.#ဗောဓိသုံးမျိုး
➖➖➖➖➖➖➖➖
#ဗောဓိဆိုတာသစ္စာလေးပါးကိုထိုးထွင်းပြီးသိတာမြင်တာကိုဗောဓိလို့ခေါ်တယ်။
🔛ဗောဓိသည်___
#သမ္မာသမ္ဗုဒ္ဓ ဗောဓိ၊
#ပစ္စေက ဗောဓိ၊
#သာဝက ဗောဓိ၊
🔛သာဝကတွင်__
#အဂ္ဂ သာဝက၊
#မဟာ သာဝက၊
#ပကတိ သာဝက ရယ်ဟု
အသီးသီး ရှိကြပါတယ်၊
🔛#ဧတဒဂ် ရာထူးဌာနန္တရတို့တွင်လည်း
အသီးသီး ကိုယ်အလိုရှိရာ
နှစ်သက်သော ဧတဒဂ် ရာထူးဌာန္တရနှင့်
ပြည့်စုံရပါလို၏ဟု ဆုယူ
ဆုတောင်းကြရတယ်၊
🔛ထို့သို့ တောင်းတသည့်အတိုင်း
ပြီးစီးအောင်မြင်၍ နိဗ္ဗာန်သို့
စံဝင်ကြွသွားတော်မူကြသော
သူတော်ကောင်း အစားစားတို့သည်
လည်း ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင်
များပြားလှပါတယ်ဗျ၊၊
🔛ဘာကြောင့်မို့ ဤကဲ့သို့
စိတ်နှလုံးအလို တောင့်တတဲ့အတိုင်း
ပြီးနိုင်ပါသတုံးဆိုတော့......
#အခါကောင်းလို့၊
#ဘဝကောင်းလို့၊
#ဝီရိယကောင်းလို့၊ ဤကဲ့သို့
တောင့်တချက်တွေဟာ
အသီးသီး ပြီးသွားကြတယ်။
🔛ဘုရားပွင့်တော်မူတဲ့အခါ___
ဘုရားသာသနာ ရှိတဲ့အခါမှာ___
#အခါကောင်း မည်တယ်။
🔛လူ့ဘဝ
နတ်ဘဝ
သုဂတိဘဝကို ရကြမှုသည်
#ဘဝကောင်း မည်တယ်။
🔛လိုအပ်တဲ့
နှစ်သက်တဲ့
ဗောဓိမှန်းထားချက်
အသီးသီးဟာ ရှိကြပါတယ်၊။
🔛ဤကဲ့သို့ နှစ်သက်တဲ့ မှန်းထားပြီးသား
စည်ရွယ်ပြီးသား ဗောဓိတို့ကို
ပြီးမြောက်အောင် ရှေးအရှင်
သူတော်ကောင်းများ၏ ဝီရိယကဲ့သို့
မှီအောင် ညီအောင် ဖြည့်ကျင့်မှုကို
#ဝီရိယ ခေါ်တယ်။
🔛ဒီတော့....
#အခါကောင်းတာ #ဘဝကောင်းတာ
သိပြီးတော့ ကိုယ်လိုချင်တဲ့ #ဗောဓိ ကို
ပြီးအောင် #ဝီရိယထူထောင်မှု ဟာ
အဲ့ဒါ #ဝီရိယကောင်း မည်ပါတယ်။
🔛ဒီတော့....
#အခါကောင်း
#ဘဝကောင်း လို့
#ဝီရိယကောင်းကြမယ် ဆိုတော့
အကုန်လုံး နှစ်သက်ဖြစ်တဲ့
အသီးသီးတို့ဟာ
အကုန်လုံး ပြီးစီးကြရော။
Ashin Sandar Thiri
ပု သိမ် တော ရ
