Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part_3
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ
ထိုစာ ကျွန်တော်၏ အောင်မြင်ရေးဖော်မြူလာထဲမှ ကျန်တစ်ခုမှာ မိမိ အကြောင်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းရှိရန်ဖြစ်သည်။ အခြားသူများ နှင့် စကားပြောသည့်အခါ မိမိနှင့်ပတ်သက်၍ ပွင့်လင်းမှုရှိရမည်။ ကျွန်တော် ပထမဆုံး အသံလွှင့်သည့်နေ့က ကျွန်တော် ကြောက်လန့်နေကြောင်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြသကဲ့သို့ ဖြစ်သည်။ ဤကိစ္စနှင့် ပတ် သက်၍ လိုက်နာရမည့် “ကိုယ်မကြိုက်သည့်အရာကို အခြားသူများကို မလုပ်ပါနှင့်” ဟူသည့် ရွှေစည်းမျဉ်းသည် စကားပြောသည့် ကိစ္စနှင့်လည်း ပတ်သက်သည်။ မိမိ၏ စကားပြောဖက်များက မိမိအပေါ် ရိုးသားမှု ပွင့်လင်း မှုရှိစေချင်သကဲ့သို့ မိမိကလည်း သူတို့အပေါ် ရိုးသားမှု၊ ပွင့်လင်းမှုရှိရန် လိုအပ်သည်။
ထိုသို့ဆိုသဖြင့် မိမိအကြောင်း အစစအရာရာ ပြောပြရန်၊ ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်များ ထုတ်ဖော်ရန် မဆိုလိုပေ။ သင့်အိမ်နီးချင်း၏ အသည်းထဲက ကျောက်အကြောင်း သင်ကြားချင်ပါသလား။ သင့်လုပ်ဖော် ကိုင်ဖက်၏ သူ့ယောက္ခမနှင့် ရုံးပိတ်ရက်တွေ့ ဆုံမှုကို သင်စိတ်ဝင်စားပါ သလား။ စိတ်ဝင်စားမည် မဟုတ်ပေ။ သူတို့စိတ်ဝင်စားစရာ မဟုတ်သည့် သင်၏ ကိစ္စမျိုးကို စကားပြောရာ၌ အသုံးမပြုပါနှင့်။
တစ်ချိန်တည်း၌ပင် အခြားသူတစ်ယောက်ထံမှ သင်သိချင်သည့် ကိစ္စ မျိုးကို ထုတ်ဖော်ပြောလိုစိတ် ရှိရမည်။ သင်၏ နောက်ခံသမိုင်း၊ သင်၏ ကြိုက်နှစ်သက်မှု၊ သင်၏ဝါသနာ၊ သင်မကြိုက်သောအရာများတို့ကို ပြော ခြင်းဖြင့် စကားပြောဆိုရာတွင် အပေးအယူသဘောမျိုး ဆောင်သွားသည်။ ဤနည်းအားဖြင့် လူတွေအကြောင်းကို ကျွန်တော်တို့သိနိုင်သည်။
ဖီလ်ဘင်နှင့် ဂစ်ဖို့တို့သည် သူတို့၏ ဧည့်သည်များကို ဧည့်ခံစကား ပြောရာ၌ ပွင့်လင်းမှုရှိသည့် စံပြများဖြစ်ကြသည်။ အခန်းထဲသို့ သက်သောင့် သက်သာ သဘာဝကျကျ ဝင်လာသည်။ သူတို့အကြောင်းနှင့် ပတ်သက်၍ ဇာတ်လမ်းများထုတ်ဖော်ရန် ဝန်မလေးပေ။ ပြောဆိုမည့် အကြောင်းအရာကို အာရုံစိုက်မနေဘဲ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် နေကြသည်။ တစ်စုံတစ်ခုကို ဖုံးကွယ်ရန်ကြိုးစားခြင်း မပြုကြပေ။ သူတို့၏ ဇာတ်လမ်း ကသော်လည်းကောင်း၊ ဧည့်သည်တို့ကသော်လည်းကောင်း စိတ်လှုပ်ရှား စရာ တစ်ခုခုဖြစ်အောင်လုပ်လျှင် စိတ်လှုပ်ရှားကြောင်းကိုလည်း ထုတ်ဖော် ပြသရန် မရှက်မကြောက်ကြပေ။ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခုနှင့် ပတ်သက် ၍ စိတ်လှုပ်ရှားခြင်းသည် မှားယွင်းမှုမရှိဟု လက်ခံထားသည်။ ဝမ်းနည်း စရာကိစ္စ၊ ကြောက်စရာကိစ္စ၊ ဧည့်သည်တို့ပြောသည့် မည်သည့်ကိစ္စမဆို စိတ်ရောကိုယ်ပါ ခံစားကြရသည်။ စတူဒီယိုထဲ၌ ရှိနေသည့် ပရိသတ်များ၊ အိမ်၌ရှိနေသည့် ပရိသတ်များကလည်း ထိုကိစ္စကိုမြင်ပြီး ပွင့်လင်းမှု၊ မလိမ် မညာမှုတို့ကို နားလည်လက်ခံကြသည်။
#ဆက်ရန်ရှိ
မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို တင်ဆက်ပေးလိုက်ပါတယ်။
မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့... Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။
ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။
ကလေးတစ်ယောက်ကို "မင်းကြီးလာရင် ဘာလုပ္မလဲ"လို မေးကြည့်တဲ့အခါ တစ်ချိုက ဆရာဝန် ၊ တစ်ချိုက ရဲသား ၊ တစ်ချိုက ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။
တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို မေးကြည့်ရင် "အိမ်ကောင်းကောင်း တစ္လုံး လိုချင်တယ်" ၊ "ကားကောင်းကောင်း စီးချင်တယ်" ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။
ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ....?
ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချိုကို ကောက်နှုတ်ပြလိုက်တာပါ။
အိန္ဒိယနိုင်ငံဟာ ပညာရေးနဲ့ပက်သက်ပြီး ထောက်ပြတဲ့ ဇာတ်ကားတွေကို ဖန္တီးရာမွာ မတူညီတဲ့ ရှုထောင့် ၊ မတူညီတဲ့ အမြင်တွေနဲ့ ပရိတ်သတ္ကို အသိအမြင်တွေ ပေးစွမ်းနိုင်တယ်ဆိုတာ ငြင်းလိုမရပါဘူး။
ပိုစတာနဲ့ ထွေလာအရဆိုရင် ဒီကားကို စူပါဟီးရိုး(လူစွမ်းကောင်း)ဇာတ်ကားလို ထင်ချင်စရာပါပဲ။
တကယ်တမ်းတော့ ဒီကားက လက်တွေ့ဘဝတွေထဲမှာ လူစွမ်းကောင်း (သူရဲကောင်း)ဖြစ်အောင် ဘယ်လိုနေထိုင် ရှင်သန်သွားရမလဲဆိုတာကို ပြပေးတဲ့ကားပါ။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။
ပညာရေးနယ်ပယ်ထဲမှာရှိတဲ့ အနိဌာရုံ ဖြစ်ရပ်ဆိုးတွေ ၊ ပညာရေးကို အသုံးချပြီး စီးပွားရှာနေသူတွေ ၊ တော်လွန်းတဲ့သူတွေ
ပါရမီရှိသူတွေကို တက်နင်းပြီး ဖိနှိပ်အမြတ်ထုတ်တာတွေ အများကြီးကို ရိုက်ပြထားတာပါ။
ပညာရေးနယ်ပယ်ကို ကြည့်လိုက်ရင် ကိုယ်ထူကိုယ်ထကျောင်းတွေ မ်ားလာသလို ကိုယ်ပိုင် ကျောင်းတွေလည်း များလာတယ်။
ကိုယ်ပိုင်ကျောင်းတွေဟာ ကျောင်းသားလူငယ်တွေကို အမဲဖျက်စားသောက်ပြီး စီးပွားရေးဖက်ကို ဦးတည်လာတယ်။
ဒီလို ပညာရေးအမည်ခံ ကိုယ်ပိုင်ကျောင်း စီးပွားရေးသမားတွေလက်ထဲ အနာဂတ်ကလေးတွေရဲ့ ကိုယ်ပိုင်ကြံဆမှုတွေ ပျောက်ပျက်လာတယ်။
ဒါတွေဟာ အိန္ဒိယနိုင်ငံရဲ့ မျက်မှောက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ လုပ်ရပ်ဆိုးတွေဆိုရင် မမွားဘူး။
ဒါကို မီးမောင်းထိုးပြဖို လိုက်တဲ့အခါမှာ
#crd
#storymode