Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတွေဟာ ဘယ်အချိန်ကျမှ
ရှင်သန်ခြင်းကို တန်ဖိုးထားတတ်လဲ။
☸️ဘယ်နေ့ကို ဘာလုပ်မယ်,
ဘယ်နေ့ကို ဘာလုပ်မယ်လို့
အလုပ်ကိစ္စတွေ , နေရေးတွေကိုချည်း
အမြဲ စဉ်းစားမနေသင့်ဘူး။
☸️"ဘယ်အချိန်မှာ ငါ့ခန္ဓာကိုယ်ဟာ
ဖောက်ပြန်ပြီးတော့ ထပြီးတော့
တစ်မျိုးတစ်မည် ဖြစ်မယ် မသိဘူး"လို့
သေရေးကိုလည်း စဉ်းစားရတယ်တဲ့
ဉာဏ်ပညာရှိတဲ့လူဆိုတာ။
ပရိသတ်ရေ အတိတ်မရှိ နိမိတ်မရှိလို့
မထင်ပါနဲ့နော်။
☸️သေခြင်းတရားကို စဉ်းစားရင်
အကုသိုလ်ကို ကြောက်ပြီးတော့
ကုသိုလ်ကို အားကိုးပြီးတော့ မြတ်နိူးပြီးတော့ လူကောင်း သူကောင်းတစ်ယောက်
သေချာပေါက် ဖြစ်နိုင်တယ်။
အင်မတန်လည်း အားတက်လာတယ်။
ဘယ်လိုနည်းနဲ့ အားတက်လာသလဲဆိုတော့
ဘဝကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
"ငါ ဘယ်အချိန် သေရမယ် မသိဘူး"။
မသေခင်လေးကို အင်မတန် တန်ဖိုးထားလာတယ်။
☸️အခု လူတွေက သေရတော့မယ်ဆိုတာက
မစဉ်းစားတော့ ဒီနေရတဲ့အချိန်ကို သိပ်ပြီးတော့ တန်ဖိုးမထားဘူး။ ဆိုကြပါစို့ အခုအချိန်မှာလေ ရောဂါ အကြီးအကျယ်စွဲပြီးတော့ အိမ်မှာရှိတဲ့ စည်းစိမ်တွေ အကုန် ကုန်မှ ဒီရောဂါပျောက်မယ်။
ဒါမှ သင်မသေမှာလို့ ဆိုလို့ရှိရင် စည်းစိမ်းတွေနဲ့လဲမှာနော်။ ဘာဖြစ်လို့လဲ ရှင်ချင်လို့,မသေချင်လို့။ ရှင်ခြင်းကို အဲသလောက် တန်ဖိုးထားတယ်နော်။
🪷အခု ရှင်နေပါတယ်။ ဘာမှ မဖြစ်ဘူး။
ကဲ ရှင်နေပါတယ်။ အခု ရှင်နေတဲ့အချိန်မှာ
ရှင်ခြင်းသဘောတရားကို တန်ဖိုးထားသလား။ လူတွေဟာ ဘယ်အချိန်ကျမှ ရှင်သန်ခြင်းကို တန်ဖိုးထားမှာလဲဆိုတော့ သေတော့မယ်ဆိုမှ ရှင်သန်ခြင်းကို တန်ဖိုးထားကြတာ။ အဲဒါ တော်တော် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စ။
☸️သေတော့မယ်ဆိုမှ စည်းစိမ်တွေ ကုန်ကုန်။ ဘာတွေဖြစ်ဖြစ် ငိုကြ ယိုကြ။
သေခြင်းတရားကို ရင်ဆိုင်ပြီးတော့
ရှင်သန်ခြင်းတရားကို ဆွဲဆန့်ချင်တယ် အဲဒီကျတော့မှ။
🪷အဲဒီကျတော့ ရသေးလား,မရတော့ဘူး။
သေခြင်းတရားကို စဉ်းစားလို့ရှိရင်
နေရတဲ့အချိန်လေးကို သိပ်ပြီးတော့ တန်ဖိုးထားတယ်။ တန်ဖိုးရှိအောင်လည်း ကြိုးစားတယ်။