Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်လ်ဂျီယံအတွက် ပါဝင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ကော့တွိုက်စ် ဝန်ခံ
ဖေဖော်ဝါရီ ၂၆
ရီးရယ်လ်အသင်းဂိုးသမားကော့တွိုက်စ်ဟာ နိုင်ငံအသင်းနဲ့ ၁၈ လကြာဝေးကွာပြီးနောက် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပြန်ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။
ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၂၃ ခုနှစ်၊ဇွန်က သြစတြီးယားအသင်းနဲ့ ယူရိုခြေစစ်ပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာပါ။
ဒီနောက်ပိုင်းမှာ ကော့တွိုက်စ်ဟာ နည်းပြတီဒက်စ်ကိုနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်ခံရခြင်းမရှိတော့ပါဘူး။
ကော့တွိုက်စ်ကလည်း သူဟာ နည်းပြတီဒက်စ်ကို တာဝန်ယူနေတဲ့ အချိန်အထိ ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က နည်းပြတီဒက်စ်ကို - ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက်မှာ ကော့တွိုက်စ်က သူဟာ နိုင်ငံအသင်းအတွက် ပြန်ပါဝင်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။
ကော့တွိုက်စ်က ဘယ်လ်ဂျီယံအတွက်ကစားရတာကို အလွန်လွမ်းဆွတ် နေတယ်လို့လည်း ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံထားရတဲ့ ရူဒီဂါစီယာက ကော့တွိုက်စ်ကို ပြန်လည်ရွေးချယ် သွားမယ်လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၁ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး ၁၀၂ ပွဲပါဝင်ကစားထားတာပါ။
ဘယ်လ်ဂျီယံ အသင်းရဲ့ရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော့တွိုက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို တတိယနေရာရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် မတ်လမှာ နေးရှင်းလိဂ်ပလေးအော့ဖ်ပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
SourceailyMail
#ဘောလုံးသတင်းစုံ
ကျားဖြန့်နှိမ်နင်းမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုကို ထိခိုက်
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆
ထိုင်းအစိုးရသည် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်နေသည့် လုပ်ဆောင်မှုများ ကြောင့် နှစ်နိုင်ငံအကြား ကုန်းလမ်းမှတဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများသည် နေရာအများစုတွင် လုံးဝနီးပါး ရပ်ဆိုင်းသွားသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ထိုင်းသည် ဖေဖော်ဝါရီ ၅ ရက်မှစပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသအချို့ကို ရောင်းချနေသည့် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အင်တာနက်များကို ဖြတ်တောက်ခဲ့သည်။
ထို့ကြောင့် ထိုနယ်စပ်ဒေသများတွင် နေထိုင်သူများသည် လျှပ်စစ်ဓာတ်အားများ မရတော့ဘဲ ဒီဇယ်မီးစက်များကို အသုံးပြုခဲ့ရသည်။
ထိုင်းနယ်စပ်ရှိ ဓာတ်ဆီဆိုင် ပိုင်ရှင်တစ်ဦးဖြစ်ကမူ မြန်မာနိုင်ငံရှိ ဝယ်သူများထံမှ လောင်စာဆီ ဝယ်ယူမှုများ လျော့ကျသွားကြောင်း ပြောကြားခဲ့သည်။
“အရင်က မြန်မာနယ်စပ်မှာ နေတဲ့သူတွေက လောင်စာဆီတွေကို အရမ်းဝယ်ကြပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရ က ကျားဖြန့်တွေကို နှိမ်နင်းဖို့ လောင်စာဆီ ရောင်းချမှုတွေကို ပိတ်လိုက်တဲ့အခါမှာ ကျနော်တို့ရဲ့ စျေးကွက်လည်း ကျဆင်းသွားပါတယ်” ဟု ဓာတ်ဆီဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သည့် ပရာဆတ် ဂျူအန်ကစ်ထရွန်ရော့ဂျ် (Prasert Juangkitroongroj) ပြောသည်။
ကျားဖြန့်ဂိုဏ်းများသည် ထိုင်းနိုင်ငံမှ အခြေခံကုန်စည်များကို ရယူရန်အတွက် နယ်စပ်ဒေသကို ထိန်းချုပ်ထား သဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ထိခိုက်စေခဲ့သည်ဟု ထိုင်းလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ရန်စီမန်ရိုမီ (Rangsiman Rome) က ပြောကြားခဲ့သည်။
ကျားဖြန့်ဂိုဏ်းများနှင့် နယ်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ၌ မီးစက်များ မောင်းရန်အတွက် လောင်စာဆီမှာ မလုံလောက်တော့သဖြင့် ထောက်ပံ့ရေး ကွင်းဆက်များကိုလည်း ကြီးမားစွာ သက်ရောက် စေခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ ကုန်စည်စီးဆင်းမှုများ လျော့ကျလာသဖြင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ ပြုလုပ်နေသည့် ရောင်းသူများနှင့် ဝယ်သူများအပေါ် မှီခိုနေရသော စီးပွားရေးလုပ်ငန်းများသည် အနည်းငယ်တန့်သွားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်များကို နှိမ်နင်းနေသည့် ထိုင်းအစိုးရ၏ စီမံချက်များသည် ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို မရည်ရွယ်ဘဲ ထိခိုက်စေခဲ့သည်ဟုလည်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
ပုံ - ထိုင်း-မြန်မာနယ်စပ်တစ်နေရာကိုတွေ့ရစဉ်
#centralnewsnaypyitaw
ဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေ
ဖေဖော်ဝါရီ ၂၆
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေသလို ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းနဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို လက်ရှိအချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ဆင်ရေး သုံးလကျော်ကာလအတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကို ချင်းညီနောင် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်ရှိမှာ နစကရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၈) ဌာနချုပ်တခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
“အခုက ဖလမ်းမြို့ရဲ့ နောက်ဆုံး ခံစစ်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တခုပဲ ကျန်တော့တယ်လို့ သိရတယ်။ အဲဒီစခန်းကို ရရင်တော့ ဖလမ်းကို ရပြီပေါ့။ လက်ရှိအခြေအနေကတော့ ထိုးစစ်ဆင်နေတုန်းပဲ။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာ။ နစကဘက်က လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အများကြီး ဖြည့်တင်းပြီး ခုခံနေတော့ တိုက်ပွဲက ထင်ထားတာထက် ပိုပြီး ပြင်းထန်နေတယ်။ လေကြောင်း တိုက်ခိုက်မှု၊ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ဖလမ်းမြို့နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ချင်းညီနောင်တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ဟားခါးမြို့နယ်၊ ဟာသာကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဖေဖော်ဝါရီလ ၂၃ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
“ကျေးရွာဒေသခံတွေက ကလေး - ဂန့်ဂေါကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် နှစ်ပတ်လောက် စစ်ဘေး ရှောင်နေကြတာ။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကမှ ကိုယ့်ရွာကိုယ် ပြန်နေကြတာ။ ပြန်နေပြီး တရက်ပဲခြားတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်တာ။ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဟာသာကျေးရွာဟာ ဟားခါးမြို့နဲ့ မိုင် ၇၀ ခန့် ကွာဝေးပြီး အိမ်ခြေ ငါးဆယ်ခန့်နဲ့ လူဦးရေ ၃၅၀ ၀န်းကျင် နေထိုင်တယ်လို့ သိရပါတယ်။
AA နဲ့ မဟာမိတ်ပြုလုပ်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ချင်းညီနောင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်ထဲက မတူပီ၊ ကျင်ဒွေး၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
- ငုံးဥပဲငံပြာရည်စိမ် လုပ်စားဖြစ်တဲ့အကြောင်းလေး တင်ပေးလိုက်ပါတယ်.....။
- ငုံးဥကို ဆားလေးထည့်ပြုတ်တယ် ။ ( အခွံခွါရလွယ်အောင် )
- ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူကို ပါးပါးလှီး.....
- ခွက်အလွတ်တစ်ခုထဲကို ပဲငံပြာရည်အကြည် / ရေနွေးနည်းနည်းရော
အခွံနွှာထားတဲ့ ငုံးဥတွေထည့် ၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် ၊
နှမ်းဆီးမွေး ၊ နှမ်းစေ့ထည့်ပြီးရင် အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ
ထည့်ပြီး ၅ ရက်လောက်နေရင် စားလို့ရပါပြီ.....။
- ခေါက်ဆွဲနဲ့ပဲစားစား ၊ သုပ်ပဲစားစား အရမ်းအရသာကောင်းတဲ့ ငုံးဥပဲငံပြာရည်
စိမ်လေး ရပါပြီ....။
# ငုံးဥပဲငံပြာရည်စိမ်
#crd
- ငုံးဥပဲငံပြာရည်စိမ် လုပ်စားဖြစ်တဲ့အကြောင်းလေး တင်ပေးလိုက်ပါတယ်.....။
- ငုံးဥကို ဆားလေးထည့်ပြုတ်တယ် ။ ( အခွံခွါရလွယ်အောင် )
- ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူကို ပါးပါးလှီး.....
- ခွက်အလွတ်တစ်ခုထဲကို ပဲငံပြာရည်အကြည် / ရေနွေးနည်းနည်းရော
အခွံနွှာထားတဲ့ ငုံးဥတွေထည့် ၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် ၊
နှမ်းဆီးမွေး ၊ နှမ်းစေ့ထည့်ပြီးရင် အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ
ထည့်ပြီး ၅ ရက်လောက်နေရင် စားလို့ရပါပြီ.....။
- ခေါက်ဆွဲနဲ့ပဲစားစား ၊ သုပ်ပဲစားစား အရမ်းအရသာကောင်းတဲ့ ငုံးဥပဲငံပြာရည်
စိမ်လေး ရပါပြီ....။
# ငုံးဥပဲငံပြာရည်စိမ်
#crd
- ငုံးဥပဲငံပြာရည်စိမ် လုပ်စားဖြစ်တဲ့အကြောင်းလေး တင်ပေးလိုက်ပါတယ်.....။
- ငုံးဥကို ဆားလေးထည့်ပြုတ်တယ် ။ ( အခွံခွါရလွယ်အောင် )
- ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူကို ပါးပါးလှီး.....
- ခွက်အလွတ်တစ်ခုထဲကို ပဲငံပြာရည်အကြည် / ရေနွေးနည်းနည်းရော
အခွံနွှာထားတဲ့ ငုံးဥတွေထည့် ၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် ၊
နှမ်းဆီးမွေး ၊ နှမ်းစေ့ထည့်ပြီးရင် အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ
ထည့်ပြီး ၅ ရက်လောက်နေရင် စားလို့ရပါပြီ.....။
- ခေါက်ဆွဲနဲ့ပဲစားစား ၊ သုပ်ပဲစားစား အရမ်းအရသာကောင်းတဲ့ ငုံးဥပဲငံပြာရည်
စိမ်လေး ရပါပြီ....။
# ငုံးဥပဲငံပြာရည်စိမ်
#crd