတာက ကြိုးဝိုင်းထဲမှာ ဘောင်းဘီအရောင်တူ ဖြစ်နေတာပဲ။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ချန်ပီယံ Trevor Berbick ကိုပဲ ဦးစားပေးတယ်။ ဒါက ထုံးစံပါပဲ။ စိန်ခေါ်သူ Mike Tyson ဟာ ဘောင်းဘီအရောင် ပြောင်းဝတ်ရမယ်။ ဘောင်းဘီနက် ဝတ်ခွင့်မရှိပါဘူး။
သိတဲ့အတိုင်း Mike Tyson က ခေါင်းမာတယ်။ ပွဲနေ့မှာ ဘောင်းဘီနက်ဝတ်လာတယ်။ လက်အိတ်ကလည်း အနီရောင်။ ကစားသမားတွေက ဆင်တူဖြစ်ကုန်တယ်။ ဖိနပ်ကလည်း အရောင်တူပါ။ ခြေအိတ်ရှည် ဝတ်မထားလို့ တော်သေး။ အကုန်လုံးက ခပ်ဆင်ဆင်ဖြစ်နေတယ်။
သူတို့တွေမှာ ခြေအိတ်နဲ့ အရပ်ပဲ ကွဲတာပါ။ Mike Tyson က Trevor Berbick ကို ဒုတိယအချီမှာ အလဲထိုးနိုင်ပြီး WBC Heavyweight Champion ဖြစ်လာတယ်။ အသက်ငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲအပြည့်အစုံကို စိတ်ဝင်စားရင် ဒီမှာ bit.ly/2Hl3MDP ကြည့်ပါ။
နီဗားဒါးပြည်နယ် အားကစားကော်မရှင်က Mike Tyson ကို ဒေါ်လာ (၅) ထောင် ဒဏ်ရိုက်လိုက်ပါတယ်။ ထိုးကြေးက ဒေါ်လာ (၁.၅) သန်းရထားလို့ အေးဆေးပါပဲ။ ဘာဖြစ်လို့ တားမြစ်သလဲဆိုရင် ရုပ်သံစီစဉ်တင်ဆက်သူတွေ အခက်တွေ့မှာ စိုးလို့ပါ။ "ဘောင်းဘီနက်ကို ဝတ်ဆင်ထားသူက Trevor Berbick ဖြစ်ပါတယ် . . . ဘောင်းဘီပြာကို ဝတ်ဆင်ထားသူက Mike Tyson ပါခင်ဗျာ" လို့ ကြေညာရမှာလေ။
အခုလိုဘောင်းဘီအရောင်တူနေတော့ ရုပ်ရည်အသွင်အပြင်နဲ့ ကြေညာလိုက်ရင် အဆင်မပြေပါဘူး။ ပြီးတော့ ပရိသတ်တွေလည်း မျက်စိရှုပ်ကုန်မှာလေ။ နောက်ပိုင်းမှာ ဘောင်းဘီဒီဇိုင်းဆန်းတွေ တီထွင်ဖန်တီးလာပြီဆိုတော့ ဆင်တူမဖြစ်တော့ပါဘူး။ ဘောင်းဘီအရောင်တူမယ်ဆိုရင်တောင် ဒီဇိုင်းတူမှာ မဟုတ်ဘူးလေ။ Mike Tyson လို ဒဏ်ရိုက်ခံစရာအကြောင်း မရှိတော့ဘူးပေါ့။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
Reference Source – Boxing Scene
Photo Credit - Mike Tyson
Credit to ကျော်စိုးအောင် (Myanmar Fight Edition)
သူမရဲ့အိမ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်တဲ့ BLAKCPINK’s Lisa
မတ်လ 27 ရက်နေ့တွင် BLACKPINK အဖွဲ့ဝင် Lisa ရဲ့ အေဂျင်စီ LLOUD’s channel တွင် 'Special Birthday Q&A with Lisa' ဆိုတဲ့ ဗီဒီယိုတစ်ခုကို တင်လာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုတွင် Lisa က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတွင် ဝမ် 7.5 ဘီလီယံနဲ့ဝယ်ယူခဲ့တဲ့ ဆိုးလ်မြို့ Seongbuk-dong မှာရှိတဲ့ သူမရဲ့နေအိမ်ကို ပြသခဲ့တာပါ။ အရင်က လုပ်ငန်းစုမိသားစုတစ်စု ပိုင်ဆိုင်တယ်လို့သိရှိရတဲ့ ဒီအိမ်ကြီးတွင် မြေအောက်ခန်းနဲ့ အထပ်နှစ်ထပ်ပါဝင်တာ ဖြစ်ပါတယ်။ Lisa က “ပရိသတ်တွေက ကျွန်မရဲ့အိမ်ကို အမြဲမြင်ချင်နေကြတာကြောင့် ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ပထမဆုံး ကွန်းတန့်အဖြစ် ပြသလိုက်ပါတယ်” ဟု ပြောကြားထားပါတယ်။ ခမ်းနားတဲ့ဝင်ပေါက်ကနေတစ်ဆင့် အိမ်ထဲကိုဝင်ရောက်ကာ Lisa က သူမရဲ့ဝန်ထမ်းများမှ ပြင်ဆင်ထားတဲ့ အမေးအဖြေတွေကို ဖြေကြားခဲ့ပါတယ်။ အယ်လ်ဘမ်အစီအစဉ်အကြောင်း မေးတဲ့အခါမှာတော့ Lisa က ယခုနှစ်အယ်လ်ဘမ်ထွက်ရှိရန် သူမရဲ့စိတ်အားထက်သန်မှုကို ထုတ်ဖော်ပြောပြခဲ့ပြီး သူမရဲ့သီချင်းတွေအပေါ် အာရုံစိုက်ရန် စိတ်လှုပ်ရှားနေခဲ့ပါတယ်။
Lisa က သူမရဲ့စိတ်ဓာတ်ခွန်အားတွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ထိန်းသိမ်းထားရန်အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့ပြီး ငယ်စဉ်ကတည်းက မိခင်ရဲ့ခံနိုင်ရည်ရှိမှုနဲ့ ရည်မှန်းချက်အပေါ်ထားတဲ့ မြှုပ်နှံမှုတွေကို သဘောကျကြောင်း ပြောပြခဲ့တာပါ။ ဒါ့အပြင် Lisa က ဂီတသဘောတရားတွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုအမျိုးမျိုးကိုလက်ခံကာ စတိုင်သစ်တွေကို ဆက်လက်ရှာဖွေသွားလိုကြောင်း ဆိုပါတယ်။ အသက်မွေးဝမ်းကျောင်းလမ်းကြောင်းနဲ့ပတ်သက်လို့ Lisa က အရင်က သူမဟာ လေယာဉ်မယ်တစ်ဦးဖြစ်ချင်ကြောင်းနဲ့ YG Entertainment ကို ဝင်ရောက်ပြီးနောက် သူမဟာ အဲဒီအိပ်မက်ကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ Lisa က သူမရဲ့အိမ်မှာ မွေးနေ့ပွဲမကျင်းပရသေးကြောင်းနဲ့ သူမရဲ့အိမ်ကို ပြသခွင့်ရတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ Lisa က သူမရဲ့မြေအောက်ခန်းကားပါကင်ကို ပြသခဲ့ကာ ပရိသတ်တွေက Lisa ရဲ့ ကားကိုလည်း တွေ့မြင်ခွင့်ရခဲ့ကြပါတယ်။
Cele Now
photos from LLOUD/ youtube, pinterest