9 ပတ် - ဘာသာပြန်ပါ။

ပိုလန်နှင့် နယ်သာလန် ဝန်ကြီးချုပ်များမိန့်ခွန်း​ပြောစဥ် မီးခိုးဗုံးပစ်​ပေါက်ခံရ

နာဇီအုပ်စိုးမှု​အောက်မှ နယ်သာလန်လွတ်မြောက်သည့်နှစ်ပတ်လည်အခမ်းအနားတွင် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်ဒ် တပ်စ် နှင့် နယ်သာလန်ဝန်ကြီးချုပ် ဒစ်ခ် စချုဖ်တိုမိန့်ခွန်း​ပြော​နေစဥ် မီးခိုးဗုံးဖြင့်ပစ်​ပေါက်ခံရ​ကြောင်းသိရသည်။

ဖြစ်စဉ်အပြီး လုံခြုံရေးတပ်ဖွဲများကပိုလန်ဝန်ကြီးချုပ်အား စင်မြင့်မှ အမြန်ခေါ်ထုတ်သွားသည်။ RMF24သတင်းဌာန ကဤဖြစ်ရပ်မစမီနယ်သာလန်ကာကွယ်ရေးဝန်ကြီး ၏ မိန့်ခွန်းအပြီးတွင် ပရိသတ်ထဲမှ ပါလက်စတိုင်းထောက်ခံသူများ၏ ကြွေးကြော်သံများထွက်​ပေါ်ခဲ့သည်ဟု​ပြောသည်။ဤဖြစ်ရပ်အတွက် လူများစွာထိန်းသိမ်းခံရ​ကြောင်းလည်းသတင်းရရှိသည်။

NOM

image