23 ပတ် - ဘာသာပြန်ပါ။

ပိတ်ရက်ရှည်မှာ အပြည့်အဝကလောမှာ အနားယူဖို့ Great Leo Vacation Home ကိုလှမ်းခဲ့စို့ ☀️🏠

တစ်နှစ်လုံးပင်ပန်းထားရတာတွေကို လွှတ်ချဖို့ မကြာခင်
အချိန်မှာ နွေရာသီကျောင်းပိတ်ရက်ကြီးကိုရောက်ရှိတော့မယ်နော်🥳

အိမ်မှာမီးတွေကလည်းပျက်ပြီး ပူလောင်နေတော့ ပိတ်ရက်ရှည်ရတဲ့အချိန်လေးမှာ ခရီးထွက်ဖို့ ကြိုပြီးစီစဉ်လိုက်တော့နော်။

⛰️ဆောင်းရာသီရဲ့အရသာကိုအပြည့်အဝခံစားရမယ့်အပြင် (24)hr မီးရှိတဲ့နေရာလေးကို ခရီးထွက်ချင်ရင်တော့ ကလောက Great Leo Vacation Home လေးကိုရွေးချယ်လိုက်ပါနော်။

❄️February လမှာကလောကအအေးပိုမှာဆိုတော့ ဆောင်းရဲ့အရသာကိုလည်း အပြည့်အဝရမယ်၊ Great Leo Vacation Home ကခြံဝန်းကျယ်ပြီး သာယာတဲ့အပြင် (၂၄)နာရီမီးရတာမို့လို့ အေးဆေးအနားယူပြီး အပန်းဖြေလို့ရပြီနော်။

☎️ For Booking -09 5024268 , 09 798962600
📍Location - C5+C7, C Road, Myinka Village, Kalaw Villa, Kalaw

image
23 ပတ် - ဘာသာပြန်ပါ။

ပိတ်ရက်ရှည်မှာ အပြည့်အဝကလောမှာ အနားယူဖို့ Great Leo Vacation Home ကိုလှမ်းခဲ့စို့ ☀️🏠

တစ်နှစ်လုံးပင်ပန်းထားရတာတွေကို လွှတ်ချဖို့ မကြာခင်
အချိန်မှာ နွေရာသီကျောင်းပိတ်ရက်ကြီးကိုရောက်ရှိတော့မယ်နော်🥳

အိမ်မှာမီးတွေကလည်းပျက်ပြီး ပူလောင်နေတော့ ပိတ်ရက်ရှည်ရတဲ့အချိန်လေးမှာ ခရီးထွက်ဖို့ ကြိုပြီးစီစဉ်လိုက်တော့နော်။

⛰️ဆောင်းရာသီရဲ့အရသာကိုအပြည့်အဝခံစားရမယ့်အပြင် (24)hr မီးရှိတဲ့နေရာလေးကို ခရီးထွက်ချင်ရင်တော့ ကလောက Great Leo Vacation Home လေးကိုရွေးချယ်လိုက်ပါနော်။

❄️February လမှာကလောကအအေးပိုမှာဆိုတော့ ဆောင်းရဲ့အရသာကိုလည်း အပြည့်အဝရမယ်၊ Great Leo Vacation Home ကခြံဝန်းကျယ်ပြီး သာယာတဲ့အပြင် (၂၄)နာရီမီးရတာမို့လို့ အေးဆေးအနားယူပြီး အပန်းဖြေလို့ရပြီနော်။

☎️ For Booking -09 5024268 , 09 798962600
📍Location - C5+C7, C Road, Myinka Village, Kalaw Villa, Kalaw

image
image
image
image
image
23 ပတ် - ဘာသာပြန်ပါ။

Open မဖြစ်တော့တဲ့ Open AI နှင့် Elon တို့ရဲ့အားပြိုင်မှု (သုံးသပ်ချက်)
Chat GPT ရဲ့ပဲ့ကိုင်ရှင် Open AI ကတော့ဒီနှစ်ထဲမှာပဲသူတို့ရဲ့ Products အသစ်နှစ်ခုဖြစ်တဲ့ GPT Pro နဲ့ Open AI o1 model ကိုထပ်မိတ်ဆက်လိုက်ပါတယ်။
GPT Pro ဟာဆိုရင်လစဉ်ကြေး ‌USD ၂၀၀ အထိကျသင့်မှာဖြစ်ပြီး Programming၊ Math နဲ့ ရှုပ်ထွေးတဲ့ တာဝန်တွေကိုဖြေရှင်းနိုင်မယ့် 01 model ကိုအကန့်အသတ်မရှိပေးသုံးထားပါတယ်။
ဘေးကင်းမှုထက် အကျိုးအမြတ်ကိုဦးစားပေးလာခဲ့
-----------------------------------------------
AI Model တစ်ခုကို အများအသုံးပြုနိုင်အောင် Public မထုတ်ပေးခင် အသုံးပြုသူဘေးကင်းမှုနဲ့ လုံခြုံမှုအတွက် စမ်းသပ်မှုတွေလုပ်ရသလို ဒါဟာ AI Model တစ်ခုရဲ့ တည်ဆောက်ပုံနဲ့ ရှုပ်ထွေးမှုအပေါ်မှာမူတည်ပြီး ၆လ ကနေ တစ်နှစ်အထိ ကြာပါတယ်။ Open AI ကတော့ GPT 4 နောက်ပိုင်း Model တွေဟာ ၆ လတောင်မကြာပဲ Products ရဲ့လုပ်ဆောင်မှုအသားပေးပြီး အပြိုင်ထုတ်လာနေတာပါ။
ဒါဟာအသုံးပြုသူ User တွေအတွက်တော့ ဘေးကင်းမှု Safety & Privacy ပိုင်းအတွက်ပွင့်လင်းမြင်သာမှုမရှိတာဟာစိုးရိမ်စရာဖြစ်ပါတယ်။
နောက်ထက်ပြဿနာတစ်ခုကတော့ January လဆိုရင် tr_ump အစိုးရအသစ်ကျမ်းကျိန်တော့မှာဖြစ်ပြီး အစိုးရအသစ်ထဲ Elon Musk ပါပါလာတော့မှာလည်းအကုန်သိပြီးဖြစ်ပါတယ်။
Open AI ရဲ့ ရာဇဝင်
-------------------
Open AI ဟာ 2015 မှာ လက်ရှိ CEO Sam Altman နဲ့ Elon Musk အပါအဝင် ရင်းနှီးမြှုပ်နှံတည်ထောင်သူ ၁၁ ယောက်နဲ့စတင်ခဲ့ပြီး Artificial General Intelligence (AGI) ကိုလူသားအကျိုးပြုအတွက် Non Profit ပုံစံသွားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော့ Open AI ဟာ Microsoft ရဲ့ Microsoft ရဲ့ရင်းနှီးမြှုပ်နှံမှုကိုယူပြီး သူတို့သွားမယ့်လမ်းကြောင်းကနေသွေဖယ်လာပါတယ်။ ဒါကြောင့်လဲ Elon အပါအဝင် တည်ထောင်သူ ၇ ဦးလောက်နုတ်ထွက်သွားကြပါတယ်။
Elon ရဲ့နုတ်ထွက်မှုက‌လည်းထင်သလောက်မရိုးရှင်းပါဘူး
နောက်ပိုင်း Elon က X Platform (အရင် Twitter) ကိုဝယ်အပြီးကိုယ်ပိုင် X AI ကိုလည်းတည်ထောင်ပါတယ်။ အဲ့ထက်ဆိုးတာက Open AI ကိုပါတရားစွဲတာပါ အဓိကကတော့ Open AI ဟာ Elon ရဲ့ ပြိုင်ဘက် Microsoft ရဲ့အကူအညီကိုယူပြီး Profit ဘက်ကိုအပြည့်အဝသွားလာလို့ပဲဖြစ်ပါတယ်။
U_S မှာနိုင်ငံရဲ့ခုံရုံးဖြစ်တဲ့ Supreme Court ရဲ့ အဖွဲ့ဝင်တွေနဲ့ Federal Judges တွေဟာသမ္မတကခန့်ထားပြီးလွတ်တော်ကအတည်ပြုတာဖြစ်ပါတယ်။ January မှာတက်မယ့် Elon ပါတဲ့ tr_ump ရဲ့ Repu_blican အစိုးရဟာ လွတ်တော်နှစ်ခုလုံးမှာပါအသာစီးရထားပါတယ်။ Open AI အတွက်တော့ အိမ်မက်ဆိုးဖြစ်လာမှာပါပဲ။
စာရှည်သွားပြီမလို့ဒီလောက်နဲ့ပဲရပ်ပါမယ်။ Open AI ဟာ XAI ထက် Products ပိုင်းအများကြီးသာလွန် နေတာရော ပြိုင်ဘက်‌တွေပေါင်းနေတာရောကို မလိုလားတဲ့ Elon ဟာစီးပွားရေးသမားပီပီ ရတဲ့အခွင့်အရေးကိုသုံးပြီး Open AI ကိုအနိုင်ယူမှာ မလွဲပဲဖြစ်ပါတယ်။

image
23 ပတ် - ဘာသာပြန်ပါ။

ချဉ်ပေါင်ဟင်းရည်

ဒီတစ်ခါချဉ်ပေါင်ပာင်းကို မျှစ်နှင့် ချဉ်ပေါင်ကြော်၊
ကိုရေနွေးရောထားတာပါ။
ရေ ၁ လီတာ ကို ချက်မည်.အိုးထဲသို.ထည်.ကာ
တည်ပြီး ရေနွေးဆူလျှင် ချဉ်ပေါင်ကြော်ကို ထည်.က ဆယ်မိနှစ်ခန်.ထားပြီး ရုံးပတေသီးနှင့်နံနံပင်၊ဆား၊ ငံပြာရည် တို.ကို.ထည်.ကာ ချက်ပြီး .. အာဗြဲခြောက်ကြော်နဲ.တွဲစားပါတယ်ရှင့်
ကြော်ပြီးသားမရှိရင် ချဉ်ပေါင်ရွက်၊ မျှစ် ၊ ပုဇွန်ကျော.၊ ငပိနဲနဲ.၊ နနွင်း၊ ဆား၊ အရောင်တင်၊ ဆီအနဲငယ်ကို ချက်မဲ.အို.ထဲမှာ သမရောနယ်ပြီး ချက် ပြီးရင် ရေထည်. ချခါနီး ရုံးပတေသီး နဲ. နံနံပင်ထည်.ချက်လို.ရပါတယ်။

image

image
23 ပတ် - ဘာသာပြန်ပါ။

Programmer တွေအတွက် အကောင်းဆုံး အဖော်တစ်ယောက်ဖြစ်လာတဲ့ Deepseek V3
ခုတလော AI လောကမှာ စိတ်ဝင်စားစရာကောင်းတဲ့ AI မော်ဒယ်အသစ်လေးတစ်ခု ထွက်လာပါတယ်။ DeepSeek V3 လို့ခေါ်ပါတယ်။ ဒီ AI က ဘာတွေလုပ်နိုင်လဲ၊ ဘယ်လောက်တော်လဲဆိုတာ အကုန်ပြောပြပေးပါ့မယ်နော်။
DeepSeek V3 က ဘာကြောင့်ထူးခြားနေတာလဲ?
ပထမဆုံးအနေနဲ့ DeepSeek V3 က open-source ပါ။ ဆိုလိုတာက ကိုယ့်ဘာသာ download လုပ်ပြီး သုံးလို့ရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း အခမဲ့သုံးခွင့်ရှိတယ်လို့ ပြောလို့ရပါတယ်။
သူ့ရဲ့ အားသာချက်တွေကတော့ -
သင်္ချာပုစ္ဆာတွေ ဖြေရှင်းတာ တော်တယ်
ChatGPT တို့ Claude တို့ထက်တောင် ပိုကောင်းတဲ့ရလဒ်တွေ ပြနိုင်ခဲ့တယ်
ရှုပ်ထွေးတဲ့ သင်္ချာပုစ္ဆာတွေကို အဆင့်ဆင့် ရှင်းပြနိုင်တယ်
Programming ကုဒ်ရေးတာ အရမ်းတော်တယ်
ကုဒ်တွေကို သေသေချာချာရေးပေးနိုင်တယ်
Bug တွေကို မြန်မြန်ဆန်ဆန် ရှာပေးနိုင်တယ်
ကုဒ်တွေကို ပိုကောင်းအောင် ပြင်ဆင်ပေးနိုင်တယ်
အထွေထွေ ဗဟုသုတပိုင်းမှာလည်း ကောင်းတယ်
စာမေးပွဲတွေမှာ GPT-4 ထက်တောင် အမှတ်ပိုရခဲ့တယ်
မေးခွန်းတွေကို နားလည်လွယ်အောင် ရှင်းပြနိုင်တယ်
အခြား AI တွေနဲ့ယှဉ်ရင် ဘယ်လိုနေလဲ?
ChatGPT နဲ့ယှဉ်ရင်
သင်္ချာနဲ့ programming မှာ DeepSeek က ပိုသာတယ်
ဒါပေမယ့် စကားပြောတဲ့အခါ ChatGPT က ပိုပြီး လူဆန်သေးတယ်
Claude 3.5 Sonnet နဲ့ယှဉ်ရင်
အများစုမှာ DeepSeek က ပိုကောင်းတယ်
ဘာသာစကားပေါင်းစုံ ပြောဆိုနိုင်တဲ့ အပိုင်းမှာ အားသာတယ်
Gemini 2.0 နဲ့ယှဉ်ရင်
DeepSeek က နယ်ပယ်တိုင်းမှာ လွှမ်းမိုးထားတယ်လို့ ပြောလို့ရတယ်
အထူးသဖြင့် programming နဲ့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ သိသိသာသာ ပိုကောင်းတယ်
API ကလည်း စျေးအရမ်းကိုသက်သာတာပါခင်ဗျာ။
coding ပိုင်းမှာ claude3.5 sonnet ထက် ကို performance ပိုကောင်းတဲ့ ဒီ aI model က 1Million token ကိုမှ
input $0.014 / 1M tokens
cache $0.14 / 1M tokens
output $0.28/1M tokens
ဆိုတော့ မဟားတရားကို စျေးသက်သာတာပါ။
ကျွန်တော် vscode မှာ ai ကိုသုံးပြီး Flutter နဲ့ full stack fitness app တစ်ခုရေးတာ အရင်လတုန်းက claude 3.5 sonnet နဲ့ရေးတာ 58$ တောင်ကုန်ခဲ့ပါတယ်။
အခု deepseek နဲ့ဆို 2$ အောက်ပဲ ကုန်ကျမှာပါ။
မြန်တာကလည်း အတော်ကိုမြန်တာ HTML,CSS,JS နဲ့ webpage တစ်ခုကို ငါးမိနစ်အတွင်း လူအကူအညီလုံးဝမပါပဲ ရေးနိုင်တယ်။
DeepSeek V3 က တကယ့်ကို အားကောင်းတဲ့ AI တစ်ခုပါခင်ဗျာ။ အရင် AI တွေထက် တော်တာတွေအများကြီးရှိသလို၊ အခမဲ့သုံးလို့ရတဲ့အတွက် developer တွေအတွက် အရမ်းအသုံးဝင်မယ့် tool တစ်ခုဖြစ်လာမှာ သေချာပါတယ်။
ဒါပေမယ့် သတိထားရမှာက AI တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ AI ကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ DeepSeek V3 က သင်္ချာနဲ့ programming ပိုင်းမှာ အထူးခြားဆုံးဖြစ်တဲ့အတွက် ဒီနယ်ပယ်တွေနဲ့ပတ်သက်ရင် DeepSeek V3 ကို ရွေးချယ်သုံးစွဲဖို့ အကြံပြုချင်ပါတယ်။

image
23 ပတ် - ဘာသာပြန်ပါ။

One မှာ ဒုတိယအကြိမ် ရှုံးပွဲနှင့် ကြုံခဲ့ရတဲ့ ရိုးရာ လက်ဝှေ့ကျော် သန့်ဇင်

ယနေ့ ဇန်နဝါရီ (၂၄) ရက် ညပိုင်းမှာ One Championship က စီစဉ်ကျင်းပသည့် One -170 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ သန့်ဇင်သည် ပြိုင်ဘက် မွေထိုင်းဖိုက်တာအား ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

One - 170 ၏ ဒုတိယမြောက် တွဲဆိုင်းအနေဖြင့် မြန်မာဖိုက်တာသန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီယန်လက်တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်၏ ပထမအချီတွင် မြန်မာဖိုက်တာ သန့်ဇင်က ခြေကန်ချက်များ လက်သီးချက်များဖြင့် ပြိုင်ဘက်ကို အသာစီးဖြင့် ဖိအားပေးနိုင်ခဲ့သော်လည်း ဒုတိယအချီတွင် ပြိုင်ဘက်မွေထိုင်းဖိုက်တာက သန့်ဇင်အား အားပြင်းသည့်လက်သီးထိုးချက်များဖြင့် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ပြိုင်ဘက်၏ ထိုးချက်များကြောင့် အမှတ်စဉ် (၂)ကြိမ် အရေခံရပြီး နောက်တစ်ကြိမ် ထပ်အလဲတွင် ဒိုင်က ပြိုင်ဘက်အား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ယခုပွဲ အပါအဝင် One တွင် (၄)ပွဲကစားထားပြီး (၂)ပွဲနိုင် (၂)ပွဲရှုံးနိမ့်ထားသည်။

image
23 ပတ် - ဘာသာပြန်ပါ။

ပူတင်နှင့် ထရမ့်တို့အကြား ဖြစ်နိုင်ခြေရှိသော ညှိနှိုင်းဆွေးနွေးမှုများကို ကုလသမဂ္ဂ ထောက်ခံ

ကုလသမဂ္ဂသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဖြစ်နိုင်ခြေရှိသော ညှိနှိုင်းဆွေးနွေးမှုများကို ထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့သည် အမေရိကန်နှင့် ရုရှားဖက်ဒရေးရှင်းတို့အကြား ဆွေးနွေးမှုအားလုံးကို အားပေးပါသည်။ ၎င်းတို့ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ပါသည်" ဟု သူက ပြောကြားခဲ့သည်။
ယခင်နေ့က ထရမ့်က ပူတင်နှင့် ချက်ချင်းတွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် သူသည် မည်သည့်အချိန်တွင်မဆို ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်က မော်စကိုသည် ယူကရိန်းနှင့်ပတ်သက်သော သဘောတူညီချက်တစ်ခု လက်ခံရန်ကို ငြင်းဆိုပါက ရုရှားအပေါ် ပိုမိုတင်းကျပ်သော ဒဏ်ခတ်မှုများ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်မှ ပူတင်ကလည်း ရုရှားသည် ဝါရှင်တန်နှင့် ဆက်သွယ်မှုများကို မည်သည့်အခါကမျှမှ ရှောင်ရှားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ပူတင်နှင့် ထရမ့်တို့သည် ဇူလိုင် ၂၃၊ ၂၀၂၀ တွင် နောက်ဆုံးအကြိမ် ဖုန်းဖြင့် စကားပြောခဲ့ကြသည်။

image

ထိုင်းဖိုက်တာကို အမှတ်နဲ့ ရှုံးတဲ့အပေါ် စိုးလင်းဦး တုံ့ပြန်ချက်

23 ပတ် - ဘာသာပြန်ပါ။

#လိုအပ်လျှင်save
အုန်းနို့ခေါက်ဆွဲချက်နည်း .........

အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ

ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
အုန်းနို့နှစ် – ၁၆၀ ဂရမ်
ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
ဆား – စားပွဲတင်ဇွန်း တဝက်
ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲကပ်ကြော် – ၁၀ခု
မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
-------------------------------------------
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
-------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။

၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၄။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။

၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

credit_to_owner_with_respect

image