ကား နဲ့ တူတဲ့ လျှပ်စစ် ကားပျံ
=================
အခုခေတ်မှာ ကားပျံတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ကားပျံတွေဟာ ကား ထက် လေယာဉ်နဲ့ ပိုတူကြပါတယ်။ အခုတော့ ကား နဲ့ တူတဲ့ လျှပ်စစ်ကားပျံကို Alef Aeronautics က တီထွင်လိုက်ပါတယ်။ ကားပျံကို Alef Model A လို့ အမည်ပေးထားပြီး မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက်အတက် အဆင်းလုပ်နိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပါတယ်။
ကားပျံကို အမေရိကန်မှာ ဒီလ ၁၉ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့ပါတယ်။ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ ကားလို မောင်းနိုင်သလို လေယာဉ်လို ပျံသန်းနိုင်ပါတယ်။ ကုမ္ပဏီက အားအပြည့်သွင်းထားရင် မိုင် ၂၀၀ မောင်းနှင်နိုင်ပြီး မိုင် ၁၁၀ ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။
ကား တစ်စီး အရွယ်အစားပဲ ရှိတဲ့အတွက် ကားလမ်းမှာ မောင်းရင် အဆင်ပြေသလို ကားပါကင်တွေမှာလည်း ရပ်နားထားနိုင်ပါတယ်။ ကားပျံမှာ အတားအဆီးတွေကို အာရုံခံနိုင်ပြီး ရှောင်လွှဲသွားနိုင်တဲ့ စနစ်လည်း ပါပါတယ်။ ဘေးအန္တရာယ်ကြုံတဲ့အခါ လေထီးနဲ့ ဆင်းသက်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။
စွမ်းအင် သုံးစွဲမှု နည်းပါးအောင် ပြုလုပ်ထားပြီး တခြား eVTOL တွေထက် ပိုနည်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီက ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။



