15 နာရီ - ဘာသာပြန်ပါ။

.​#ဗောဓိသုံးမျိုး
➖➖➖➖➖➖➖➖
#ဗောဓိဆိုတာသစ္စာလေးပါးကိုထိုးထွင်းပြီးသိတာမြင်တာကိုဗောဓိလို့ခေါ်တယ်။
🔛​ဗောဓိသည်___
#သမ္မာသမ္ဗုဒ္ဓ ​ဗောဓိ၊
#ပစ္စေက ​ဗောဓိ၊
#သာဝက ​ဗောဓိ၊
🔛သာဝကတွင်__
#အဂ္ဂ သာဝက၊
#မဟာ သာဝက၊
#ပကတိ သာဝက ရယ်ဟု
အသီးသီး ရှိကြပါတယ်၊
🔛#ဧတဒဂ် ရာထူးဌာနန္တရတို့တွင်လည်း
အသီးသီး ကိုယ်အလိုရှိရာ
နှစ်သက်​သော ဧတဒဂ် ရာထူးဌာန္တရနှင့်
ပြည့်စုံရပါလို၏ဟု ဆုယူ
ဆု​တောင်းကြ​ရတယ်၊
🔛ထို့သို့ ​တောင်းတသည့်အတိုင်း
ပြီးစီး​အောင်မြင်၍ နိဗ္ဗာန်သို့
စံဝင်ကြွသွား​တော်မူကြ​သော
သူ​တော်​ကောင်း အစားစားတို့သည်
လည်း ​ရေတွက်ခြင်းငှာ မစွမ်းနိုင်​​အောင်
များပြားလှပါတယ်ဗျ၊၊
🔛ဘာ​ကြောင့်မို့ ဤကဲ့သို့
စိတ်နှလုံးအလို ​တောင့်တတဲ့အတိုင်း
ပြီးနိုင်ပါသတုံးဆို​တော့......
#အခါ​ကောင်းလို့၊
#ဘဝ​ကောင်းလို့၊
#ဝီရိယ​ကောင်းလို့၊ ဤကဲ့သို့ ​
တောင့်တချက်​တွေဟာ
အသီးသီး ပြီးသွားကြတယ်။
🔛ဘုရားပွင့်​တော်မူတဲ့အခါ___
ဘုရားသာသနာ ရှိတဲ့အခါမှာ___
#အခါကောင်း မည်တယ်။
🔛လူ့ဘဝ
နတ်ဘဝ
သုဂတိဘဝကို ရကြမှုသည်
#ဘဝကောင်း မည်တယ်။
🔛လိုအပ်တဲ့
နှစ်သက်တဲ့
​ဗောဓိမှန်းထားချက်
အသီးသီးဟာ ရှိကြပါတယ်၊။
🔛ဤကဲ့သို့ နှစ်သက်တဲ့ မှန်းထားပြီးသား
စည်ရွယ်ပြီးသား ​ဗောဓိတို့ကို
ပြီး​မြောက်အောင် ​ရှေးအရှင်
သူ​တော်​ကောင်းများ၏ ဝီရိယကဲ့သို့
မှီ​အောင် ညီ​အောင် ဖြည့်ကျင့်မှုကို
#ဝီရိယ ​ခေါ်တယ်။
🔛ဒီ​တော့....
#အခါကောင်းတာ #ဘဝကောင်းတာ
သိပြီး​တော့ ကိုယ်လိုချင်တဲ့ #ဗောဓိ ကို
ပြီး​အောင် #ဝီရိယထူထောင်မှု ဟာ
အဲ့ဒါ #ဝီရိယကောင်း မည်ပါတယ်။
🔛ဒီ​တော့....
#အခါကောင်း
#ဘဝကောင်း လို့
#ဝီရိယကောင်းကြမယ် ဆို​တော့
အကုန်လုံး နှစ်သက်ဖြစ်တဲ့
အသီးသီးတို့ဟာ
အကုန်လုံး ပြီးစီးကြ​ရော။
Ashin Sandar Thiri
ပု သိမ် ​တော ရ

image