အောက်ဆီဂျင် ပြတ်သွားမယ့် ကမ္ဘာကြီး
======================
Elon Musk က ကမ္ဘာကြီးဟာ အနာဂတ်မှာ ပျက်ဆီးသွားနိုင်တယ်လို့ ထင်မြင်ယူဆထားပါတယ်။ အဲဒီအတွက် သူဟာ လူသားတွေ အခြေချနေထိုင်နိုင်တဲ့ ဂြိုလ်တွေကို အာကာသမှာ ရှာဖွေနေပါတယ်။
သူ့ရဲ့ ထင်မြင်ချက်ဟာ မှန်ကန်နိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို Toho တက္ကသိုလ်နဲ့ နာဆာမှ သိပ္ပံပညာရှင်တွေရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ပညာရှင်တွေက အပူချိန် မြင့်မားလာမှုနဲ့ CO2 Level ကျဆင်းလာမှုကြောင့် နောက်နှစ်ပေါင်း ၁.၀၈ ဘီလီယမ်လောက်မှာ ကမ္ဘာကြီးရဲ့ အောက်ဆီဂျင် Level ဟာ အလွန်အမင်း ကျဆင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း သစ်ပင်တွေ ေ-သဆုံးသွားမှာ ဖြစ်ပြီး အောက်ဆီဂျင် မရတဲ့အတွက် သက်ရှိတွေ မျိုးတုန်းသွားမှာ ဖြစ်ပါတယ်။
“ ကမ္ဘာကြီးမှာ အောက်ဆီဂျင် ဟာ အလွန့် အလွန်ကို ကျဆင်းနေပါတယ်။ ဒီနေ့မှာ ရနေတဲ့ အောက်ဆီဂျင်ထက် အဆပေါင်း ၁ သန်းလောက် ကျဆင်းသွားမှာကို ဆိုလိုတာပါ။ “ လို့ ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ကမ္ဘာမြေ သိပ္ပံပညာရှင် Chris Reinhard က ပြောပါတယ်။
အရင်ကလည်း သိပ္ပံပညာရှင်တွေက နေရောင်ခြည် အဆမတန် ပြင်းထန်လာတာကြောင့် နှစ်ပေါင်း ၂ ဘီလီယမ်အတွင်း ပင်လယ်ရေတွေ ခမ်းခြောက်သွားမယ်လို့ ယူဆထားပါတယ်။ အဲဒီမတိုင်ခင် အောက်ဆီဂျင် အရင်ပြတ်သွားမယ်လို့ ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။
