ရပ်ထားတဲ့ (၆)ဘီးကားကို မီနီအိုးဝေ ဝင်တိုက် (၂) ဦး ဒဏ်ရာရ

နိုဝင်ဘာ ၈

ရပ်ထားတဲ့ (၆)ဘီးကားကို မီနီအိုးဝေက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ နိုဝင်ဘာ (၇) ရက်နေ့ ည (၁၁)နာရီ ခွဲလောက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ တာဂွ ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီနီအိုးဝေဟာ အရှိန်မထိန်းနိုင်ပဲ (၆)ဘီးကားရဲ့ ဖင်နောက်ပိုင်းကို ဝင်တိုက်မိပြီး မီနီအိုးဝေယာဉ်မောင်းနဲ့လိုက်ပါ လာသူ တို့ (၂) ဦး ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မီးသတ်စခန်းကနေ သိရပါတယ်။

ယာဉ်တိုက်မှုကို မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အသင်းဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ပြီး ပရဟိတ အသင်းတွေက ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကို မြို့နယ် ပြည်သူ့ ‌ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage

PAOK နဲ့ ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ အာမတ်ကို နစ္စတယ်ရွိုင်း ချီးကျူး

နိုဝင်ဘာ ၈၊ အားကစား။

PAOK အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုး စလုံးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား အာမတ်ကို ယာယီနည်းပြ နစ္စတယ်ရွိုင်းက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

နစ္စတယ်ရွိုင်းက “အာမတ်ဟာ သွင်းဂိုးတွေနဲ့ ဒီပွဲမှာ ခြားနားမှုဖြစ်အောင်လုပ်ခဲ့သလို အလွန်ထက်မြက်ပါတယ်။ သူ့အတွက် အလွန်ကောင်းမွန်တဲ့ပွဲပါ။ ကျနော်တို့ဟာ ဒီပွဲမှာ ပထမပိုင်းမကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပိုပြီးကောင်းမွန်ခဲ့ပါတယ်။ အာမတ်ဟာ လေ့ကျင့်ရေးကွင်းမှာ မယုံနိုင်လောက်အောင် လုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး အမြဲတမ်းကောင်းမွန်စွာလေ့ကျင့်နေပါတယ်။ ဒါ့အပြင် သူဟာ ဒီထက်ပိုပြီးလုပ်ဆောင်ဖို့ တောင်းဆိုနေတာပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ PAOK အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲစလုံးသရေကျခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲ ကြောင့် ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်ရရှိထားတာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့တဲ့ အာမတ်ဟာ PAOK အသင်းနဲ့ပွဲမတိုင်ခင် ပွဲထွက်လူစာရင်းနဲ့ ဝေးကွာနေခဲ့ပြီး လူစားဝင် ကစား သမားအဖြစ်သာ ပါဝင်နေရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အာမတ်ဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

အာမတ်ဟာ ဒီပွဲမှာ ဒဏ်ရာရရှိခဲ့ပေမယ့် ဒီတစ်ပတ်ကစားမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ယာယီနည်းပြ နစ္စတယ်ရွိုင်းက မျှော်လင့်နေတာပါ။

နစ္စတယ်ရွိုင်းဟာ ယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ထားပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင် ထားပါတယ်။

ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လာမယ့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကို ယာယီနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာပါ။

ယူနိုက်တက်ကစားသမားတွေဟာ နစ္စတယ်ရွိုင်းကို အသင်းမှာ ဆက်ပြီးရှိစေချင်နေပေမယ့် နည်းပြသစ် အာမိုရင်ရောက်ရှိလာပြီးရင်တော့ နစ္စတယ်ရွိုင်းဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

Source:Goa

Credit - Central News Independece

#သတင်းဟင်းလေးအိုးကြီး

image

ထရမ့် အာဏာပြန်ရလာမှုကို တရုတ်ပို့ကုန်လုပ်ငန်းရှင်များ စိုးရိမ်

နိုဝင်ဘာ ၈၊ နိုင်ငံတကာ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် အာဏာရလာမှုအပေါ် တရုတ်၏ ပို့ကုန်လုပ်ငန်းရှင်အများစုက စိုးရိမ်နေကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ယခင်ကတည်းက ရုန်းကန်နေရသည့် စီးပွားရေး အခက်အခဲအတွက် မရေရာမှုများ ပိုမိုဖြစ်စေမည်ကို တရုတ်ပို့ ကုန်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

Alexander Wang နှင့် Phillip Lim တို့ကဲ့သို့ နာမည်ကြီး အမေရိကန် အမှတ်တံဆိပ်များအတွက် လက်ကိုင်အိတ် များ တင်ပို့ပေးနေရသည့် Changshu Maydiang Leather Goods ကုမ္ပဏီ၏ မန်နေဂျာတစ်ဦးဖြစ်သူ ကက်သရင်း ယန် (Katherine Yan) က သူသည် ထရမ့် အနိုင်ရရှိမှုအပေါ် မအံ့သြကြောင်း ပြောကြားခဲ့သည်။

သို့သော် တရုတ်၏ ပို့ကုန်များအပေါ် အခွန်များတိုးမြှင့် ကောက်ခံမည်ဆိုသည့် ထရမ့်၏ အစီအစဉ်များကြောင့် ၎င်း၏ စီးပွားရေးလုပ်ငန်းအတွက် အခက်အခဲများ ဖြစ်လာလိမ့်မည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

"ကျမတို့က မတိုးသာ၊ မဆုတ်သာ အခြေအနေမှာ ပိတ်မိနေတာပါ။ အခွန်တိုးကောက်တဲ့အပေါ် လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး"ဟု ယန်က ပြောကြားခဲ့သည်။

အမေရိကန်ဖောက်သည်များက အော်ဒါများ လျှော့ချ မှာယူနေသဖြင့် သူ့ကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် ရောင်းအားသည် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထရမ့် အစိုးရလက်ထက်တွင်လည်း နောက်ထပ် ရောင်းအားကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးများ လုပ်ကိုင်နေသည့် တရုတ်စီးပွားရေး လုပ်ငန်းအများစုသည် အမေရိကန် သမ္မတရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။

ထိုတရုတ် စီးပွားရေးလုပ်ငန်းရှင်များက တရုတ်နိုင်ငံမှ တင်ပို့ရောင်းချသည့် ကုန်စည်များအပေါ် ထရမ့်က အခွန်များတိုးမြှင့် ကောက်ခံမည့်အရေးကို စိုးရိမ်နေကြသည်။

ထရမ့်ကမူ အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၆၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ မည်ဟု ပြောကြားထားသည်။

ထရမ့်၏ ပထမသက်တမ်းကလည်း ဒေါ်လာ ၃၅၀ ဘီလျံ တန်ကြေးရှိသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။

Source: Nikkei Asia

ပုံ - တရုတ်ကုန်သင်္ဘောကို ထရမ့်က ကြည့်နေစဥ်

#centralnewsnaypyitaw

image
24 w - Translate

မိုးအေးအေးလေးမှာ ....

ဘယ်သူနဲ့ Food Date ချင်ဆုံးလဲ ....?

image

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့မြန်မာ၃၀ ကျော်ဖမ်းဆီးခံရ

နိုဝင်ဘာ ၈၊ ရန်ကုန်။

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့ မြန်မာတွေအများစု နေထိုင်နေတဲ့ ဘူကစ်ဘင်တန်ဆိုတဲ့ နေရာက တိုက်ခန်းတခုကို မလေးရှားအာဏာပိုင်တွေက နိုဝင်ဘာလ ၆ ရက်နေ့၊ အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ လူ ၇၀ လောက် ဖမ်းဆီးခံရပြီး ဒီထဲမှာ မြန်မာ ၃၀ ကျော် ပါဝင်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ နိုဝင်ဘာလ ၆ ရက်နေ့က အင်အား ၅၀ လောက်နဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ကွာလမ်လာပူမြို့၊ မြန်မာတွေ အများစုနေထိုင်နေတဲ့ ဘူကစ်ဘင်တန် ဆိုတဲ့နေရာက တိုက်ခန်းတခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာ ၃၀ လောက်အဖမ်းခံရတယ်လို့ မြန်မာအရေးလှုပ်ရှားသူ ဦးစိုးထက်သိမ်းက ပြောပါတယ်။

" မြန်မာ အယောက် ၃၀ လောက်ပါသွားပါတယ် စုစုပေါင်းတော့ ဖမ်းခံရသူ ၇၀ ကျော်လောက် ရှိပါတယ်၊ ဘူကစ်ဘင်တန်ဆိုတော့ မြို့လည်ခေါင်မှာဆိုတော့ အဲဒီနေရာမှာ ယူအန်ကဒ် ကိုင်သူတွေကော အထောက်အထားမဲ့တွေကော ပတ်စပို့ ကိုင်တဲ့သူတွေကော အလွှာစုံ လူစုံ နေထိုင်ကြပါတယ်။ "

စစ်ဆေးခံရသူ ၁၅၀ လောက်ရှိပြီး ဒီထဲကမှ အထောက်အထား မရှိသူ မြန်မာ ၃၀ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ထိုင်းနဲ့ ပါကစ္စတန်မှ တဦးစီ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်ဆီးခံရသူတွေကိုတော့ မလေးရှား−လ၀က ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်သွားမှာဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးရင်မြန်မာပြည်ကို ပြန်လွှဲပြောင်းလေ့ ရှိတယ်လို့လည်း ပြောပြပါတယ်။

" နီးစပ်ရာ လ၀က အကျဉ်းထောင်တွေပို့ပါတယ်။ ရဲစခန်းပို့မယ် ရဲစခန်းကနေ လ၀က ထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီကနေ တရားရုံးတင်တယ် တခါတလေမှာလည်း လ၀က ထိန်းသိမ်းရေးစခန်းထဲက တရားရုံးမှာပဲတရားစီရင်တာ ရှိတယ်။ အဲဒီကနေတဆင့် UNHCR က အာမခံပေးရင် လွှတ်တာမျိုးလည်းရှိတယ်။ များသောအားဖြင့် UNHCR က အာမခံပေးလို့ မရအောင် မလေးရှားအစိုးရက ကန့်သတ်ထားတာတွေရှိတော့ အခုဆိုရင် ထောင်ဒဏ် ၃ လလောက် ကျပြီးရင်တော့ မြန်မာပြည်ကို ပြန်ပို့တာပေါ့နော်။ "

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာတွေ အများအပြားရှိပြီး ဒီရက်ပိုင်းမှာပဲ မလေးရှားလ၀ကရဲ့ အော်ပရာစီစစ်ဆင်ရေးတွေက ဂျိုဟိုး အီပို့ ပီနန်း စတဲ့နေရာတွေမှာလည်း ဒီအပတ်အတွင်း အဖမ်းအဆီးတွေ ရှိနေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

Source - VOA

#centralnewsnaypyitaw

image
24 w - Translate

ကိုကို နှင့် သူ၏သဲတုန်

image

မော်လမြိုင်ဆီဆိုင်မီးလောင်မှု ၁ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

နိုဝင်ဘာ ၈၊ ရန်ကုန်။

မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ မှာရှိတဲ့ မင်းသန့် စက်သုံးဆီဆိုင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူ ၁ ဦးသေဆုံးပြီး လူ ၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်း ၆ နာရီ ၂၀ လောက်က စက်သုံးဆီတင်လာတဲ့ ဆီကားကနေ ဆီသိုလှောင်ကန်ထဲကို ဆီထည့်ရာကနေ မီးစလောင်ခဲ့ပြီး မီးငြှိမ်းသတ်ချိန်မှာ ထပ်မံပေါက်ကွဲမှု ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။

“ဒဏ်ရာရထားတဲ့ ဆီတွဲကား ယာဥ်မောင်းက မနက် ၅ နာရီမှာ ဆုံးသွားတယ်။ ဆိုင်ပိုင်ရှင် ၁ ဦးနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်” လို့ မီးငြှိမ်း သတ်ရာမှာ ပါဝင်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရခဲ့သူတွေထဲမှာ မီးသတ်တပ်ဖွဲ့ဝင် (၉) ဦး၊ ဆီဆိုင်ပိုင်ရှင် ၁ ဦးနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦး ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာရသူတွေကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေတယ်လို့လည်း မြို့ခံ လူမှုကူညီရေးအသင်းတွေ ပြောပါတယ်။

မင်းသန့် စက်သုံးဆီဆိုင် မီးလောင်မှုကို ၂ နာရီကျော်ကြအောင် မီးငြိမ်းသတ်ခဲ့ရတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
image
image

ယိုးဒယားဝက်သားချဉ်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°

ယိုးဒယားဝက်သားချဉ်..........၂ ချောင်း
ကြက်သွန်နီ.......................၁ လုံး
ကြက်သွန်ဖြူ ......................၃ တက်
ခရမ်းချဉ်သီး........................၂ လုံး
ငရုတ်သီးစိမ်း......................၅ တောင့်
ကြက်သွန်မြိတ်+နံနံပင်..........၅ပင်

ဝက်သားချဉ်ကိုအလယ်မှနှစ်ပိုင်းပိုင်းပြီးပလပ်စတစ်အိတ်ခွံကိုဆွဲခွာပါ။

မိမိလိုချင်သလောက်အထူအပါးကိုချိန်ဆပြီးညီအောင်ပါးပါးလှီးပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ခရမ်းချဉ်သီးတွေကိုလည်းပါးပါးလှီးပါ။

ငရုတ်သီးစိမ်း ကိုထက်ခြမ်းခွဲလှီးပြီး နံနံပင်+ကြက်သွန်မြိတ်ကိုလက်တစ်ဆစ်ခန့်လှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး
ကြက်သွန်နီ၊ ဖြူ တို့ကိုဆီသတ်ပါ။

အနည်းငယ်မွှေးပြီးနွမ်းလာလျှင်ခရမ်းချဉ်သီးထည့်ကြော်ပါ။

ခရမ်ချဉ်သီးအိလာလျှင်ပါးပါးလှီးထားတဲ့ဝက်သားချဉ်တွေထည့်ပါ။

ငါးငံပြာရည်၊ခရုဆီ၊သကြား၊ ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ငရုတ်သီးခွဲခြမ်းလှီးထားတာတွေထည့်ကြော်ပါ။

‌နောက်ဆုံးမှာကြက်သွန်မြတ်နှင့်နံနံပင်လေးထည့်ပြီးမွှေပေးပါ။

image
24 w - Translate

***ချစ်ခြင်း/မုန်းခြင်း/ကံတရား***

🍁ရွေးချယ်ခြင်းတွေ အများကြီးရှိတယ်

🍁လိုချင်တာတွေလဲ အများကြီးရှိတယ်

🍁ရည်မှန်းချက်ကတော့ ငါ့မှာမရှိတော့ဘူး
(မဖြစ်နိုင်တော့လို့)

🍁မနေ့၊တနေ့ ဆိုတာက မရနိုင်တော့ဘူး (ငါ့အတွက်)

🍁မနက်ဖြန်၊တဘက်ခါ ဆိုတာကတော့ အများကြီးကျန်နေသေးတယ် (ငါသိဖို့)

🍁မလိုချင်တဲ့ဘဝကိုရှေ့ဆက်လျှောက်နေတာ (ငါ့အမှား)

🍁ကြင်နာရတဲ့သူ မဟုတ်ရင်တောင် နာကျင်ရတဲ့သူ မဖြစ်ချင်တော့ဘူး (နင်သိဖို့)

#cayeforever??

🍁🍁

image
24 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၈ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၉၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၂၀၇၁၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၅၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၉၀ ကျပ်
ဝယ်ဈေး - ၄၇၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၅ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၅ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၀ ကျပ်
ဝယ်ဈေး - ၂၈.၈၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၃၃ ကျပ်
ဝယ်ဈေး - ၅၁.၉၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၀ ကျပ်
ဝယ်ဈေး - ၃.၂၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၉၀ ကျပ်
ဝယ်ဈေး - ၅၇၃၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၀ ကျပ်
ဝယ်ဈေး - ၂၉၄၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၇၀ ကျပ်
ဝယ်ဈေး - ၃၁၈၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၄ ကျပ်
ဝယ်ဈေး - ၅၆၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၅ ကျပ်
ဝယ်ဈေး - ၁၂၀၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image