8 w - Translate

နိုဝင်ဘာလ၂၄ရက်နိုင်ငံတကာသတင်းတိုများ

၁။ရုရှားကဓါတ်​ငွေ့တင်ပိုမှု​လျော့ချလိုက်သဖြင့်ဥ​ရောပတွင်ဓါတ်​ငွေ့​၄၅% ​စျေးတက်သွားသည်။

၂။စလိုဗက်ဝန်ကြီးချုပ်ဖီကိုကအ​မေရိကန်ဒီမိုကရက်တစ်အစိုးရသည်သက်တမ်းကုန်ကာနီးတွင်​နောက်တက်မည့်သမ္မတသစ်​ဒေါ်နယ်ထရမ့်ကိုဒုက္ခ​ပေးလိုစိတ်ဖြင့်ယူကရိန်းစစ်မီးကိုပို​တောက်​လောင်​အောင်လုပ်ခြင်းဖြစ်​ကြောင်း​ပြောလိုက်သည်။

၃။အ​နောက်နိုင်ငံများက​လေယာဥ်ပစ္စည်းများ​ရောင်းချခြင်းကိုပိတ်ပင်ထားသည့်အတွက်ရုရှားသည်အင်ဂျင်မှအစပြည်တွင်းဖြစ်များဖြင့်တည်​ဆောက်ထားသည့်ယာကိုလက်ဗ်MC-21နှင့်ဆူခွိင်းဆူပါဂျက် 100အမျိုးအစား​လေယာဥ်များဖြင့်၂၀၂၅ခုနှစ်ကစပြီးပြည်တွင်းခရီးစဥ်များ​ပြေးဆွဲမည်ဟု​ကြေညာလိုက်သည်။(ဓါတ်ပုံ)

၄။အ​မေရိကန်အထက်လွှတ်​တော်အမတ်လင်း​ဆေးဂ​ရေဟမ်ကICC၏အစ္စ​ရေးဝန်ကြီးချုပ်နှင့်ကာကွယ်​ရေးဝန်ကြီး​ဟောင်းကိုဖမ်းဝရမ်းထုတ်ထားခြင်းကို​ထောက်ခံသည့်မဟာမိတ်နိုင်ငံများ၏စီးပွား​ရေးကိုအမှုန့်​ခြေပစ်မည်ဟုခြိမ်း​ခြောက်လိုက်သည်။

၅။ဂျာမနီသည်ယူကရိန်းကို​ထောက်ပံ့ရန်ကတိပြုထားသည့်သံချပ်ကာယာဥ်စုစု​ပေါင်း၏၆.၅%သာ​ထောက်ပံ့ခဲ့​ကြောင်းဘိုင်းလ်ဒ်မဂ္ဂဇင်းက​ဖော်ပြလိုက်သည်။

NOM