20 w - Translate

သူငယ်ချင်းနဲ့ပြတ်တာက ရည်းစားနဲ့ပြတ်တာထက် အဆပေါင်းများစွာခံစားရတယ်

ကိုယ်နဲ့သွားအတူ ၊ လာအတူ ၊ စားအတူနေခဲ့တဲ့သူငယ်ချင်း ။ မနေ့တစ်နေ့ကထိစကားတွေပြောဖြစ်ကြပေမယ့် ဒီနေ့တော့သူစိမ်းတွေလိုပဲ။ မနက်ဖြန်ရောက်ရင် ရန်သူတွေလိုဖြစ်သွားတော့မယ်လို့ခံစားရတဲ့ခံစားချက် ၊ ကိုယ်နဲ့အနီးစပ်ဆုံးလူတစ်ယောက်ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ခံစားချက်က အသဲကွဲတာထက်ပိုနာကျင်ရတယ်။ အသဲကွဲနေခဲ့တဲ့အချိန်တုန်းက ကိုယ့်နားမှာတဖွဖွနဲ့အားပေးစကားတွေ ပြောခဲ့တဲ့သူငယ်ချင်း ၊ ကိုယ့်မျက်ရည်တွေကိုသုတ်ပေးပြီး ပျော်စရာတွေကြံဖန်ပြော ၊ စိတ်ပြန်ကြည်လာအောင်လုပ်ပေးတဲ့သူငယ်ချင်း သူမရှိတော့တဲ့အခါ ဘယ်သူကအားပေးစကားလာပြောပေးမှာလဲ ၊ သူမရှိတော့ရင်ဘယ်သူကမျက်ရည်လာသုတ်ပေးမှာလဲဆိုတဲ့အသိတွေက အသဲကွဲတာထက်ဆယ်ဆနာကျင်ရတယ်။ အသဲကွဲတာက ကုစားလို့ရတယ် ၊ အစားထိုးလို့ရတယ်..ဒါပေမယ့် သူငယ်ချင်းက ဘယ်တော့မှပြန်အစားထိုးလို့မရဘူး။

(၁) သူငယ်ချင်းထားတယ်ဆိုတာက အချိန်တန်ရင်ပြတ်မယ်ဆိုတဲ့ စိတ်ကူးအစကတည်းကမရှိဘူး

အချစ်ရေးတစ်ခုကိုစတင်တဲ့အခါတွေမှာ ၊ လူတစ်ယောက်နဲ့စတွဲတဲ့အခါမှာ မသိစိတ်ထဲမှာရောသိစိတ်မှာပါ အမြဲတွေးမိနေတာက တကယ်လို့အဆင်မပြေခဲ့ရင် အချိန်တန်ရင်ပြတ်မှာပဲ ၊ တကယ်လို့အဆင်မပြေခဲ့ရင် အချိန်တန်ရင်အသဲကွဲမယ် ၊ ပြီးရင်ပြီးသွားမယ်ဆိုတာပါ။ ဒါပေမယ့် သူငယ်ချင်းဆက်ဆံရေးကိုတည်ဆောက်တဲ့အခါ ဒီအတွေးတွေက အစရောအလယ်ရောအဆုံးမှာပါ မရှိပါဘူး။ သူငယ်ချင်းမို့လို့ မျက်လုံးစုံမှိတ်ပြီးတော့ချစ်တယ် ၊ ယုံကြည်တယ် ၊ သံသယတွေမဝင်ဖြစ်ဘူး။ ဒါကြောင့်မို့လို့ သူငယ်ချင်းဆက်ဆံရေးပြတ်ဆဲတဲ့အခါ အဆပေါင်းများစွာနာကျင်ခံစားရတာ။ ဘာလို့လဲဆိုတော့ ကိုယ်ပြတ်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့သူနဲ့ ပြတ်ဆဲလိုက်ရတာမို့လို့ပါ။

(၂) ကိုယ့်သူငယ်ချင်းကိုပဲ ကိုယ့်ရဲ့သရုပ်မှန်ကိုပြတာမို့လို့ပါ

ဘယ်သူမဆိုပါ ၊ ကိုယ့်ရဲ့မိဘကိုတောင် အရာအားလုံးလိုလိုမပြောပြဖြစ်ပေမယ့် ကိုယ့်သူငယ်ချင်းကို ဘယ်တော့မှမဖုံးကွယ်ထားဘူး။ ကိုယ်ဒီနေ့ဘာစားဖြစ်တယ်ကအစ ၊ ကိုယ်ဘာအောက်ခံဝတ်ထားတယ်အဆုံး ၊ ကိုယ့်ရဲ့အမှောင်ဆုံးလျှို့ဝှက်ချက်တွေအားလုံးပြောပြကြတယ်။ ကိုယ့်ရဲ့ရည်းစားကိုတောင် မပြောဖြစ်တဲ့အရာတွေ ၊ ရှက်လို့ဖုံးကွယ်ထားတာတွေ ၊ ကိုယ့်ရဲ့သရုပ်မှန်တွေအားလုံးကို ဘယ်သူ့ကိုမှမပြောပြရင်နေမယ် ၊ ကိုယ့်သူငယ်ချင်းကိုတော့ ဘယ်တော့မှမဖုံးကွယ်ကြဘူးလေ။ ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုအသိဆုံးသူမို့လို့ သူ့ကိုဆုံးရှုံးရရင် ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလောက်ဆုံးရုံှုးသွားသလိုပဲ သေလောက်အောင်ခံစားရတယ်။

(၃) အမှတ်တရတွေဆိုတာ သူငယ်ချင်းကိုဆုံးရှုံးရချိန်မှာ ပိုပြီးပျောက်ဆုံးကုန်တယ်

ချစ်သူတွေကြားမှာလည်း အမှတ်တရတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အမှတ်တရတွေဖန်တီးတဲ့အခါမှာ တဖြည်းဖြည်းနဲ့တစ်ယောက်စိတ်အခြေအနေကိုကြည့်ပြီး ဖန်တီးတာမို့လို့ အမှတ်တရတွေဖြစ်တဲ့အခိုက်အတန့်တွေက ကြာပြီးအရမ်းမများဘူး။ ဒါပေမယ့်သူငယ်ချင်းနဲ့ကြတော့ အမှတ်တရတွေကို အချိန်တိုင်းလိုလိုနေရာတိုင်းမှာ ဖန်တီးနေတာမို့လို့ ကိုယ့်သူငယ်ချင်းနဲ့ကိုယ့်ကြားက အမှတ်တရတွေက ကိုယ့်ရည်းစားနဲ့ကိုယ့်ကြားအမှတ်တရထက် ထပ်ကိန်းတွေပိုများပါတယ်။ သူငယ်ချင်းကိုဆုံးရှုံးလိုက်ရချိန်မှာ ဒီအမှတ်တရတွေအကုန်အမှုန့်ဖြစ်သွားတယ်လို့ ခံစားရတယ်။ ကိုယ့်ဘဝပုံပြင်စာအုပ်ရဲ့ထက်ဝက်လောက်ကို ဆုတ်ဖြဲလိုက်သလိုပဲ ခံစားရပါလိမ့်မယ်။

(၄) ရင်ဖွင့်စရာလူမရှိတော့တဲ့ အမှောင်ကမ္ဘာထဲကိုရောက်သွားတာ

သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့အတွေးတွေ ၊ ကိုယ့်ခံစားချက်တွေအားလုံးကိုနားထောင်ပေးတဲ့သူပါ။ ကိုယ့်ရည်းစားတောင် ကိုယ့်ရဲ့လေပွားတဲ့ဒဏ်ကိုအမြဲခံနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာခံစားချက်တွေကိုမြိုသိပ်ထားလို့ရတဲ့အမျိုးမဟုတ်ပါဘူး။ ခံစားချက်တွေကိုမြိုသိပ်ထားရင် နောက်ပိုင်းမှာပေါက်ကွဲပြီး စိတ်ကျကုန်မယ် ၊ လမ်းမှားကိုရောက်မယ် ၊ စိတ်ဒဏ်ရာရမယ် ၊ အဆိုးဆုံးပြောရရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေအထိဖြစ်သွားနိုင်တယ်။ ဒါတွေကိုမဖြစ်အောင်လုပ်ပေးနိုင်တာက သူငယ်ချင်းပါ။ ဒီလိုလူကိုသာဆုံးရှုံးလိုက်ရမယ်ဆိုရင် ဘယ်လိုရှင်သန်မလဲစဉ်းစားကြည့်ပါ။

ဒါကြောင့် သူငယ်ချင်းကိုဆုံးရှုံးတာက ရည်းစားကိုဆုံးရှုံးရတာထက် အဆထောင်သောင်းပေါင်းများစွာ ခံစားရတာပါ။ ဒါကြောင့် ကိုယ့်ရဲ့သူငယ်ချင်းကို ဘယ်သောအခါမှကိုယ့်ကိုမထားခဲ့ဘူးလို့ အတည်ယူထားပြီး အနိုင်ကျင့်တာ ၊ ဗိုလ်ကျတာတွေမလုပ်ပါနဲ့။ သူတို့ကိုဆုံးရှုံးတဲ့တစ်နေ့ ပိုပြီးခံစားရမှာမို့လို့ပါ။

image
20 w - Translate

A beautiful house, Faroe Islands 💚

image
20 w - Translate

လှပသော နှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း ကောင်းများ
၁။ ရေ အမြောက်အမြားသောက်ပါ။

၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။

၃။ လိုအပ်ချိန်တိုင်း ချေးချွတ်ပါ။

၄။ နှုတ်ခမ်းတွေကို ကာကွယ်ဖို့ မမေ့သင့်ပါဘူး။

၅။ ခြောက်တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုသင့်သလား။

၆။ သဘာဝအတိုင်း ပန်းရောင်သန်းတဲ့ နှုတ်ခမ်းရရှိဖို့ ဘာလုပ်သင့်ပါသလဲ။

image
20 w - Translate

၈ ရာစုက တည်ဆောက်ခဲ့တဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာ ရွှေရောင်အချိုး Golden Ratio (Phi)ကို ကိုက်ညီနေတာ တွေ့ရပါတယ်။ Kofuku-ji ဂျပန်ဘုရားကျောင်းရဲ့ ဖွဲ့စည်းပုံ အစိတ်အပိုင်းအားလုံးကို ရွှေရောင်အချိုးနဲ့ ကိုက်ညီအောင် အသေးစိတ် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာပါ။

ဂျပန်နိုင်ငံ နာရာမြို့မှာ တည်ရှိတဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းဟာ ၇၃၀ ပြည့်နှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ နာမည်အကျော်ကြားဆုံး ဗုဒ္ဓဘုရားကျောင်း တစ်ကျောင်းလည်းပါ။

image
20 w - Translate

၈ ရာစုက တည်ဆောက်ခဲ့တဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာ ရွှေရောင်အချိုး Golden Ratio (Phi)ကို ကိုက်ညီနေတာ တွေ့ရပါတယ်။ Kofuku-ji ဂျပန်ဘုရားကျောင်းရဲ့ ဖွဲ့စည်းပုံ အစိတ်အပိုင်းအားလုံးကို ရွှေရောင်အချိုးနဲ့ ကိုက်ညီအောင် အသေးစိတ် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာပါ။

ဂျပန်နိုင်ငံ နာရာမြို့မှာ တည်ရှိတဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းဟာ ၇၃၀ ပြည့်နှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ နာမည်အကျော်ကြားဆုံး ဗုဒ္ဓဘုရားကျောင်း တစ်ကျောင်းလည်းပါ။

image
20 w - Translate

၈ ရာစုက တည်ဆောက်ခဲ့တဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာ ရွှေရောင်အချိုး Golden Ratio (Phi)ကို ကိုက်ညီနေတာ တွေ့ရပါတယ်။ Kofuku-ji ဂျပန်ဘုရားကျောင်းရဲ့ ဖွဲ့စည်းပုံ အစိတ်အပိုင်းအားလုံးကို ရွှေရောင်အချိုးနဲ့ ကိုက်ညီအောင် အသေးစိတ် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာပါ။

ဂျပန်နိုင်ငံ နာရာမြို့မှာ တည်ရှိတဲ့ Yakushi-ji ဂျပန်ဘုရားကျောင်းဟာ ၇၃၀ ပြည့်နှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ နာမည်အကျော်ကြားဆုံး ဗုဒ္ဓဘုရားကျောင်း တစ်ကျောင်းလည်းပါ။

imageimage
20 w - Translate

ယနေ့ ရွှေဈေး (မေ - ၂၀ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၄၈ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၄၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
20 w - Translate

2023/24 ပရီးမီးယားလိဂ်ရာသီရဲ့ Assist အများဆုံး Play Maker of the season ဆုရ ဗီလာတိုက်စစ်မှူး အိုလီဝက်ဒ်ကင် 🟣

image
20 w - Translate

AI ရဲ့ Power က ဘယ်လောက်ထိကြီးလဲဆိုရင် “AI မှာ ဦးဆောင်နိုင်သူက ကမ္ဘာကြီးကို အုပ်စိုးမှာပဲ” လို့ ပူ+တင်က ပြောရတဲ့အထိပါပဲ။ လွန်ခဲ့တဲ့ ၇နှစ် (၂၀၁၇) တုန်းက ပူ+တင်ပြောခဲ့ဖူးတဲ့ စကားပါ။

ဆိုတော့ သူတို့တွေဟာ AI နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ အဲ့လိုပဲ မူဆယ်တစ်ဖက်ကမ်းကလည်း အခုနောက်ပိုင်းမှာ AI အပိုင်းကို အရင်တုန်းကထက်ပိုပြီး ရင်းနှီးမြှုပ်နှံလာပါတယ်။

AI ရဲ့ Godfather အဖြစ်နာမည်ကြီးတဲ့ ပရော်ဖက်ဆာ Geoffrey Hinton ကတော့ AI သုတေသနအပိုင်းမှာ အနောက်နိုင်ငံတွေဟာ သူတို့ထက် ရှေ့ရောက်ကောင်း ရောက်နေနိုင်တယ်လို့ ပြောပါတယ်။ မည်သို့ပင်ဆိုစေကာမူ အင်အားကြီးနိုင်ငံတွေကတော့ AI မှ AI ဖြစ်နေပါပြီ။ ဒါကြောင့် ကိုတင်ပြောသလိုပဲ AI မှာ ဦးဆောင်နိုင်သူက ကမ္ဘာကြီးကို အုပ်စိုးသွားပါလိမ့်မယ်။

Geoffrey Hinton ကတော့ AI ကို စစ်+ဘက်+ဆိုင်+ရာ အသုံးပြုခြင်းအတွက် ပိတ်ပင်တားမြစ်တာက ပိုကောင်းတဲ့ ဖြေရှင်းချက်ဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။

Ref: BBC, The Verge

image

coconut drink!