မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

image

မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

image

မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

image

မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

image

မြန်မာပြည်မှာ ဒီလိုလှပတဲ့ ကမ်းခြေတွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ မလာတော့တာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခုပဲ။ 😞
#photocredit_orginalphotographers

imageimage
+6
8 w - Translate

နည်းပညာတိုးတက်မှုတွေဟာ လူ့ဘဝနဲ့ လူ့အဖွဲ့အစည်းကို များစွာ အထောက်အကူပြုပြီးတော့၊ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ဟိုးအရင်တုန်းက ၂၀၀၀ ခုနှစ်ကာလကဆို ကျွန်တော်တို့မှာ TV ဝယ်နိုင်တဲ့လူ DVD စက်ဝယ်နိုင်တဲ့လူဆိုတာခပ်ရှားရှားရယ်ပါ။ဖုန်းဆိုလဲ PCO နဲ့ပဲဆက်ရတယ်။အခုခေတ်ကျ ဖုန်းတစ်လုံးနဲ့တင် အကုန်လုံးကိုလုပ်လို့ရနေပြီ။ ပထမဆုံးပြောချင်တာကတော့ အင်တာနက်နည်းပညာကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေနဲ့ ချက်ချင်းဆက်သွယ်နိုင်ပြီး၊ ဆိုရှယ်မီဒီယာ၊ ဗီဒီယိုကော်လ်တွေ၊ မက်ဆေ့ချ်ပို့ခြင်းတို့ကြောင့် ဆက်သွယ်ရေးဟာ လွယ်ကူပြီး မြန်ဆန်လာပါတယ်။ ဒါကြောင့်နေ့ချင်းညချင်း ကမ္ဘာအရပ်ရပ်ကသတင်းတွေကို သိနိုင်လာတယ်။ ပညာရေးတိုးတက်မှုအနေနဲ့ကလည်း Covid-19 ကာလမှာ အွန်လိုင်းပညာရေး (E-learning) ကြောင့် ကျောင်းသားတွေလူငယ်တွေဟာ အိမ်မှာနေရင်းနဲ့ ပညာသင်ယူနိုင်ပြီးတော့၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ အွန်လိုင်းသင်ခန်းစာတွေ၊ နဲ့ Youtube ကတွေကြောင့် ပညာရေးကို လွယ်ကူလွယ်ကူကူပဲ လက်လှမ်းမီနိုင်တာကိုတွေ့ရတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတိုးတက်မှုကြောင့် ရောဂါရှာဖွေကုသမှုတွေ ပိုမိုတိကျမြန်ဆန်လာပြီး၊ အွန်လိုင်းဆေးခန်းများ (Telemedicine) ပေါ်လာတာကြောင့် အိမ်ကမသွားနိုင်တဲ့ လူနာတွေက အိမ်မှာနေရင်းနဲ့ ဆရာဝန်နဲ့ တိုင်ပင်နိုင်တယ်။ ဆေးဝါးထုတ်လုပ်မှုနဲ့ ဒီ ကာကွယ်ဆေးများတိုးတက်လာမှုကြောင့် ရောဂါတွေကို ကာကွယ်လာနိုင်တယ်။ စီးပွားရေးတိုးတက်မှုအနေနဲ့ကြည့်ရင်လည်း အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး (E-commerce) ကြောင့် လုပ်ငန်းရှင်တွေဟာ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို ရောင်းချနိုင်တဲ့ Digital Market ကြီးဖြစ်လာပြီးတော့ လူတိုင်းကကိုယ့်ပစ္စည်းကိုယ်လွတါလွတ်လပ်လပ်ရောင်းဝယ်လာနိုင်ကြတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (Digital Payment) ကြောင့် ငွေကြေးကိုလွယ်ကူစွာ ၁မိနစ်အတွင်းအပြီး လွှဲပြောင်းနိုင်ပါတယ်။ စက်ရုပ်နည်းပညာ (Robotics) နဲ့ ဉာဏ်ရည်တုနည်းပညာ (AI) တို့ကြောင့်ထုတ်လုပ်မှုလုပ်ငန်းတွေ ပိုမိုထိရောက်လာပါတယ်။

လူနေမှုအဆင့်အတန်းမြင့်မားမှုအနေနဲ့တော့ စမတ်အိမ်များ (Smart Homes) ကြောင့် လူတွေဟာ အိမ်ကို အလိုအလျောက် ထိန်းချုပ်နိုင်ပြီး၊ စွမ်းအင်ထိရောက်မှု (Energy Efficiency)၊Solar နည်းပညာတွေကြောင့် လျှပ်စစ်စွမ်းအင်ကိုပိုမိုချွေတာသုံးလာနိုင်တယ်။ သယ်ယူပို့ဆောင်ရေးနည်းပညာတွေကြောင့် ခရီးသွားလာရတာ ပိုမိုလွယ်ကူလာပါတယ်။ Tesla လိုလျှပ်စစ်ကားတွေကြောင့်လေထုညစ်ညမ်းမှုကိုအတော်လေးလျှော့ချလာနိုင်တယ်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအနေနဲ့ ကတော့ စွန့်ပစ်ပစ္စည်းတွေဘယ်လိုပြန်အသုံးပြုမလဲဆိုတာကိုနည်းလမ်းတွေထွက်ပေါ်လာပါတယ်။ကမ္ဘာကျော် လူ့အသုံးဆေင်ကုမ္မဏီဖြစ်တဲ့ Adidas ကတော့ ဒီနည်းပညာတွေကိုအသုံးပြုတာကိုတွေ့ရပါတယ်။Laptop ရှိရုံ Internet ရှိရုံနဲ့ သွားစရာမလိုပဲ ဗီဒီယိုကွန်ဖရင့်နဲ့ အွန်လိုင်းအစည်းအဝေးတွေကိုဆွေးနွေးနိုင်တယ်။
တိုးတက်လာမှုတွေကတော့အများအပြားပါပဲ။ဒါပေမယ့် တိုးတက်မှုရဲ့အခြားတစ်ဖက် ကလည်းဆိုးရွားမှုရှိပါတယ်။ဥပမာ-အွန်လိုင်းလောင်းကစားတွေ၊ပိုက်ဆံတွေလိမ်လည်တာတွေ၊Scam လုပ်တာတွေကတော့ နည်းပညာတိုးတက်မှုရဲ့အခြားတစ်ဖက်ခြမ်းတွေဖြစ်ပါတယ်။

နည်းပညာတိုးတက်မှုဟာ လူ့ဘဝကို အများကြီး အထောက်အကူပြုပြီး၊ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူသက်သာစေပါတယ်။ ဒါပေမယ့်၊ နည်းပညာကို မှန်ကန်စွာ အသုံးပြုဖို့လည်း အရေးကြီးပါတယ်။

#admin-m
#myspaceofficial

image

တွင်းထွက်ဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်းရရှိ

ကိဗ်ယက်၊ ဖေဖော်ဝါရီ ၂၆

ယူကရိန်းနဲ့ အမေရိကန်တို့အကြား အဓိကတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုလိုက်ပါတယ်။

ကောင်းမွန်တဲ့ ပြင်ဆင်ချက်အများအပြားကို သဘောတူခဲ့ပြီး ဒါဟာ အပြုသဘောဆောင်တဲ့ ရလဒ်လို့ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူက ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းသဘာ၀ရင်းမြစ်တွေကို အသုံးချခြင်းကနေ ဒေါ်လာ ၅၀၀ ဘီလီယံထိ ကနဦးတောင်းဆိုမှုကို လျှော့ချခဲ့ပေမယ့် ယူကရိန်းရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ လုံခြုံရေးအာမခံချက်ကိုတော့ မပေးသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အပြန်အလှန်ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ ဇီလန်စကီးကို ထရန့်က အာဏာရှင်လို့ သမုတ်ခဲ့ပြီး ယူကရိန်းသမ္မတကတော့ ထရန့်ဟာ ရုရှားရဲ့ မဟုတ်မမှန်သတင်းစာကားတွေထဲမှာ ပိတ်မိနေပြီးစစ်ပွဲစတာ ယူကရိန်းကို အပြစ်ဖို့နေတယ်လို့ ဝေဖန်ပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၃၀၀ ဘီလီယံနဲ့ ၃၅၀ ဘီလီယံထိ ထောက်ပံ့ပေးခဲ့တယ်လို့ ထရန့်ကဆိုပါတယ်။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဒီငွေတွေကို ပြန်လိုချင်တယ်လို့ ပြောပါတယ်။ဒီအတွက် ယူကရိန်းတွင်းထွက်တွေကို အသုံးချပိုင်ခွင့်အတွက် တွန်းအားပေးနေတာပါ။

လက်ရှိမှာတော့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဟာ ယခုသီတင်းပတ်အတွင်းမှာ ဝါရှင်တန်ကို သွားဖို့ရှိနေပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲဟာ အမေရိကန်ရဲ့ ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းတွေမပါဘဲ အချိန်တိုအတွင်းအဆုံးသတ်လိမ့်မယ်လို့ ပြောပါတယ်။

Ref:BBC
Photo:Bloomberg

#သတင်းဟင်းလေးအိုးကြီး

image
8 w - Translate

realme ကနေ One Ultra Thing ဆိုပြီး သူတို့ရဲ့ အသစ်မိတ်ဆက်မယ့် Ultra ဖုန်းကို ပြထားပါတယ်။

ကျောဘက်ဒီဇိုင်းအရ dual-tone ပုံစံကိုတွေ့ရပြီး ကင်မရာဝိုင်းကတော့ အကြီးကြီးပါပဲ။ innovation အသစ်တွေကိုထည့်ထားမယ်လို့ realme ဘက်ကပြောထားပြီး 2023 ကမိတ်ဆက်ထားတဲ့ 300W fast charging စနစ်ကို တွေ့ရနိုင်ပါတယ်။

ဒီဖုန်းကို လာမယ့် မတ်လဆန်းမှာ ကျင်းပမယ့် MWC 2025 မှာ ‌ကြေငြာမယ်လို့ သိရပါတယ်။

image
8 w - Translate

AMOLED display နဲ့ မြန်မာငွေ ၁ သိန်းတောင် မရှိတဲ့ စမတ်နာရီ
brand မကြည့်ဘဲ ဘတ်ဂျက်နာရီပတ်ချင်ရင် ဒီကောင်လေး မဆိုးဘူး။
Bluetooth နဲ့ ဖုန်းခေါ်လို့ ရမယ် ၊ အခြေခံကျန်းမာရေး fitness tracking လည်း လုပ်ရမယ်။ ဘက်ထရီလည်း အားခံမယ်။ ကျန်းမာရေးလိုက်စားတဲ့ လူကြီးတွေနဲ့ ပိုအဆင်ပြေမယ့် စမတ်နာရီမျိုးပေါ့။
ဒီနာရီတွေက အိန္ဒိယထုတ်တွေပါ။ boAT ဆိုတဲ့ ကုမ္ပဏီက ထုတ်ပါတယ်။ Ultima Prime နဲ့ Ultima Ember ဆိုပြီး အဝိုင်းနဲ့ လေးထောင့်ဖက်ရှင်နှစ်မျိုးနဲ့ ထွက်ပြီး မော်ဒယ်နှစ်မျိုးလုံးက ၁၈၉၉ ရူပီး (မြန်မာငွေ ၉ သောင်းခွဲလောက်) ပဲ ရှိပါတယ်။
နာရီအိုးအဝိုင်းနဲ့ လာတဲ့ Ultima Prime က ၁.၄၃ လက်မ AMOLED AOD display နဲ့လာပြီး brightness nit 700 ထွက်ပါတယ်။ နာရီအိမ်ဘေးမှာ navigation အတွက် နာရီသော့သီး crown ထည့်ပေးထားပြီး လက်မြောက်လာတာနဲ့ notis တွေ ပြပေးမယ့် Wake Gesture လည်း ပါပါမယ်။
Ultima Ember က လေးထောင့်အိုးနဲ့လာပြီး screen ပိုကြီးသလို brightness လည်း နည်းနည်းပိုများပါတယ်။ Always-On AMOLED Display ကိုပဲ သုံးထားပြီး ၁.၉၆ လက်မ ၊ 800 nits brightness နဲ့ လာတာမို့ပါ။ ဘက်ထရီမှာလည်း Prime က ၅ ရက်အထိ ခံပေမယ့် Ember က ၁၅ ရက်အထိ battery life ရတယ်လို့ ဆိုပါတယ်။
သူလည်း contact ၂၀ စာအတွက် Bluetooth ဖုန်းခေါ်စနစ် ပါပြီး နှလုံးခုန်တိုင်းတာ ၊ သွေးတွင်းအောက်ဆီဂျင် SpO2 စစ်တာ ၊ အိပ်စက်မှု နဲ့ စိတ်ဖိစီးမှုအခြေအနေ စောင့်ကြည့်တာလိုမျိုး ကျန်းမာရေးစနစ်တွေ ပါပါတယ်။ နောက်ပြီး အားကစားလုပ်သူတွေအတွက် sports modes နဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်း tracking တွေ ထည့်ပေးထားမှာပါ။
ဒီနာရီတွေက IP68 rating ပါတာဖြစ်လို့ ရေတို့ ဖုန်တို့ ကြောက်စရာမလိုပါဘူး။ နောက်ပြီး နာရီအိမ် watch face ကိုလည်း စိတ်ကြိုက်ပြောင်းလို့ရပြီး warranty လည်း တစ်နှစ် ပေးထားတယ်လို့ ဆိုပါတယ်။
အရောင် ၆ မျိုးနဲ့ လာပြီး လောလောဆယ်တော့ အိန္ဒိယဈေးကွက်မှာပဲ ရောင်းနေတာ တွေ့ရပါတယ်။

image
8 w - Translate

ကညွတ်စိုက်ပျိုးနည်း

မြန်မာနိုင်ငံတွင် ထင်ရှားကျယ်ပြန့်စွာ စိုက်ပျိုးလာသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်သည်။

အများအားဖြင့် ကြော်ချက်၍ စားသုံးကြသည်။ တချို့က ဆေးဝါးအဖြစ် စားသုံးကြသည်။ သမပိုင်းရာသီဥတုကို နှစ်သက်သည်။

မြေအမျိုးအစား
==== 🌱 ====
မြေသြဇာထက်သန်ပြီး အစိုဓာတ်ရှိသော သဲနုန်းမြေသည် ကညွတ်စိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင် စိုက်ပါက စည်သွပ်ကညွတ်အတွက် အကောင်းဆုံးဖြစ်သည်။ ကညွတ်စိုက်မည့် မြေတွင် ပဲမျိုးရင်းဝင်အပင်များ စိုက်ပြီး ပန်းမပွင့်မီ ထယ်ထိုးခြင်းဖြင့် သစ်စိမ်းမြေသြဇာအဖြစ် မြေတွင်းအာဟာရ ဓာတ်ရစေသဖြင့် ကညွတ်ပင်ကြီးထွား ဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်စေသည်။

စိုက်ပျိုးခြင်း
==== 🌱 ====
(က) မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်း မျိုးစေ့စိုက်လျှင် တစ်ပင်နှင့်တစ်ပင် တစ်လက်မမှ ၁ ဒသမ ၅ လက်မခြား၍ တစ်တန်းနှင့် တစ်တန်း တစ်ပေခန့်အထိထား၍ ပျိုးထောင်ရမည်။ တစ်ဧကအတွက် မျိုးစေ့လေးပေါင်(နှစ်ကီလိုဂရမ်ခန့်) လိုပါသည်။ မျိုးစေ့ချပြီး နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် အပင်ပေါက်သည်။ မျိုးစေ့ကို သုံးရက်မှ လေးရက်ကြာအောင် ရေစိမ်စိုက်ပါ။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ အပင်ပေါက်ပြီး တစ်လသားအရွယ် အပင်များကို(၅x၆) လက်မ ပလတ်စတစ်အိတ်တွင် ရွှေ့ပြောင်းစိုက်ပါ။ လေးလသားအရွယ် အပင် များ ခြောက်လက်မမှ ရှစ်လက်မရှိလျှင် ရွှေ့ပြောင်းစိုက်ပါ။

(ခ) ဥကိုဖဲ့၍ စိုက်ပျိုးခြင်း မေ၊ ဇွန်တွင် စတင်စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း သုံးပေမှ ခြောက်ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေမှ ၁ ဒသမ ၅ ပေအထိ အကွာအဝေးထား၍ စိုက်နိုင်သည်။ ကျင်းကို ရှစ်လက်မအထိတူး၍ စိုက်နိုင်သည်။

အပင်ပြုစုနည်း
==== 🌱 ====
ပေါင်းမြက်ကို အခါအားလျော်စွာ ရှင်းပေးပြီး မိုးမကျမီ တစ်ပတ်အလိုတွင် မြေပေါ်အပင်များကိုခုတ်၍ မီးရှို့ပါ။ နွားချေးဆွေး၊ မြေဆွေးများ ထည့်ပြီး မိုးဦးကျလာသည်နှင့် အစို့များ ထွက်လာမည်။ ကညွတ် တစ်နှစ်မှ နှစ်နှစ်သားတွင် အပင်များအကြား၌ ပဲမျိုးရင်းဝင် အပင်များ စိုက်နိုင်သည်။

ရိတ်သိမ်းခြင်း
==== 🌱 ====
ကညွတ်အစို့များကိုစိုက်ပြီး နှစ်နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်သည်။ အပင်သက်ခုနစ်နှစ်အထိ အထွက် တိုးသည်။ လေးနှစ်မှ ၁၀ နှစ်သားတွင် အရည်အသွေးကောင်းသော ကညွတ်များ ရနိုင်သည်။ တစ်ဧကလျှင် ပိဿာ (၃၀၀-၅၀၀) ထွက်နိုင်ပါသည်။ ဘောင်များ ကို မြေတောင်မြှောက်ပေးခြင်းဖြင့် နူးညံ့ပြီး ကြီးထွားသော အစို့များကို ရနိုင်ပါသည်။

#greengarden

image