နိုဝင်ဘာလ၂၄ရက်နိုင်ငံတကာသတင်းတိုများ
၁။ရုရှားကဓါတ်ငွေ့တင်ပိုမှုလျော့ချလိုက်သဖြင့်ဥရောပတွင်ဓါတ်ငွေ့၄၅% စျေးတက်သွားသည်။
၂။စလိုဗက်ဝန်ကြီးချုပ်ဖီကိုကအမေရိကန်ဒီမိုကရက်တစ်အစိုးရသည်သက်တမ်းကုန်ကာနီးတွင်နောက်တက်မည့်သမ္မတသစ်ဒေါ်နယ်ထရမ့်ကိုဒုက္ခပေးလိုစိတ်ဖြင့်ယူကရိန်းစစ်မီးကိုပိုတောက်လောင်အောင်လုပ်ခြင်းဖြစ်ကြောင်းပြောလိုက်သည်။
၃။အနောက်နိုင်ငံများကလေယာဥ်ပစ္စည်းများရောင်းချခြင်းကိုပိတ်ပင်ထားသည့်အတွက်ရုရှားသည်အင်ဂျင်မှအစပြည်တွင်းဖြစ်များဖြင့်တည်ဆောက်ထားသည့်ယာကိုလက်ဗ်MC-21နှင့်ဆူခွိင်းဆူပါဂျက် 100အမျိုးအစားလေယာဥ်များဖြင့်၂၀၂၅ခုနှစ်ကစပြီးပြည်တွင်းခရီးစဥ်များပြေးဆွဲမည်ဟုကြေညာလိုက်သည်။(ဓါတ်ပုံ)
၄။အမေရိကန်အထက်လွှတ်တော်အမတ်လင်းဆေးဂရေဟမ်ကICC၏အစ္စရေးဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဟောင်းကိုဖမ်းဝရမ်းထုတ်ထားခြင်းကိုထောက်ခံသည့်မဟာမိတ်နိုင်ငံများ၏စီးပွားရေးကိုအမှုန့်ခြေပစ်မည်ဟုခြိမ်းခြောက်လိုက်သည်။
၅။ဂျာမနီသည်ယူကရိန်းကိုထောက်ပံ့ရန်ကတိပြုထားသည့်သံချပ်ကာယာဥ်စုစုပေါင်း၏၆.၅%သာထောက်ပံ့ခဲ့ကြောင်းဘိုင်းလ်ဒ်မဂ္ဂဇင်းကဖော်ပြလိုက်သည်။
NOM