Chiang Mai

20 w - Translate

#ကြက်သားကင်နဲ့ဝက်သားကင် တွေကို
အနံ့လေးမွှေးပြီးအရသာလဲရှိနေအောင်
ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကို
မင်မင့်နည်းလေးမျှဝေပေးမယ်နော်
အချဉ်ဖျော်စပ်နည်းလေးလဲပါတယ်နော်
အခုမင်မင်မျှဝေပေးမှာကဝက်သား ၅၀ သား
ကြက်တစ်ပိဿာစာအချိုးစားအတွက်ပါလို့
ကြက်သားပဲဖြစ်ဖြစ် ဝက်သားပဲဖြစ်ဖြစ်
၁။ ဆန်အရက် - ရေသန့်ဖုံးသေး ၂ ဖုံး
၂။ တရုတ်မဆလာ - လဖက်ဇွန်း ၄ ဇွန်း
၃။ လျှာထုံမှုန့် - လဖက်ဇွန်း ဇွန်းတစ်ဝက်
၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း
ဂျင်း/ကြက်သွန်ဖြူထောင်းအရည်နဲ့
ဆား/ဟင်းချိုမှုန့်အနည်းငယ်တို့ပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးကိုရောနယ်ပြီးရင်
အဖုံးပါတဲ့ဗူးထဲလုံအောင်ပိတ် ရေခဲသေတ္တာထဲ
၁ ညလောက်နှပ်ထားပြီးမှကင်စားရင်တော့
ဆိုင်ကြီးတွေမှာကင်တဲ့အသားကင်မျိုးလေး
အနံ့မွှေးမွှေး အရသာရှိရှိစားရမှာဖြစ်ပါတယ်ေနာ်။
#ကင်တဲ့အခါမပြုတ်ပဲအစိမ်းတိုင်းပဲကင်ပါ။
ကြက်သားဆိုအရင့်ကိုမသုံးပါနဲ့နော်။
#ရှမ်းကြက်/အိမ်ကြက်/CP ကြက်နဲ့ကင်ပါ။
အချဥ်ရည်စပ်နည်း
ကြက်သွန်ဖြူ-ငရုတ်သီးနုတ်နုတ်စင်း
ပဲငံပြာရည်-ဆား-ဟင်းချိုမူန့်ထည့်
သံပုရာသီး-ရေသန့်အနည်းငယ်
ခပ်ပျစ်ပျစ်လေးဖျော်ပြီအသားကင်နဲ့ကအလိုက်ဖက်ဆုံးပါဘဲနော်..

image
20 w - Translate

လှပသော နှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း ကောင်းများ
၁။ ရေ အမြောက်အမြားသောက်ပါ။

၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။

၃။ လိုအပ်ချိန်တိုင်း ချေးချွတ်ပါ။

၄။ နှုတ်ခမ်းတွေကို ကာကွယ်ဖို့ မမေ့သင့်ပါဘူး။

၅။ ခြောက်တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုသင့်သလား။

၆။ သဘာဝအတိုင်း ပန်းရောင်သန်းတဲ့ နှုတ်ခမ်းရရှိဖို့ ဘာလုပ်သင့်ပါသလဲ။

image
20 w - Translate

သူ့အကြိုက်နဲ့သူ 😁

image
20 w - Translate

နင့်ဟာလဲ မစားပါဘူးနော် မာလားပျော့လား ကိုင်ကြည့်တာ 😋😋

image
20 w - Translate

မင်းကိုအဆုံးရှုံးမခံနိုင်ဘူးလို့ တဖွဖွငါပြောထားတယ်နော်...

မင်းကိုအရမ်းချစ်တာလို့လည်း တဖွဖွငါပြောထားတယ်နော်...

မင်းယုံကြည်ရတဲ့မိန်းကလေး
မင်းအပေါ်သစ္စာရှိတဲ့မိန်းကလေးဆိုတာလည်း
မင်းအသိဆုံးပဲနော်...

ငါ့အပေါ်သစ္စာရှိပေးဖို့နဲ့ ငါ့လက်ကို လွှတ်မချခဲ့ဖို့ကိုလည်း အကြိမ်ကြိမ်ငါပြောဖူးတယ်နော်...

အကယ်၍သာ မင်းငါ့ကို မညှာမတာချန်ရစ်ခဲ့မယ် - မင်းငါ့လက်ကို မညှာမတာလွှတ်ချခဲ့မယ်ဆိုရင်တော့

ဘယ်သောအခါမှ ငါ့ကိုပြန်လာမပက်သက်နဲ့
ဘယ်သောအခါမှ ငါ့ဆီ မင်းပြန်မလာနဲ့ ။

image
20 w - Translate

ဒီတစ်ခါ ငါ့ဘက်က စပြီး ရပ်လိုက်ဖို့ဆုံးဖြတ်ခဲ့တာမို့ ငါတို့ တကယ်ဝေးသွားခဲ့ပါပြီ။

ငါမင်းကို အများကြီးချစ်လို့ ၊ အများကြီး သည်းခံ ဖို့ ဆုံးဖြတ်ပြီး မင်းရဲ့လက်ကို ရအောင် ဆွဲထားခဲ့တာ။
ဒါပေမဲ့ မင်းက ငါ့အပေါ် လိုတာထက်ပိုပြီး အနိုင်ယူတယ်၊ လိုတာထက် ပိုပြီးတော့ တင်းခဲ့တယ်။

ငါလည်း လူပဲ ခံစားတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ၊ နာကျင်တတ်တယ်။

ဘယ်လောက်ပဲ ချစ်ချစ် ပေါင်းဖက်လို့ မရတဲ့ အခြေနေတွေ ဆိုတာ တကယ်ရှိတယ်။
မင်းကို အနားမှာခေါ်ပြီး စိတ်ဆင်းရဲမနေတော့ဘဲ ငါ့တစ်ယောက်ထဲနေပြီး နာကျင်ဖို့ ငါရွေးချယ်လိုက်တယ်။

ချစ်ပေးနေရတဲ့ ခံစားချက်ကို မင်းလည်း တနေ့ကြရင် သိလာမှာပါ အဲဒီအခါကြရင် မင်းချစ်ပေးနေတဲ့သူက အချစ်ခံတတ်တဲ့သူ ဖြစ်ပါစေလို့ ငါဆုတောင်းပေးခဲ့ပါတယ်....💞

image
20 w - Translate

My friend :ဘီယာခါးလို့မသောက်ဘူး
Me:

image
20 w - Translate

ဘီယာသောက်ရင် ရနိုင်မယ့် ကျန်းမာရေးကောင်းကျိုး

ဘီယာကြိုက်တဲ့ ရိုးရာလေးရဲ့ ပရိသတ်တွေရှိပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် အကြောင်းအရာ ကို အဆုံးထိ ဖတ်ဖို့လိုပါလိမ့်မယ်။

ကောင်းကျိုးတွေရှိတယ်လို့ ဖော်ပြထားတဲ့ ဒီစစ်တမ်းဟာဆိုရင် လူရှစ်သောင်းကို သုတေသနလုပ်ခဲ့တာဖြစ်ပြီး ရလဒ်တွေအရ ဘီယာသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပေးတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

(၁) ကျောက်ကပ် ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်
သုတေသနမှာပါဝင်တဲ့ ဆရာဝန်တွေအဆိုအရ နေ့စဉ် ဘီယာတစ်လုံးစီ ပုံမှန်သောက်တဲ့ လူလတ်ပိုင်းအရွယ် လူပေါင်း ၂၇၀၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပြီး ကျောက်ကပ်ကျောက်တည်နှုန်းကို ၄၀ ရာခိုင်နှုန်းထိ လျော့ချပေးတာကို တွေ့ရပါတယ်။

(၂) Heart attack ဖြစ်တာကို ကာကွယ်ပေးတယ်
ဘီယာသောက်တာက လူကို ဝစေနိုင်တယ်။ ကိုလက်စရောများတယ်လို့ ပြောကြတာတွေရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်မှာတော့ ဘီယာက Heart attack ဖြစ်ပွားနှုန်းကို နှစ်ဆ လျော့ချပေးတယ်လို့ ဆိုပါတယ်။

(၃) လေဖြတ်တာကို ကာကွယ်ပေးတယ်
ဟားဗတ် ဆေးကျောင်းနဲ American Stroke Association တို့ဟာ ပူးပေါင်းပြီး ဘီယာမသောက်တဲ့သူတွေနဲ့ သောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ လေဖြတ်တာကို လျော့ချပေးတယ်ဆိုတာလည်း တွေ့ရပါတယ်တဲ့။

(၄) အရိုးတွေကို သန်မာစေတယ်။
နွားနို့သောက်မှ အရိုးတွေ သန်မာစေတဲ့ ခေတ်မဟုတ်တော့ဘူး။ ဘီယာသောက်ပြီး အရိုးတွေကို သန်မာစေနိုင်ပါပြီ။ တစ်နေ့ကို ဘီယာ နှစ်ခွက်သောက်တဲ့သူတွေဟာ အရိုးရောဂါတွေ၊ အရိုးကျိုးတာတွေ ဖြစ်နိုင်ချေ လျော့နည်းပါတယ်။

(၅) ဆီးချိုရောဂါကို မဖြစ်အောင် ကာကွယ်တယ်
ဟားဗတ်ရဲ့ သုတေသနအဖွဲ့က တွေ့တာကတော့ ဘီယာသောက်တာဟာ ဆီးချိုရောဂါကိုတောင် ကာကွယ်ပေးတယ်တဲ့။ ဘီယာမှာ အမျှင်ဓာတ်ကြွယ်ဝတယ်။ သွေးထဲက သကြားပမာဏကို ထိန်းပေးတယ်။

(၆) ကင်ဆာနဲ့ အယ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်
အယ်လ်ဇိုင်မားဆိုတာကတော့ မှတ်ဥာဏ်တွေတဖြည်းဖြည်း ပျောက်ဆုံးကုန်တဲ့ ရောဂါပါ။ ကင်ဆာကတော့ ခုချိန်ထိတော့ အပျောက်ကုသနိုင်မယ့် ဆေးမရှိသေးပါဘူး။ သင့်တော်တဲ့ ပမာဏရှိတဲ့ ဘီယာကို သောက်သုံးရင်တော့ ဒီရောဂါတွေဖြစ်နှုန်းကို လျော့ကျစေမှာပါ။

ဘီယာသောက်လို့ ရမယ့် ကျန်းမာရေးကောင်းကျိုးတွေကိုဖတ်ပြီး ဘီယာကြိုက်တဲ့သူတွေ နှစ်ခြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံသောက်ရင်တော့ ဒီကောင်းကျိုးတွေရမယ့်အစား ရောဂါဖြစ်စေတဲ့ ဆိုးကျိုးတွေ ရမယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။

image
20 w - Translate

#ရွှေစျေး

Updated 9:36 AM

မဂ်လာပါ ခင်ဗျ။

ကမ္ဘာ့ရွှေစျေး 2,415.38 USD/Oz နဲနဲ ပြန်ကျ ပါတယ် မနေ့ ကထက်စာရင်

မြန်မာ့ရွှေစျေး 51 စွန်းစွန်း နေ့လည် ပါးပါး ကျမယ်လို့ခန့်မှန်းပါတယ်ခင်ဗျာ။

တပတ်စာ အတွက်တော့ ၅၀ အောက်ပြန်မရောက်နိုင်ပါဘူး ခင်ဗျာ၊
နေ့လည် ဖွင့်မယ်ဆိုရင် ၃သောင်း၊ ၄သောင်းလောက် ထိုးကျ လိမ့်မယ် ထင်ပါတယ်ခင်ဗျ။

#goldpricereview